ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ





စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်


ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်


အံ့သြထိန့်လန့်ဖွယ်ရာ မြွေကြီးတစ်ကောင်နှင့် စင်ကာပူနိုင်ငံတွင် ကြုံတွေ့ရသူတစ်ဦး၊ ပရလောကမှ စင်ကာပူနိုင်ငံသူ မြစိမ်းရောင်မင်းသမီးနှင့် ကြုံရသူ။
MAI ဘိုရင်း လေယာဉ်ကြီး ပေါ်မှ လေထီး မပါဘဲ ခုန်ချချင်သည့် အပြေးမတက် ထမင်းငတ်သူ။
စင်ကာပူနိုင်ငံ (VIEW ROAD HOSPITAL) စိတ္တဇဆေးရုံ၊ စင်ဘောင်ဝဲ ထောင်ကြီးနှင့် လင်မ်ချုကောင် ရဲစခန်း ထဲ ရောက်ရပြီး လူမှား၍ လက်ထိပ်ခတ်ခံခဲ့ရသူ တစ်ဦးက ဘ၀ကံကြမ္မာကို လှည့်စား ကုစားခဲ့ရသည် ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်းအရာ များကိုတင်ပြထားပါသည်။ (မှတ်ချက်။ ။စင်ကာပူနိုင်ငံသို့(၈)ခေါက်တိတိ သွား၍ (၆)နှစ်ကြာအောင် အလုပ်လုပ်ခဲ့သော်လည်း ရေနံ့သာအောင်ချမ်းဇော်သည် လောကိစီးပွားရေးမှာ မွဲမြဲ မွဲလျှက်ပါ…။ လောကုတ္တရာ ချမ်းသာသည်ကား..? )

အမှတ်၂၅၊ မြနန္ဒာလမ်း(ဗိုလ်ချုပ်လမ်းဒေါင့်)၊ သိင်္ဂါဂီရိ ရပ်ကွက်- မကွေးမြို့နေ စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်က သီလ၀ ဘာသာရေး မဂ္ဂဇင်းတွင် လစဉ်ပင်တိုင် ရေးသားခဲ့ပြီး ယခု အခါ ၄င်းစာမူများအား စုပေါင်း၍(ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ) လုံးချင်း ၀တ္ထု အဖြစ် ထုတ်ပေလိုက်ပြီ ဖြစ်ကြောင်း..။

စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦး၏ တွေ့ကြုံခံစားရပုံများကို ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာစာအုပ်တွင် ရေနံ့သာ အောင်ချမ်းဇော်က ရင်ဖွင့် တင်ပြထား သဖြင့် ဖတ်ရှုလေ့လာခံစားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၉)ရက်၊ည(၁၁း၁၅)ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, August 19, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ
 

0 comments: