
``မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့် ထံပေးသောစာ
ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ…?
(အောင်လံမြို့နှင့် သရက်မြို့များတွင်ဖြန့်ဝေဟု သိရ)´´
မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်(အောင်လံ) က မကွေးမြို့ရောက်စဉ် အောက်တိုဘာ(၁၅)ရက် နေ့ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒခံယူရန် ဟောပြောပွဲဖြစ်မြောက်ရေးတိုင်း/ခရိုင်အစည်းအဝေးမကျင်းပခင်မှာ အောင်လံမြို့နှင့် သရက်မြို့များတွင် ၂၀၁၃ ခုနှစ်အတွင်း (NLDပါတီဝင်အချို့ မကောင်းကြောင်း) NLD ပါတီကို မလိုလားကြသူလူတစ်စုမှ သရက်ခရိုင်မြို့နှင့်အောင်လံမြို့လူထုထံသို့ စာတစ်ဆောင်ဖြန့်ဝေသည်ဆို၏။ ထိုစာကို အစည်းအဝေးတက်ရောက်လာသော NLDပါတီအဖွဲ့ဝင်များ သို့ဖတ်ကြားပြသည်။ (ကျွန်တော်တို့ပါတီကို ဘယ်သူတွေက ဘာတွေပဲပြောပြော ရစရာမရှိအောင်ဆိုနေကြလဲ ကျွန်တော်ကတော့ နိုင်ငံရေးသမားပီပီ အရေထူနေပါပြီဗျာ..။) ဟု ရယ်မောစွာပြောဆို၍ ၎င်းစာကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး သတင်းရယူခဲ့ပါသည်။

သို့/
ရဲဘော်ကြီး
မင်းသိတဲ့ အောင်လံNLD မှာ….
ရိုက်စား၊ ဖြတ်စား၊ သူတောင်းသားပါတီဝင်တွေရှိတယ်။
မိုးပြော၊ ဂျိုးပြော၊ ရိုက်စား လူလိမ် ဆိုက်က္ကားသမားပါတီဝင်အချို့ရှိတယ်။
မိုးကျ ရွှေကိုယ် ဒီမိုကရေစီအရေခြုံတွေရှိတယ်။
စကားတစ်လုံးကို အများဆုံးဘုံးပြောတတ်သူတွေရှိတယ်။
အောင်လံမြို့ရဲ့ ဂုဏ်ဒြပ်ပြည့်တဲ့ (မစင်စား)…အဲ ပင်စင်စားကြီးတွေရှိတယ်။
လိမ်တတ်၊ ညာတတ်၊ ပညာစုံတတ်တဲ့ (မစင်စား)ကြီးတွေပါတယ်။
ပါတီတွင်းနေရာလု တပြည့်မွေး၊ ဆရာကြီးတွေရှိတယ်။
ဘာမျှမသိတဲ့ ဟောင်ခွေး ယောင်ခွေး နောက်လိုက်ခွေးတွေရှိတယ်။
ဟို့ကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်တဲ့ အချောင်သမားခရိုနီတွေရှိတယ်။
ဇီးရိုးပရောင်းပါဆိုပြီး ဥက္ကဋ္ဌနေရာ ပါတီဝင်ထုမဲမရွေးဘဲ ပြောင်နေရာယူသူတွေရှိတယ်။
ပါတီတောင်မ၀င်ရသေး ပါတီဝင်ကော်မတီလူကြီး ဗြောင်ဝင်လုပ်တယ်။
တစ်သက်လုံး စက်ရုံ ဆေးရုံ၊ အမွေဆိုင်အဖေပိုင်၊ လုပ်စားသူတွေမြင်ရမယ်။
နေရာရရေးအတွက် ဟန်ပြစပွန်စာ စပေါ့ရိုက် နေရာလုထားသူတွေရှိတယ်။
NLD ပါတီဟာ စီးပွားရေးနေရာကောင်း ဖြတ်လမ်းလိုက်အာဏာမက်သူတွေမြင်ရမယ်။
မြင့်- သုံးမြင့်ဟုနာမည်ကြီး လိမ်ညာတတ်သူ ပါတီအပိုင်စီး(မစင်စား)ကြီးတွေ့ရမယ်။
ကပ်ခွာ ထွက်ပြေး ကင်းကွာနေရာရရေး ဒီမိုကရေစီဝိုင်းရံသူတွေရှိတယ်။
၂၅၀ တန်မှ ၃၀၀ တန်ဂျာနယ်ဝါးတွေရှိတယ်။
အာဏာရှင်စနစ်ကြွင်း၊ မြင့်သုံးမြင့်တွေကို ဖင်ရက်ဆားဖြူးတွေရှိတယ်။
ငွေကြေးအကုန်ခံ ပိုက်ဆံမတတ်နိုင်သူကို အနိုင်ကျင့်တယ်။
နေရာရဖို့ ညွန့်လှိုင်း၊ အောင်ထူးမြင့်၊ ဆိုက်က္ကားသမားကို ဖာဖားသူတွေရှိတယ်။
ဥက္ကဋ္ဌ နေရာရသူ ဒို့ဖွားအေလင်အမြင်ရှိသူ ခရိုနီတွေရှိတယ်။
ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ထောင်တွင်းနေလို အာသာဖြေပေးတဲ့(ဂမ်းဒူး)ပါတယ်။
ပါတီကိစ္စကို (ကျူရှင်)လောက်မျှအရေးမထားတဲ့ အမတ်လုပ်ချင်သူတွေရှိတယ်။
ကဲ…ရဲဘော်ကြီး ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ။ ။
ဖြန့်ဝေခြင်း။
အောင်လံမြို့နယ်အတွင်းရှိ
NLD ပါတီရုံးတိုင်းသို့…..။
အထက်ပါစာပါ(အာဘော်အတိုင်း) မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်(အောင်လံ)ထံမှ ရယူ၍ သတင်းရေးသားတင်ပြပါသည်။
0 comments:
Post a Comment