`` ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေးဆွဲခြင်း ဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် မကွေးတိုင်းဒေသကြီး NLD ပါတီအတွင်းရှိ ခရိုင်(၅)ခုမှ (၄)ခရိုင်တွင် တင်ပြဆွေးနွေးပွဲများကျင်းပပြီး´´

အောက်တိုဘာ(၂၆)ရက် နေ့လည်(၁း၃၀ မှ ၃း၃၀)နာရီအချိန် မကွေးမြို့ စိုးကောမင်းရပ် ကမ်းနာလမ်း နန်းထိုက်သူဟိုတယ်တွင် မကွေးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေး ဆွဲခြင်းဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် တက်ရောက်လာသော ပါတီဝင်များနှင့် ပြည်သူထူတုအင်အား (၅၀၀၀)ခန့်ကို NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း၊ မကွေးခရိုင်ဆွေးနွေးပွဲတွင် မကွေးမြို့နယ်မဲဆန္ဒနယ်မြေမှ NLDပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်မြေမှ NLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် တို့(၂)ဦးသည်(နေပြည်တော် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များမှ ခွင့်ယူပြီး)လာရောက်ကြောင်း၊ ယင်းလွှတ်တော်အမတ်(၂)ဦးသည် ပြည်သူလူထုနှင့်တစ်သားတည်း အခမ်းအနားတွင်း ကြမ်းပြင်တွင်ထိုင်၍ တက်ရောက်အားပေးကြောင်း သတင်းရရှိသည်။ ဦးကြည်ဝင်း၏ တင်ပြချက်မှ ကောက်နှုတ် ဖော်ပြပါသည်။ ``ပြည်သူထုပါမှ ဒီပွဲအောင်မြင်မှာပါ။ ဆန္ဒခံယူပွဲလုပ်ရင်မဲပေးကြမှာလား?။ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၄ မှာပြင်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ချောပြီ။ ဘာတွေပြင်ရမှာလဲဆိုရင် အရေးအကြီး ဆုံးပုဒ်မကြီး အခြေခံဥပဒေ(၄၃၆)ကိုပြင်မှာ သူတို့ကိုယ်နှိုက်ကကိုပြင်ဖို့ပြောနေကြပါပြီ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နဲ့လဲ သဘောတူညီချက်တွေရပြီ။ ဒီဥပဒေ(၄၃၆)ကိုသာပြင်လိုက်ရင် ဟိုဘက်က နိုင်ငံခြားသားသြဇာခံရဲ့ ဘာညာသာတကာတွေ အားလုံးပါသွားပြီ။ နိုင်ငံရေးဟာ ဖြစ်နိုင်ခြေကိုသာ လုပ်မှအဆင်ပြေမှာပါ။ ကဲ..မပြင်ဘူး၊ အခြေခံဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင်.. လွှတ်တော်ထဲက ကြံခိုင်ရေးပါတီကလဲ အသစ်ရေးမှာမဟုတ်ဘူး။ စစ်တပ်ကလဲ အသစ်ရေးဆွဲမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူထုလိုချင်တဲ့ပုံစံကိုရလာမှာက ပြင်ဆင်ခြင်းကသာ အမြန်ဆုံးအဆင်ပြေကြမှာပါ။ ကျွန်တော်ပြောခဲ့တာတွေလဲတော်တော်များသွားပြီ။ ပြည်သူထုအနေနဲ့ ကြိုက်သလို သာ အဆုံးဖြတ်အဖြေပေးနိုင်ကြပါတယ်လို့ ပြောကြားရင်နိဂုံးချုပ်လိုက်ပါတယ်..။´´ဟု NLDပါတီ(ဗဟို)ကော်မတီ ၀င် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း အခမ်းအနားမှူး ဦးနေမျိုးကျော် (ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး NLDပါတီ ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဖြစ်မြောက်ရေးကော်မတီ)မှ ပြည်သူလူထု (၅၀၀၀)ခန့်အား သဘာပတိထံအတည်ပြု၍ တက်ရောက် လာကြသူအားလုံးက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ကို မတ်တပ်ရပ်၍ ၁၀၀%ဆန္ဒပြုကြကြောင်း သတင်းရရှိသည်။ အလားတူ အဆိုပါပွဲများကို သဘာပတီအဖြစ် မကွေးတိုင်းNLDပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့်သဘာပတိအဖွဲ့ဝင်များ၊ အခမ်းအနားမှူး ဦးနေမျိုးကျော် နှင့် NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)တို့သည် အောက်တိုဘာ(၂၅)ရက်မှာ မင်းဘူးခရိုင်NLDပါတီမှ မင်းဘူးမြို့ သုခမိန်ခန်းမ၌ နေ့(၁း၃၀ မှ၃း၃၀)နာရီအချိန်ထိ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၃၀၀၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှရာခိုင်နှုန်းပြည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း သိရသည်။ အလားတူ အောက်တိုဘာ(၂၇)ရက် နေ့လည်(၁၁း၄၅ မှ ၂)နာရီအချိန် သရက်ခရိုင်NLDပါတီမှ သရက်မြို့ ရွှေစင်ငွေစင်ခန်းမ၌ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၁၀၀၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှရာခိုင်နှုန်းပြည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း သိရသည်။ အလားတူ အောက်တိုဘာ(၂၈)ရက် နေ့လည်(၁း၄၅ မှ ၂)နာရီအချိန် ပခုက္ကူခရိုင်NLDပါတီမှ ပခုက္ကူမြို့ အမျိုးသား ခန်းမ၌ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၁၀၇၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှ ၉၉.၅% ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း၊ ၎င်းပွဲတွင် (၅)ဦးက ၂၀၀၈ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန် ဆန္ဒပြုကြောင်း သိရသည်။ ကျန်ရှိနေသော ဂန့်ဂေါခရိုင်တွင် နိုဝင်ဘာ(၇)နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျန်သောမြို့နယ်များတွင်းလည်း အဆိုပါ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို နိုဝင်ဘာ(၁၀)ရက်နေ့အပြီးကျင်းမည်ဖြစ်ကြောင်း၊ ၎င်းတို့အသီးသီးမှ လူထုဆန္ဒခံယူမှုစာရင်းများကို NLD ပါတီ(ဗဟို)သို့ပေးပို့ပြီး၊ ဗဟိုမှတဆင့် (နေပြည်တော် လွှတ်တော်ရုံး) ၂၀၀၈ အခြေခံဥပဒေဆိုင်ရာလေ့လာရေးကော်မတီ(၁၀၉)ဦးထံသို့ အချိန်မီပေးပို့မည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ NLD ပါတီအနေဖြင့် တစ်နိုင်ငံလုံးနီးပါး လူထုဆန္ဒခံယူနေခြင်းအား (ဘယ်လိုသဘောထား ကြောင့် လုပ်ရပါသလဲဟု ) မကွေးခရိုင်(၅)ခရိုင်လုံးတွင် အခမ်းအနားမှူး ဦးနေမျိုးကျော် ( ဥက္ကဋ္ဌ မကွေးတိုင်း ဒေသကြီး NLDပါတီ ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဖြစ်မြောက်ရေးကော်မတီ) သို့မေးမြန်ခဲ့ရာ… ``ကျွန်တော်တို့ နိုင်ငံမှာ အာဏာရှင်အဆက်ဆက်ဟာ အခြေခံဥပဒေဆိုတာမပြောနဲ့၊ ဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာဆိုရင် ဘာတစ်ခုမှ လူထုမရနိုင်အောင်တားဆီးပိတ်ဆို့ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ပြီ လို့ပြောလို့ရပါတယ်။ NLDက မြန်မာ့သမိုင်းမှာ ပြည်သူတွေကို အမိအဖလိုသဘောထားပြီး အခြေခံဥပဒေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြလိုက်တဲ့ သဘောပါ။ ၂၀၀၈ အခြေခံဥပဒေဖြစ်ဖြစ် ဘယ်ဥပဒေဖြစ်ဖြစ် ပြည်သူ့ဆန္ဒသဘောထားမထင်ဟပ်ဘူး၊ ပြည်သူ့အကျိုး စီးပွားကာကွယ်ပေးထားတာမဟုတ်ရင် ကျဆုံးမှာသေချာတယ်ဆိုတာ အခုကျင်းပတဲ့ပွဲတွေက ပြည်သူတွေ ရဲ့တုံ့ပြန်မှုကို သက်သေပြနေတယ်လေ..။ အခြားပါတီတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးရဲ့ ပြောစကားမှားကြောင်း ပြည်သူတွေက သက်သေပြလိုက်တယ်လို့ ကျွန်တော်နားလည်ပါတယ်။ (ပြည်သူတွေဟာ အခြေခံဥပဒေကို လုံးဝနားမလည်ဘူးဆိုတာ) သူကပြောတဲ့စကား မှားသွားပြီးလို့ ဒီပွဲတွေကသက်သေပြလိုက်တာပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့အားနည်းချက်တွေကို ပြင်ဆင်ပါလို့ မကွေးတိုင်းတွင်းရှိ ပြည်သူတွေက လွှတ်တော်ကို NLD ပါတီကတဆင့် ပြောလိုက်ကြပြီပေါ့ဗျာ..။ ပြည်သူ့ဆန္ဒတွေကို လေးစားတဲ့ လွှတ်တော်ဟုတ်/မဟုတ် ကျွန်တော်တို့စောင့်ကြည့်မှာပါ…။´´ဟု အခမ်းအနားမှူး ဦးနေမျိုးကျော် က ပြောသည်။
 

0 comments: