``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ အမှတ်စဉ်(၃) (အခမဲ့)ကွန်ပျူတာသင်တန်းဖွင့်ပွဲ´´

အောက်တိုဘာ(၂)ရက်၊ နံနက်(၈ မှ ၉း၃၀)နာရီအချိန် မကွေးမြို့ စိုးကောမင်းရပ်ကွက် တက္ကသိုလ်လမ်း မကွေးတိုင်းဒေသကြီး ပြည်ခိုင်းဖြိုးပါတီအစည်းအဝေးခမ်းမတွင် အမှတ်စဉ်(၃)ကွန်ပျူတာသင်တန်းဖွင့်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို အောက်တိုဘာ(၂)ရက်နေ့မှစ၍ နေ့စဉ်နံနက်(၈း၃၀)နာရီမှ ည(၈း၃၀) နာရီထိ အချိန်(၈)ကြိမ်ခွဲ၍(၁)လသင်ကြားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ သင်တန်းသား (၁၂၀)ဦး တို့ကို ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းဆရာများဖြင့် (အခမဲ့)သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းက အမှာ စကားပြောကြားသည်။ ၎င်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီး(၇)ဦး၊ သင်တန်း သား / သင်တန်းသူများ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၁၆၀) ဦးတက်ရောက် ကြောင်း သတင်းရရှိသည်။
 

0 comments: