မြေလတ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၃) ဂျာနယ်ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင်ဖြန့်ချိပါမည်။ ဂျာနယ်တစ်နှစ်ပြည့် သက်ကြီးပူဇော်ပွဲသို့ ဖိတ်ကြားအပ်ပါသည်။




မြေလတ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၂၃)   ဂျာနယ်ကို ဇန်န၀ါရီ ၁၅ ရက်နေ့တွင်ဖြန့်ချိပါမည်။ ဂျာနယ်တစ်နှစ်ပြည့် သက်ကြီးပူဇော်ပွဲသို့ ဖိတ်ကြားအပ်ပါသည်။

မြေလတ်ဂျာနယ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြေလတ်ဂျာနယ်မှ သက်ကြီးစာပေပညာရှင်များနှင့် သက်ကြီး ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့ေ ကြီးများအား ပူဇော်ကန်တော့ကြပါမည်။ မြေလတ် ဂျာနယ်ဝိုင်းတော်သားအားလုံး စုပေါင်းအလှူငွေများထည့်ဝင်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ 

(၁)   ၂၀၁၆၊ ဇန်န၀ါရီ ၁၆ ရက်၊စနေနေ့ တွင် မကွေးမြို့မှ မြေလတ်ဂျာနယ် အတိုင်ပင်ခံ ဆရာကြီး မကွေးဝင်းမြင့် နှင့် တောင်တွင်းကြီးမြို့မှ မြေလတ်ဂျာနယ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးစိုးမြင့်တို့အား အိမ်တိုင်ရာရောက် သွားရောက်ပြီး စုပေါင်းကန်တော့ကြပါမည်။ 

(၂)   ၂၀၁၆၊ ဇန်န၀ါရီ ၁၇ ရက်၊ တနင်္ဂနွေနေ့ တွင် မင်းလှမြို့ မှ မြေလတ်ဂျာနယ်တွင်ရေးသားနေသော သက်ကြီး ကဗျာဆရာကြီး တောသားကြီးလူနိုင်( အမျိုးသားစာပေဆု ၂ ဆုရ)ထံသို့  အိမ်တိုင်ရာရောက် သွားရောက်ပြီး စုပေါင်းကန်တော့ကြပါမည်။ 

(၃)   သက်ကြီးဆရာကြီး သုံးဦးအား ကန်တော့သွားရန်အတွက် မြေလတ်ဂျာနယ်ဝိုင်းတော်သားများ နှင့် အခြားစိတ်ဝင်စားကြသော သတင်းထောက်၊ စာရေးဆရာ၊ကဗျာဆရာ၊ ကာတွန်းဆရာဆရာများလည်း လိုက်ပါနိုင်ရန် လေးစားစွာကြိုတင်ဖိတ်ကြားအပ်ပါသည်။

 စုရပ်မှာ။ 
 မြေလတ်ဂျာနယ်တိုက်၊ အမှတ် ၅၊ ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့ သို့ နံက် ၈ နာရီတွင် ကြွရောက်ကြပါ။ 
ဇန်န၀ါရီ ၁၆/၁၇ ရက်နေ့ နံနက် ၉နာရီအချိန်တွင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် ဆရာကြီးများထံသို့ သွားရောက်ကြမည် ဖြစ်ပါကြောင်း ၊ လိုက်ပါလိုသူများ မြေလတ်ဂျာနယ်တိုက်၊ ဖုန်း ၀၆၃-၂၅၁၉၇ /၀၉-၄၄၀၂၂၅၁၀၀ သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာကြိုတင်ဖိတ်ကြားအပ်ပါသည်။ 

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်
 

0 comments: