မကွေး၊
ဇန်န၀ါရီ ၂၄။
မကွေးမြို့၊
စိုးကောမင်းရပ်ကွက်၊ သံဃာရာမ စာသင်ကျောင်းတိုက်တွင် ၂၀၁၅၊ ဇန်န၀ါရီ ၂၄ ရက်၊ နံနက် ၁၀
နာရီမှ ညနေ ၅နာရီအချိန်ခန့်ထိ ကျောင်းသားများသမဂ္ဂ(မြေလတ်ဒေသ)အဖွဲ့ချုပ် နှင့် NNER
တို့ပူးပေါင်း၍ ကျင်းပသော မြေလတ်ဒေသလုံးဆိုင်ရာ ကျောင်းသား၊ကျောင်းသူမျာ တွေ့ဆုံဆွေးနွေးပွဲ
ကျင်းပကြောင်း မြေလတ်မီဒီယာ ဂျာနယ်မှ သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးမြို့မှ
တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အင်အား ၂၅၀ ဦးတက်ရောက်ကြောင်း၊ မကွေးမြို့မှ
ကျောင်းသားသမဂ္ဂဟောင်းကြီးများ ဦးလှအောင် ပညာရေးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ၊
ဆရာကြီး ဦးတင်စိုး(သစ်ရာကောက်)၊ ဦးတင်စိုးဝင်း တို့နှင့် NNER ဦးရဲဝင်း၊ ဦးဇော်မျိုးနိုင်၊
ဒေါ်သုသုအောင် တို့က အမျိုးသားပညာရေးမူဝါဒ နှင့် အစိုးရမှ အတည်ပြုရေးဆွဲထားသော ပညာရေးမူဝါဒ
ဥပဒေများ၏ အားနည်းချက်များကို ဦးဆောင်ဆွေးနွေးကြသည်။
ဇန်န်ဝါရီ ၂၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူများသီးသန့်
တွေ့ဆုံဆွေးနွေးကြ မည်ဖြစ်ကြောင်း၊ ဇန်ဝါရီ ၂၆ ရက်နေ့တွင် အလုပ်သင်ဆရာဝန် ဦးထက်ထက်ဇော်(MBBS)
(၂၅)နှစ် မှ ဦးဆောင်ပြီး ကျောင်းသားပေါင်း တစ်ထောင်ခန့်ဖြင့် အမျိုးသားပညာရေးနှင့်
ပတ်သက်၍ သဘောဆန္ဒထုတ်ဖော် ဆန္ဒပြရန် ဒေသခံအာဏာပိုင်သို့ ခွင့်ပြုမိန့်တင်ထားကြောင်း မြေလတ်မီဒီယာ
က သတင်းရရှိသည်။
မြေလတ်မီဒီယာ
0 comments:
Post a Comment