``မကွေးတိုင်း NLD ပါတီ ခရိုင်(၅)ခု နှင့်(၂၅)မြို့နယ်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူရန် ဟောပြောပွဲများ (မပျက်မကွက်) ကျင်းပရန် စီစဉ်ပြီး´´

အောက်တိုဘာ(၁၁)ရက် နံနက်(၉)နာရီ မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံးလမ်း မင်းဘူးမြို့နယ် NLD ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင်/ခရိုင်တွင်းမြို့နယ် ပါတီတာဝန်ရှိသူများ (၂၀)ဦးခန့်ဖြင့် ကြိုတင်ညှိုနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားများကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ NLD (ဗဟို) အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုတွင် NLD (ဗဟို) အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်း၍ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲ များကျင်းပရေးကော်မတီဝင်(၇)ဦးတို့နှင့် လှည့်လှယ်ဟောပြောမည်ဖြစ်ကြောင်း၊ အောက်တိုဘာ(၂၅) ရက်နေ့တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ အောက်တိုဘာ(၂၆)ရက်နေ့တွင် မကွေးခရိုင် မကွေးမြို့၊ အောက်တိုဘာ(၂၇) ရက်နေ့တွင် သရက်ခရိုင် သရက်မြို့၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် ပခုက္ကူခရိုင် ပခုက္ကူမြို့ နှင့် ဂန့်ဂေါ်ခရိုင်သို့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေရ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနား များကို သတ်မှတ်ထားသောရက်များတွင် မပျက်မကွက် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အစိုးရများနှင့် တရားဝင်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ထားကြောင်း၊ သက်ဆိုင်ရာဒေသ ဟောပြောပွဲများသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လူထုအများစုပါဝင်လာနိုင်ကြအောင် ကျင်းပမည့်ခန်းမ နေရာ၊ အချိန်များသိရှိအောင် ဖိတ်စာ များဖိတ်ကြားခြင်း၊ ခရိုင်/မြို့နယ်လူထုဆန္ဒခံယူရန် ဟောပြောပွဲများဖြစ်မြောက်ရေးကော်မတီများမှ လှည့်လှယ် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းတွင်းရှိ (၂၅)မြို့နယ်များမှာ(မူလက နိုဝင်ဘာလကုန် အထိသတ်မှတ်ထားသော်လည်း) ရှေ့တိုး၍ နိုဝင်ဘာ(၁၀)ရက်အတွင်းမှာ (မပျက်မကွက်)အားလုံးပြီးစီးအောင် ကျင်းပသွားရန်စီစဉ်ထားကြောင်း၊ ၎င်းလူထုဟောပြောပွဲများတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ် ပြန်လည်ရေးဆွဲရေးအတွက် ၎င်းဥပဒေများကို အများပြည်သူများနားလည်အောင် ဟောပြောခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက်လာသောလူထုများကိုဆန္ဒပြုရန် လက်မှတ်ရေးထိုးစေခြင်း မပြုလုပ်သေးကြောင်း၊ NLD (ဗဟို)မှ ညွှန်ကြားချက်အရ သီးခြားအစီအစဉ်ဖြင့် လူထုဆန္ဒလက်မှတ်များကို တောင်းခံသွားမှာဖြစ်ပါကြောင်း၊ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ကပြော သည်။
 

0 comments: