
စက်တင်ဘာ(၅)ရက် နံနက်(၁၀)နာရီ နေ့(၁)နာရီအချိန်ခန့်၌ မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ်း နန်းထိုက်သူ ဟိုတယ်တွင်မကွေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပကြောင်းသတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ဧည့်ရိပ်သာ၊ တည်းခိုးခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်ဇုံ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်ထွန်း နှင့် မကွေးတိုင်းဒေသကြီး သဘာဝပန့်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သစ်တောဦးစီးဌနမှူး ဦးမြင့်သိန်း နှင့် ဖိတ်ကြားထားသူ စုစုပေါင်း(၁၀၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက အဖွင့်အမှာပြောကြား၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ မိတ်ဆက်၍ ရှင်းလင်းပြောကြားကြောင်း၊ မကွေးတိုင်းဒေသကြီး ခရီးစဉ်များကို ဥက္ကဋ္ဌ ဦးကြည်ထွန်း ကရှင်းလင်း၍ ခရီးသွားများအတွက် ရွှေစက်တော် ဘေးမဲ့တောဖော်ဆောင်နိုင်မည့်အကြောင်း နှင့် တက်ရောက်လာသူ လုပ်ငန်းရှင်အသီးသီးမှ ဆွေးနွေးကြ သည်။
အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာသူ ဟိုတယ်လုပ်ငန်းရှင်များအား ဆွေးနွေးပွဲနှင့် ပတ်သက်၍ အခက်အခဲများ ကို သတင်းထောက်က မေးမြန်းရာ`` အိမ်သာမှ ဧည့်လာကြမှာပါ။ ``ဧည့်စာရင်းစစ် တဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်များကို မိတ္တူဆွဲပြီး ပေးရင်လုံလောက်ပါပြီ၊ ညအချိန်နဲ့ သူတို့အနားယူပြီး အိပ်နေတဲ့အချိန်တွေမှာ နိုင်ငံခြားသားဧည့်သည်ကို အိပ်ယာမှ နိုးခိုင်းခြင်းမျိုး မဖြစ်သင့်တော့ပါ။´´ ဟု သက်ဆိုင်သူ အကြီးအကဲတစ်ဦးကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ပခုက္ကူမြို့မှ ဟိုတယ်လုပ်ငန်းရှင် ဒေါက်တာသက်လွင်( ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး သတင်းစာဆရာ အသင်း)က ကိုပြောသည်။
0 comments:
Post a Comment