`မကွေးမြို့တွင်(၂)သိန်း၊ (၂)သိန်းခွဲတန် GSM, WCDMA ,ဖုန်းများ အရောင်းပါး၍ အင်တာနက်လိုင်းလျှောက်သူများ ဟုသိရ´
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တန်ဘိုးနည်း GSM (၂)သိန်းတန်၊ WCDMA (၂)သိန်းခွဲတန် လက်ကိုင်ဖုန်းများ အရောင်းပါးသည်ဟု ရောင်းချသော ဆိုင်များမှ ကြားသိရပါသည်။ မကွေးမြို့တွင် ယင်းတန်ဘိုးနည်းတယ်လီဖုန်းများ မည်မျှရောင်းချထားပြီးဖြစ်ကြောင်း စုံစမ်းမေးမြန်းရာတွင် ပြင်ပဆိုင်များနှင့် ကုမ္ပဏီများမှ ဖြေကြားပြောဆိုခြင်း မပြုနိုင် ကြောင်းသိရ၏။ ရောင်းချသောဈေးနှုန်းများမှာ ရှော့ပင်မော့ဆိုင်တစ်ဆိုင်မှ သတ်မှတ်ထားသော တန်ဘိုးငွေများထက် ၀န်ဆောင်ခ(၅၀၀၀ိ)ကျပ် အပိုပေးရကြောင်းသိရသည်။ အခြား ဖုန်းအရောင်းဆိုင်များတွင် ဆက်သွယ်ရေးမှ သတ်မှတ်ထား သော ဈေးနှုန်းအတိုင်းရောင်းချပေးကြောင်း သိရ၏။ မကွေးမြို့ပေါ်တွင် ဖြန့်ချိရန် လက်ကားရယူထားသော ကုမ္ပဏီ(၂)ခုမှ လာရောက်၍ ရုံးဖွင့်လှစ်ထားကြောင်းသိရသည်။ ထိုကုမ္ပဏီများမှ ပြင်ပဖုန်းအရောင်းဆိုင်ကြီးများသို့ တဆင့်ရောင်းချနိုင်ရန် လက်ကားပေးထားကြောင်း သိရ၏။ ၎င်း ကုမ္ပဏီများတွင်လည်း နံပါတ်ရွေးချယ်၍ ၀ယ်ယူနိုင်ကြောင်းသိရသည်။
`အင်တာနက်လိုင်းသုံးမယ်ဆိုရင်တော့ ဆန်ဆောင်းအမျိုးအစား ဟန်းစက်(၁၁၀၀၀၀ိ) တစ်သိန်းတစ်သောင်းကျော်တန်နဲ့ မှ အဆင်ပြေပါမယ်။ GSM ဖုန်းတွေအင်တာနက်အသုံးပြုခ တစ်နာရီ(၂)ကျပ်ပါ။ GSM ဖုန်းသုံးမယ်ဆိုရင် ဆင်းကဒ်ဖိုး၊ ဟန်းစက်ဖိုး၊ငွေဖြည့်ကဒ်တစ်သောင်းတန်ရယ် အင်တာနက်လိုင်းလျှောက်ခနဲ့ စုစုပေါင်း(၃၃၇၀၀၀ိ) ကျပ်ကျပါ့မယ်။ WCDMA ဖုန်းကို သုံမယ်ဆိုရင် အင်တာနက်အသုံးပြုခ တစ်နာရီ(၄)ကျပ်နှုန်းပါ။ WCDMA ဖုန်းလိုင်းကို သုံးမယ်ဆိုရင် အားလုံးအပြီးအစီး (၃၈၇၀၀၀ိ)ကျပ် ပေးရပါမယ်။ အင်တာနက်လိုင်းကိုတော့ (၅)ရက်လောက်ကြာမှ လိုင်းပွင့်ပါလိမ့်မယ်။ ဖုန်းလိုင်းကိုတော့ ယခုချက်ချင်းပြောလို့ရပါတယ်။ အင်တာနက်လိုင်း ပွင့် မပွင့်ကို သိလိုရင် ဟန်းစက်မှာ E သို့မဟုတ် 2G , 3G ဆိုတဲ့ အင်္ဂလိပ်စာ တစ်ခုတစ်ခု ပေါ်လာပါလိမ့်မယ်ခင်ဗျ..။´ ဟု ဖုန်းအရောင်းဆိုင်တာဝန်ခံ လူငယ်တစ်ဦးမှ မြန်မာပို့သို့ ရှင်းပြပါသည်။
အင်တာနက်လိုင်းများ လျှောက်ထားရာတွင်(၁၀၀၀၀ိ)တစ်သောင်းကျပ်ဟု တရားဝင်ကြော်ငြာထားပါသည်။ ယခု ဆက်သွယ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်၍ တိုက်ရိုက်လျှောက်ထားရာတွင် (၁၃၀၀၀ိ)ကျပ်ပေးခဲ့ရကြောင်း၊ ကုမ္ပဏီများနှင့် ပြင်ပမှ ဖုန်းအရောင်းဆိုင်များမှာ ဖုန်းလိုင်းဆင်းကဒ်ဝယ်ပြီး အင်တာနက်လိုင်းပါ တစ်ပါတည်းလျှောက်ထားပေးရလျှင် အင်တာနက်လိုင်းလျှောက်ခ(၁၇၀၀၀ိ) ကျပ်ပေးရမည်ဖြစ်ကြောင်း မကွေးပညာရေးကောလိပ်မှ လက်ထောက်ကထိက တစ်ဦးမှ မြန်မာပို့စ် သို့ ရင်ဖွင့်ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၂၄) မှာ ဖော်ပြထားပါသည်။ (၂၀၁၂၊ ဇွန်(၂၇)ရက်နေ့ထုတ်)
Artikel `မကွေးမြို့တွင်(၂)သိန်း၊ (၂)သိန်းခွဲတန် GSM, WCDMA ,ဖုန်းများ အရောင်းပါး၍ အင်တာနက်လိုင်းလျှောက်သူများ ဟုသိရ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, June 25, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့တွင်(၂)သိန်း၊ (၂)သိန်းခွဲတန် GSM, WCDMA ,ဖုန်းများ အရောင်းပါး၍ အင်တာနက်လိုင်းလျှောက်သူများ ဟုသိရ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment