``မကွေးတိုင်းဒေသကြီးသာသနာနုဂ္ဂဟအသင်း (တတိယ)အကြိမ်အစည်းအဝေးကျင်းပ´´

အောက်တိုဘာ(၃)ရက် နေ့(၁ နာရီမှ ၃နာရီ)အချိန် မကွေးမြို့ ရန်နိုင်ရပ် မြို့ပါတ်လမ်းရှိ မကွေးတိုင်း ဒေသကြီးကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင်၊မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံလုံဆိုင်ရာထေရ၀ါဒ ဗုဒ္ဓ ဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း (တတိယ)အကြိမ်အစည်းအဝေးကျင်းပ ကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်၊ အတွင်းရေးမှူး ဦးသောင်းရွှေ(တိုင်းသာသနာရေးဦးစီးဌာနညွန်ကြားရေးမှူး)နှင့် ခရိုင်(၅)ခု/မြို့နယ်များမှ ဥက္ကဋ္ဌများစုစုပေါင်း(၂၅) ဦးခန့်တက်ရောက်ကြသည်။ အသင်း၏ အားနည်းချက်များ အားသာချက်များကို ခရိုင်/မြို့နယ် ဥက္ကဋ္ဌ များမှ တစ်ဦးချင်းတင်ပြဆွေးနွေးကြကြောင်း၊ အသင်း၏ အင်အားစုဆောင်းမှု၊ ဆိုင်းဘုတ်တင်နိုင်မှု၊ မြေနေရာရရှိရေး၊ ဘဏ္ဍာငွေကိစ္စ၊ အသင်းကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများကို အလုပ်အမှုဆောင်အဖွဲ့တွင်တွဲဘက်ထား၍ ပြည်သူများမှ NGO အဖွဲ့စစ်စစ်ဟု မမြင်ကြောင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဖွဲ့တို့ နှင့် ချိတ်ဆက်မှု အားနည်းနေကြောင်း၊ ယခင်က အသင်းဝင်ကြေး နှင့်ဓာတ်ပုံများဖြင့်သတ်မှတ်၍ အသင်းဝင်လျှောက်ထားရသော် လည်း ယခုအခါ အသင်းဝင်ကြေး နှင့်ဓာတ်ပုံများမလိုအပ်တော့ကြောင်း၊ အသီးသီးဆွေးနွေးတင်ပြကြသည်။ ဤအသင်းကြီးသည် NGO စစ်စစ်သာဖြစ်ကြောင်း၊ အသင်းကြီးခိုင်မာစွာတည်ဆောက်ဖွဲ့စည်းနိုင်ရန်အတွက် ဌာနဆိုင်ရာ အဖွဲ့များအား အမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ပေးကြရန် အကူအညီတောင်းခံထားခြင်းဖြစ် ကြောင်း၊ အရပ်သားများဖြင့် မိမိတို့အသင်းကြီးကို ရပ်တည်နိုင်ကြလျှင် ဌာနဆိုင်ရာမှ အမှုဆောင်များအစား အရပ်သားများကိုသာ ဖြည့်ဆည်းဆောင်ရွက်နိုင်ကြောင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင် မှ ပြောသည်။ အောက်တိုဘာ(၂)ရက်နေ့အထိ အသင်းဝင်အင်အားမှာ မကွေးခရိုင်မှ (၇၄၅၆၇)ဦး၊ မင်းဘူးခရိုင် (၂၅၉၅၄)ဦး၊ သရက်ခရိုင်(၁၃၂၅၈)ဦး၊ ပခုက္ကူခရိုင်(၉၉၉၁၈)ဦး၊ ဂန့်ဂေါခရိုင်(၃၈၃၂၀)ဦး၊ စုစုပေါင်း(၂၅၂၀၀၉) ဦးဖြစ်ကြောင်း စာရင်းထုတ်ပြန်ကြေငြာ၍ သတင်းရယူခဲ့သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: