``မကွေးမြို့တွင် လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲရှိ စပါးအုံးမွေကြီးဖမ်းဆီးရရှိ´´

အောက်တိုဘာ(၁၄)ရက် နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု အလယ်ချောင်းရွာ ထင်းပုံထဲမှ လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲ၊ ပိဿာချိန်(၇)ပိဿာခန့်ရှိ စပါးအုံးမွေကြီး တစ်ကောင်ကို ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။ အဆိုပါမွေကြီးကို အလယ်ချောင်းကျေးရွာ ဒေါ်ငွေလှိုင်နေအိမ်နှင့် ကိုနိုင်ဝင်းထိုက်တို့၏ နေအိမ်ကြားက ထင်းပုံကြားမှ အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၇)နာရီတွင်စတင်၍တွေ့ရှိကြောင်း၊ ၎င်းမွေကြီးကို ကိုနိုင်ဝင်းထိုက်နှင့် တရွာတည်းနေသူများ ကိုစိုးဝင်းအောင်၊ကိုအောင်ထွေး၊ ကိုတင်လင်းတို့ဖြင့် ၀ိုင်းဝန်းဖမ်းဆီးရာ အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အရှင်ဖမ်းမိခဲ့ကြောင်း၊ အဆိုပါမွေကြီးအား အသက်ရှင်ချမ်းသာ စွာနေနိုင်ရေးအတွက် အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အလယ်ချောင်းရွာသားများမှ ဂျစ်ကား ဖြင့်တင်ဆောင်ပြီး မင်းဘူးမြို့ နဂါးပွက်တောင်တွင် သီတင်းသုံးတော်မှုသော ဆရာတော်ဦးစန္ဒိမာထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ နဂါးပွက်တောင်၊ နတ်နန်းအနီးတွင် (ယခင်ကလှူဒါန်း၍ မွေးမြူထားသော) စပါးအုံးမွေ စပါးကြီးမွေများအဖော်ရှိကြောင်း၊ ၎င်းတောင်သည် မွေနဂါးများပျော်မွှေရာဒေသဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
 

0 comments: