ဒီဇင်ဘာ(၁၂)။ ဆိပ်ဖြူမြို့နယ်တရားရုံးတွင် ဆိပ်ဖြူမြို့မရဲစခန်းမှ နှစ်လုံးထီ၊သုံးလုံးထီ ပပျောက်ရေးအတွက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဝရမ်းအမှတ်(၂၂/၂၀၁၂)အရ ၀င်ရောက်ဖမ်းဆီးခဲ့၍ (ပ)၄၀/၂၀၁၂ လောင်ကစား ဥပဒေပုဒ်မ ၁၅(က)ဖြင့် ဆိပ်ဖြူမြို့နယ်တရားရုံးသို့ (၂၉-၁၀-၂၀၁၂)နေ့မှာ စွဲချက်အမှတ် ၃၅/၂၀၁၂ ဖြင့် တရားခံနှစ်ဦးအား တရားစွဲတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်းအမှုကို (၁၂-၁၂-၂၀၁၂)နေ့မှာ ဆိပ်ဖြူမြို့နယ်တရားရုံး တွင် စီရင်ချက်ချမှတ်ပြီးကြောင်းသိရသည်။ ၎င်းစီရင်ချက်တွင် (၁)တစ်ရာခံဟု စွဲဆိုထားသော မဆွေဆွေသူ အား တရားသေလွှတ်၍ (၂) တရားခံဟု စွဲဆိုထားသော ကိုမျိုးမြင့်ထွေးအား ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ မှ စုံစမ်းသိရှိရသည်။
အဆိုပါ အမှု၏ဖြစ်စဉ်မှာ (၁၅-၁၀-၂၀၁၂)နေ့၊ (၁၁း၃၀)အချိန်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး နှင့် ရဲမေ တပ်ကြပ် တစ်ဦး၊ သက်သေများဖြစ်ကြသော မကွေးမြို့ မြင်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် တစ်ဦး၊ မကွေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် တစ်ဦး တို့နှင့်အတူ ဆိပ်ဖြူရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တစ်ဦး တို့နှင့်ပူးပေါင်း၍ ဆိပ်ဖြူမြို့တွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့မှု ဟုသိရသည်။ တာဝန်သိ လုပ်သားပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ဆိပ်ဖြူမြို့ မြို့မဈေးရှေ့ ဗိုလ်ချုပ်လမ်း မဆွေဆွေသူ၏ ကွမ်းယာဆိုင်တွင် နှစ်လုံးထီ သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သိရ၍ လောင်းကစားဝရမ်းအမှတ် (၂၂/၂၀၁၂)ဖြင့် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဆို၏။ ဆိုင်ပိုင်ရှင် မဆွေဆွေသူ (ခ) အမုန်းလင်္ကာ၏ ကွမ်းယာဆိုင်ခန်းအတွင်းမှာ ဆိုင်ရှင် မဆွေဆွေသူ နှင့်အတူတွဲလျှက် ကိုမျိုးမြင့်ထွေး တို့ထံမှ နှစ်လုံးထီ/သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းကရိယာများ နှင့် လောင်းကြေးငွေ - ၆၂၆၅၀ိ/ များကိုတွေ့ရှိသိမ်းဆည်းရမိ၍ သက်သေများနှင့်အတူ ရှာဖွှေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း၊ ၎င်း သက်သေခံပစ္စည်များ ကို ရှာဖွှေပုံစံဖြင့် (၁) တရားခံအဖြစ် ဆိုင်ရှင် မဆွေဆွေသူ (အသက် ၂၅) (ဘ) ဦးကျော်သူဝင်း ကွမ်းယာဆိုင်၊ ယောဝရပ် ဆိပ်ဖြူမြို့။ (၂) တရားခံအဖြစ် ကိုမျိုးမြင့်ထွေး (အသက် ၃၃) (ဘ)ဦးလက္ကတီး(ခ) ဦးတင်မောင် ကျဘမ်းလုပ်ကိုင်၊ ယောဝရပ် ဆိပ်ဖြူမြို့နေသူ နှစ်ဦးတို့အား အမှုဖွင့် အရေးယူပေးပါရန် ဆိပ်ဖြူမြို့မရဲစခန်း ရဲစခန်းမှူးထံသို့ ဒု ရဲအုပ်တစ်ဦးမှ အမှုဖွင့်တိုင်းကြားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
အဆိုပါအမှုအား (ပ)၄၀/၂၀၁၂ လောင်ကစား ဥပဒေပုဒ်မ ၁၅(က)ဖြင့် မြို့နယ်တရားရုံးသို့ (၂၉-၁၀-၂၀၁၂)နေ့မှာ စွဲချက်အမှတ် ၃၅/၂၀၁၂ တရားခံနှစ်ဦးအား တရားစွဲတင်ပို့ခဲ့ကြောင်း၊ ဆိပ်ဖြူမြို့နယ်ဥပဒေအရာရှိ နှင့် မြို့နယ် တရားသူကြီး တို့မှ လက်ခံစစ်ဆေးခဲ့ကြကြောင်း၊ ထိုအမှုကို (၁၂-၁၂-၂၀၁၂)နေ့မှာ ဆိပ်ဖြူမြို့နယ်တရားရုံးတွင် စီရင်ချက်ချမှတ်ခဲ့ ကြောင်း၊ ၎င်းစီရင်ချက်အား သတင်းပေးသူ တာဝန်သိပြည်သူတစ်ဦးနှင့် လုပ်သားပြည်သူအများက အထူးစိတ်ဝင်စား နေကြကြောင်း ပြောကြား၍ သတင်းရရှိခဲ့သည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment