၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည (၁၁း၄၅) အချိန်တွင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့၊ မင်းလှမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်
ရွက်နေစဉ် ရွာတော်ကျေးရွာအနီးတွင် မင်းလှမြို့၊ တောင်ရပ်ကွက်နေ ရဲမိုးအောင်
(၁၈)နှစ်မှ ယာဉ်အမှတ်၊ ၃၃ယ/xxxx ၊ လော့ဂျာ-၁၁ဝ အနက်ရောင်ဆိုင်ကယ်တစ်စီးအား
တွန်းလာသည်ကိုတွေ့ရှိရ၍ မသင်္ကာ သဖြင့် စစ်ဆေးမေးမြန်းရာ
၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံသော အထောက် အထား ပြောဆိုပြသနိုင်ခြင်း
မရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။
ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ရဲမိုးအောင်
(၁၈)နှစ်အား မင်းလှ မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၃/၂ဝ၁၅၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်
လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment