စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်း






၁၀-၈-၂၀၀၉ နေ့ နံနက် စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်းသို့
ရောက်ခဲ့ ပါသည်။ သံဃာတော်အပါး(၆၀၀)ကျော် ဆွမ်းခံကြွလာတော်မူကြောင်း
မြင်တွေ့ခဲ့ရပါသည်။ ယင်းဆွမ်းလောင်းအသင်းကို ဆရာတော် ဦးကောဝိဒ နှင့်
ဆရာတော်သံဃာတော်များ၊ စေတနာ သဒ္ဒါတရား ထက်သန်ကြသောဒကာ၊ဒကာမများမှ စတင်
ထူထောင် လောင်းလှူ နေကြပါသည်။ အနယ်နယ်အရပ်ရပ်မှ အွန်လိုင်း ဘလော့ဂါများမှ
တစ်နှစ်စာ အလှူရှင်များဖြင့် စုပေါင်းလှူဒါန်းထားသောစာရင်း များကို
တွေ့ခဲ့ပါသည်။(ဆရာတော်ဦးကောဝိဒ ဘလော့နှင့် ဆွမ်းလောင်းအသင်းဘလော့တွင်
ကြည့်ရှုနိုင်ပါသည်။ http://kovida.multiply.com/journal
www.everyoneit.com )

ဆရာတော် ဦးကောဝိဒ မှာ သံဃာတော်များအား အခမဲ့ ကွန်ပျူတာ သင်တန်းများ
ကိုလည်းဖွင့်ထားကြောင်း မြင်တွေ့ခဲ့ရပါ၏။ ယင်း ပရဟိတ အခမဲ့ကွန်ပျူတာ
သင်တန်းများ အတွက် အလှူရှင်များ များစွာလိုအပ်နေကြောင်း ကြားသိ
မြင်တွေ့ခဲ့ရပါသည်။
(၁၉-၈-၀၉)နေ့တွင်အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲစတင်ပါမည်။
ယင်းသင်တန်းဖွင့်ပွဲတွင် ကြွရောက် လာ ကြသော
ဆရာတော်ဘုရားကြီးများထံလျှောက်ထား၍ ဆွမ်းလောင်းအသင်းအား
စစ်ကိုင်းမြို့ရှိ စေတနာရှင်ပုဂ္ဂိုလ်များဖြင့် ထပ်မံစုပေါင်းပြီး ပြန်လည်
ဖွဲ့စည်းပေးမည်ဟု ဆရာတော် ဦးကောဝိဒ မှမိန့်ဆိုပါသည်။
ဆရာတော် ဦးကောဝိဒ ဦးစီးထူထောင်ထားသော စစ်ကိုင်းတောင်ရိုး သံဃဒါန
ဆွမ်းလောင်း အသင်းအား ရေရှည်ထာဝရ ဆွမ်းလောင်းလှူနိုင်ရေးအတွက်
ပြည်တွင်း၊ပြည်ပမှ ထာဝရ ဆွမ်းပဒေသာပင်အလှူရှင်များအား လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။

လှူဒါန်းဆက်သွယ်ရန်ဖုန်း (09-2110202)
www.everyoneit.com

သတင်းဓာတ်ပုံများ ပူးတွဲဖေါ်ပြပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၃)ရက်၊ နေ့(၁း၃၈)ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်း ini dipublish oleh shwelannwelanwinkyi pada hari Thursday, August 13, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်း
 

0 comments: