
ဤလူငယ်အဖွဲ့သည် မကွေးတိုင်းဒေသကြီး မကွေးမြို့နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အင်အား (၁၀၀)ခန့်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ ထို ပရဟိတလူငယ်များ၏ ပရဟိတလုပ်ငန်းစဉ်များမှာ ကျောင်းနေအရွယ် မျိုးဆက်သစ်လူငယ်တိုင်း အခက်အခဲမရှိ့ ပညာသင်ကြားနိုင်ရန်၊ သဘာဝဘေးအန္တရယ် နှင့် ရင်ဆိုင်တွေ့ကြုံနေရသူများအား တတ်အားသမျှ ကူညီထောက်ပံ့ပေးနိုင်ရန်၊ သက်ကြီးရွယ်အိုးများအား ကူညီဖေးမ ပေးနိုင်ရန်နှင့် ကျမ်းမာရေးစောင့်ရှောက်မူ များ တတ်အားသ၍ ကူညီဆောင်ရွက်ပေးနိုင်ကြရန် ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။
ဤအဖွဲ့တွင် ဥက္ကဋ္ဌ ကိုအောင်နိုင်ရဲရင့်ထွန်း၊ အတွင်းရေးမှူး ကိုဖြိုးကိုကို နှင့် အမာခံအမှုဆောင်အဖွဲ့ဖြင့် စည်းကမ်းကျနစွာ ဖွဲ့စည်းဆောင်ရွက်ထားကြောင်းသိရ၏။ လှူဒါန်းကူညီပေးရန်ငွေများအား လူငယ်တစ်ဦးလျှင် တစ်လ(၃၀၀၀ိ) ကျပ်နှုန်းဖြင့် ကြိုတင်၍ စနစ်တကျစုဆောင်းထားကြောင်း သိရသည်။ ကျမ်းမာရေးအတွက် အရေးပေါ်သွေးလိုအပ်လျှင် လည်း ယင်းပရဟိတ လူငယ်အဖွဲ့ထံ ဖုန်းဆက်၍အကူအညီရယူနိုင်ကြောင်း ပြောဆိုပါသည်၊ ကိုဖြိုးကိုကိုနှင့် အဖွဲ့သို့ ဖုန်း (09-5333429, 09-401518584, 09-43126991 ) များကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်းသိရပါသည်။
FUTUER Stars ပရဟိတလူငယ်အဖွဲ့၏ လှူဒါန်းကူညီဆောင်ရွက်ပြီးခဲ့သော ပရဟိတလုပ်ငန်းများမှာ (၁) ၄-၂-၂၀၁၂ နေ့တွင် သိတာရုံ သိလရှင်ကျောင်းမှာ ပညာသင်ကြာနေသောကျောင်းသား ကျောင်းသူလေးများကို နေ့လည်စာ အဟာရအဖြစ် ငွေကျပ်(ရှစ်သောင်း) ဖိုး အလှူဒါနပြုကြောင်းသိရသည်။ (၂) ၁၈-၂-၂၀၁၂ နေ့တွင် မကွေးမြို့ မြင်သာရပ်ကွက် ပြည်တော်သာလမ်း၊ လူမှုဝန်ထမ်းဌာန၊ မိဘမဲ့ကလေးများပြုစုရေးကျောင်းမှာ တစ်နေကုန်စာ အဟာရ အဖြစ် ငွေကျပ်(သုံးသောင်း)ဖိုး ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရ၏။ (၃) မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်း၊ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာဘုန်းကြီးကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်းအတွက် စာရေးကိရိယာ အစုံ ငွေကျပ်(လေးသောင်း)ဖိုး လှူဒါန်းခဲ့ကြောင်းသိရသည်။ (၄) ၁၅-၃-၂၀၁၂ နေ့တွင် ရေနံချောင်းမြို့နယ်၊ စမ်းကြီးကျေးရွာမှာ မီးဘေးဒုက္ခသင့်သော အိမ်ထောင်စု(၆၀) အတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြီ၊ ဆီ(၂၅ကျပ်သား)၊ ဆပ်ပြာတောင့် တစ်တောင့်ဆီ ဖြင့် ငွေကျပ်(၂)သိန်း(၆)သောင်းဖိုး သွားရောက်လှူဒါန်းခဲ့ကြောင်းသိရ၏။ (၅) ၁-၇-၂၀၁၂ နေ့တွင် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်း၊ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာဘုန်းကြီးကျောင်းမှာ မရှိဆင်းရဲသော ကျောင်းသူ ကျောင်သားများ၊ အခမဲ့ပညာရေးကျောင်းအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာ များ ငွေကျပ်(၂)သိန်း(၃)သောင်ဖိုး စုပေါင်း၍ လာရောက်လှူဒါန်းကြကြောင်း သတင်းရရှိခဲ့ပါသည်။
၎င်း FUTUER Stars ပရဟိတလူငယ်အဖွဲ့သည် မကွေးတက္ကသိုလ်ပေါင်းစုံမှ လူငယ်ကွန်ရက် ပရဟိတအဖွဲ့နှင့် ပေါင်းဆုံ၍ ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များနှင့် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များထံသို့ လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်းသိရသည်။ ဇွန်လ(၃၀)ရက်နေ့က ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များထံသို့ ငွေကျပ်(၂)သိန်းကျော်အား မော်လမြိုင် နာရေးကူညီမှုအသင်းမှ တဆင့်သွားရောက်လှူဒါန်းပေးကြောင်း မကွေးတက္ကသိုလ်ပေါင်းစုံမှ လူငယ်ကွန်ရက် ပရဟိတအဖွဲ့ မှ ပြောဆို၍ သတင်းရရှိခဲ့ပါသည်။
ဝိုင်းကြည်အောင်
မြန်မာပို့စ်ဂျာနယ် အတွဲ(၄)အမှတ်(၂၆) ၂၀၁၂ ၊ ဇူလိုင်လ(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ထုတ် တွင် ဖော်ပြထားပါသည်။
0 comments:
Post a Comment