`မကွေးတိုင်းဒေသကြီး NLD ပါတီ အတွင်းမှာ ပထမ အဦးဆုံး ကျင်းပပြီးသော မင်းတုန်းမြို့နယ်NLD ညီလာခံ´

ဒီဇင်ဘာ(၁၃)ရက်နေ့တွင် မင်းတုန်းမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်း မှ မဇ္ဈိမ သို့လာရောက်ပြောကြားသည်။ မကွေးတိုင်းဒေသကြီး NLD ပါတီအဖွဲ့ တွင် ပထမ အဦးဆုံး ကျင်းပပြီးသော မင်းတုန်းမြို့နယ်NLD ညီလာခံ ပြုလုပ်ပြီးကြောင်း သိရသည်။ မင်းတုံးမြို့နယ်အတွင်းပါတီဝင်ပေါင်း(၁၅၀၀)ကျော်ခန့် စုစုပေါင်းအဖွဲ့ဝင်အဖြစ် လက်ခံပြီးကြောင်း၊ ရပ်ကျေး/ အုပ်စုပေါင်း (၇၆)အုပ်စု ရှိသည့်အနက်မှ ရပ်ကျေး/အုပ်စု(၄၅)အုပ်စု မှာ ရပ်/ကျေးညီလာခံများ ကျင်းပပြီး၍ ဒီဇင်ဘာ(၉)ရက်နေ့တွင် မင်းတုန်းမြို့နယ်NLD ညီလာခံကျင်းပနိုင်ခဲ့ကြောင်း၊ (အုပ်စုအားလုံး ညီလာခံ မကျင်းပနိုင်သော်လည်း အုပ်စု ၅၀%ကျော် ကျင်းပနိုင်ခဲ့လျှင် မြို့နယ်ညီလာခံကျင်းပနိုင်ကြောင်းကြားသိရ၏) အရွေးချယ်ခံကိုယ်စားလှယ် ပေါင်း(၁၁၄)ဦး တက်ရောက်ကြ၍ မြို့နယ်စည်းရုံးရေးကော်မတီအဖြစ် အလုပ်အမှုဆောင် (၁၉)ဦးအား ရွေးချယ်တင်မြောက် ပြီးခဲ့ကြောင်း သိရသည်။ ဥက္ကဋ္ဌ ဦးတင်ဝင်း၊ ဒုဥက္ကဋ္ဌ ဦးအေးလှိုင်ဦး၊ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ တွဲဘက်အတွင်းရေးမှူး ဦးဝင်းညွန့်၊ ဘဏ္ဍာရေးမှူး ဒေါ်စိုးစိုးမြင့် နှင့် အဖွဲ့ဝင်(၁၄)ဦးတို့ဖြစ်ကြောင်း သိရသည်။ မင်းတုန်းမြို့နယ်အတွင်း NLD ညီလာခံကော်မရှင်ရွေးချယ်ရေး လုပ်ငန်းများမှာ အကွဲအပြဲကိစ္စအား မေးမြန်းကြည့်ရာ..၊ `မင်းတုန်းမြို့နယ်အတွင်းမှာလည်း အနည်းငယ်တော့ အကွဲအပြဲရှိကြပါတယ်။ ကိုယ့်အတွင်းစည်းထဲက နေရာလုကြတာ ပါဘဲ။ ဒါပေမယ့် အားလုံးပြန်လည် အဆင်ပြေသွားကြပါတယ်။ ကျွန်တော်က (၈၈)အရေးအခင်းတုံးက သပိတ်ခေါင်းဆောင် တစ်ဦးပါ။ အရေးအခင်းပြီး နောက်ပိုင်းက NLD ပါတီကိုဝင်လာခဲ့သူပါ..။ ယခု ကျွန်တော်တို့ မင်းတုန်းမြို့နယ်ညီလာခံ စည်းရုံးရေးအလုပ်အမှုဆောင် ရွေးချယ်ပွဲကို သရက်မြို့နယ်NLD ညီလာခံအဖွဲ့က ကြီးကြပ်ပြီး ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ ရွေးချယ်ပေးခဲ့ကြတာပါ။ မကွေးတိုင်းအတွင်းမှာတော့ ကျွန်တော်တို့ မင်းတုန်းမြို့နယ်က ဦးဦးဖျားဖျား ပထမ အဦးဆုံး NLD မြို့နယ်ညီလာခံ ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်ခင်ဗျာ..။´ ဟု မင်းတုန်းမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်း မှ မဇ္ဈိမ ကို ပြောသည်။ ၀ိုင်းအောင်
 

0 comments: