၂ဝ၁၅အတွက် သင်္ကြန်စာအလိုတော်အတိုင်း ဘာတွေဖြစ်ဦးမလဲ
Posted by: Video-editer on November 28, 2014 at 12:33 PM
0 Comments မှ ကူးယူဖော်ပြပါသည်။
ဗေဒင်နဲ့နက္ခတ်ဆိုတာ ထီးသုံးနန်းသုံးပညာရပ်တစ်ခုဖြစ်လို့ ပဒေသရာဇ်ခေတ်မှာ ပြည်သူတွေနဲ့ အလှမ်းဝေးကွာခဲ့ရပါတယ်။ ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာတော့
သင်္ကြန်စာဆိုတာ စတင်ပေါ်ပေါက်လာပြီး မင်းတုန်းမင်းခေတ်မှာ
တိုင်းသူပြည်သားတွေ တစ်နှစ်တာကံကြမ္မာကို သိနိုင်ဖို့ သင်္ကြန်စာတွေ
ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ သင်္ကြန်စာ ဟောကိန်းတွေအတိုင်း
ဖြစ်ကိုဖြစ်လာကြမှာလား။
မြန်မာပြည်ကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း
ထုတ်ဝေတဲ့ သင်္ကြန်စာတွေဟာ ဆင်ဆာဖြတ်တောက်မှုတွေရှိတာမို့ ပြည်သူတွေရော၊
ပညာရှင်တွေကပါ ယုံကြည်တာ မဟုတ်ခဲ့ပါဘူး။ အရပ်သားအစိုးရတက်လာပြီးနောက်
သင်္ကြန်စာတွေမှာ နိုင်ငံရေး၊ စီးပွားရေးဟောကိန်းတွေ ရှိခဲ့တာမို့ လာမယ့်
၂ဝ၁၅ဟာ တိုင်းပြည်ကံကြမ္မာအတွက် ဘယ်လိုဟောကိန်းထုတ်လို့ ဘာတွေဖြစ်ကြမှာလဲ။
နက္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကိုကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လာမယ့်
၂ဝ၁၅ ဖေဖော်ဝါရီနဲ့ မတ်လမှာ ပြင်ဆင်နိုင်မယ့်အခြေအနေကို တွေ့ရပြီး
သမ္မတအရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ၅၉ (စ)ကိုတော့ ရွေးကောက်ပွဲနီးခါနီး သြဂုတ်နဲ့ စက်တင်ဘာမှာ ပြင်ဆင်နိုင်မယ်လို့ ကမာရွတ်မီဒီယာကို ပြောဆိုပါတယ်။
၂ဝ၁၅ခုနှစ်
သင်္ကြန်စာအရ တနင်္ဂနွေဂြိုဟ်မင်းက ဇင်ရွေးနီအဆင်းနဲ့တူတဲ့
ဝတ်စုံကိုဝတ်ဆင်ပြီး ဂဠုန်ကိုစီး၊ လက်တစ်ဖက်က သန်လျက်၊ လက်တစ်ဖက်က
တံစဉ်ကိုင်ပြီး ဆင်းမယ်လို့ ဆိုပါတယ်။ လာမယ့် မေလမှာ လွှတ်တော်အမတ်တွေ
အခွင့်အာဏာ ရုတ်သိမ်းခံရပြီး စက်တင်ဘာမှာ စစ်တပ်အတွင်း
အပြောင်းအလဲကြီးတစ်ခု ပေါ်ပေါက်မယ်လို့ ဆိုပါတယ်။ ဒီအပြောင်းအလဲဟာ
ကောင်းပြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အခါ ပဋိပက္ခဖြစ်မယ်လို့
ဆိုပါတယ်။
နိုဝင်ဘာလမှာ
အာဏာရှိပုဂ္ဂိုလ်တစ်ယောက် ရာထူးကနှုတ်ထွက်ပြီး ဒီဇင်ဘာမှာ ထောင်ဖောက်မှု၊
ထောင်ဆူမှုတွေဖြစ်နိုင်သလို လုပ်ကြံမှုတွေလည်း ရှိမယ်လို့ ဆိုထားပါတယ်။
နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲအပြီး ဒုတိယသမ္မတတစ်ယောက် ကျန်းမာရေးအရ
နှုတ်ထွက်နိုင်ပြီး လွှတ်တော်ဥက္ကဌ နှစ်ယောက်ထဲက တစ်ယောက်ယောက်
နှုတ်ထွက်နိုင်တယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။
၂ဝ၁၅မှာ ထူးခြားတာက ရွေးကောက်ပွဲရလဒ်ရဲ့ပြောင်းပြန်သဘောမျိုး ခေါင်းဆောင်တစ်ယောက်က သမ္မတမဖြစ်ဘဲ အခြားတစ်ယောက်ကဖြစ်သွားနိုင်တာလို
ထူးခြားမှုတွေရှိနိုင်ပြီး တိုင်းပြည်က သမ္မတအပြောင်းအလဲတွေကို သုတေသန
လုပ်ဖူးတဲ့အတွေ့အကြုံအရ သမ္မတဖြစ်မယ့်သူဟာ ကြာသပတေးနဲ့ စနေသားသမီး (ဒါမှမဟုတ်)အဲဒီနံနဲ့စတဲ့သူတစ်ယောက်ယောက်ဖြစ်မယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်စီးမယ့်ပြဿနာတွေအပြင်
ငြိမ်းချမ်းရေးရပြီး စစ်မက်တွေနဲ့ ဝေးကွာသွားမယ့် ဂြိုဟ်အနေအထား
မတွေ့ရတာကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့က ပြည်သူလိုလားတဲ့ ခေါင်းဆောင်
အုပ်ချုပ်ရင်တောင် မရနိုင်ဘူးလို့ ဆိုပါတယ်။ သိကြားမင်းဆင်းပြီး
ကြိုးစားတောင် ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ဦးဇေယျာကိုက ပြောပါတယ်။
0 comments:
Post a Comment