ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများ၏ နောက်ကွယ်တွင် လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဦးဆောင်သူများရှိ မရှိ ဖော်ထုတ်နိုင်ရန်အတွက်၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု လုံခြုံစိတ်ချ၍ အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ရေးအတွက် (သတင်းမှန်များပေါ်ထွက်ရေး)ကို နိုင်ငံတော်အစိုးရအဖွဲ့၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း သတင်းထုတ်ပြန်ချက်၊ ထိုသတင်းကို အထူးစိတ်ဝင်စားစွာဖြင့် မျှော်လင့်စောင့်စားနေ ကြကြောင်းသိရ၏။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနုတ်ထွက်ခြင်း မိမိဆန္ဒဖြင့် နုတ်ထွက်ခြင်းသတင်း။ ထို့အပြင် စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး မိမိဆန္ဒအရနုတ်ထွက်ခြင်း နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး မိမိဆန္ဒအရနုတ်ထွက်ခြင်း သတင်းထုတ်ပြန်ချက်၊ ယင်းသတင်းကိုလည်း ဒီမိုကရေစီနိုင်ငံပီသစွာဖြင့် ပြည်သူလူထုမှ ပေးအပ်ထားသောတာဝန်များကို ကိုယ်မလုပ်နိုင်၍ ဆက်လက်ပြီးတာဝန်များအား မထမ်းဆောင်ရွက်နိုင်လျှင် ယခုလို မိမိဆန္ဒအရနုတ်ထွက်သွားခြင်းအား အများပြည်သူများမှ စိတ်ဝင်တစ်စားရှိပြီး ဤကိစ္စများအား ဖတ်ကြားပြောဆိုနေကြကြောင်း သတင်းရရှိ၍ ထပ်မံ သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။
(၁) ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၁၂ ဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခပြဿနာများကို စစ်ဆေးနိုင်ရန် စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်း။
(၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၃/၂၀၁၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး နှတ်ထွက်ခွင့်ပြုခြင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦး
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၄/၂၀၁၂ ဖြင့် ဒုတိယ၀န်ကြီးများ နုတ်ထွက်ခွင့်ပြုခြင်း။
(၁)- ဦးတင့်လွင် စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန
(၂)- ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
www.president-office.gov.mm/ နိုင်ငံတော်သမ္မတ ၀က်ဆိုဒ် မှ ကိုးကားဖော်ပြထားသည်။
ဝိုင်းကြည်အောင်
My Doodles Art.....(7)
1 week ago



0 comments:
Post a Comment