

ရန်ကုန်၊ သြဂုတ် (၁၁) ။ ။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီရွေးချယ်ပွဲကို ယနေ့နံနက် (၉) နာရီမှစတင်၍ ရန်ကုန်၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်ခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါရွေးချယ်တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံတ၀ှမ်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သတင်းစာဆရာများအသင်းဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းရွေးချယ်တင်မြှောက်ပွဲကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီက ဦးစီးကျင်းပပေးခဲ့ခြင်းဖြစ်သည်။
၎င်းအခမ်းအနားမှာ ဒီမိုကရေစီနည်းကျကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဗဟိုဦးစီးအဖွဲ့ဝင် (၅၅) ဦးကို ပထမဦးစားပေးရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် (၂၁) ရွေးချယ်ခဲ့ရာတွင် အောက်ပါပုဂ္ဂိုလ်များ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို)
ဥက္ကဋ္ဌ- မောင်ဝံသ
ဒုတိယဥက္ကဋ္ဌ(၁) - ဦးကိုကို(စက်မှု)
ဒုတိယဥက္ကဋ္ဌ(၂) - ဦးသီဟစော
ဒုတိယဥက္ကဋ္ဌ(၃) - ဦးဝင်းငြိမ်း
အတွင်းရေးမှူး- ဦးဖိုးနိုင်လင်း
တွဲဖက်အတွင်ရေးမှူး(၁) - ဒေါက်တာမျိုးမင်းထိုက်
တွဲဖက်အတွင်းရေးမှူး(၂) -ဦးကျော်စွာမင်း
တွဲဖက်အတွင်းရေးမှူး(၃) - ဒေါ်မေသင်္ကြန်ဟိန်
ဘဏ္ဍာရေးမှူး- ဒေါ်ဆင့်ဆင့်အောင်
စာရင်းစစ်မှူး - ဦးအောင်သူမြိုင်
ပြန်ကြားရေးမှူး - ဦးမြတ်ခိုင်
နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ- ဦးစောလင်းအောင်၊ ဦးနေဘုန်းလတ်၊ ဒေါက်တာဇော်သန်း၊ ဦးရဲမင်းဦး၊ ဦးစိန်ဝင်း၊ ဦးဇေယျာမြတ်ခိုင်၊ ဒေါ်အိအိမြတ်၊ ဦးအောင်ရဲမောင်မောင်၊ ဦးအေးချမ်းဟိန်။
ရွေးချယ်တင်မြှောက်ရာတွင် ရရှိသည့်မဲအရေအတွက်များ
မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနိုင်ငံလုံးဆိုင်ရာညီလာခံရလဒ်
သတင်း agency ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင်(၃)ဦး
၁။ဒေါ်မေသင်္ကြန်ဟိန် (၉၆)မဲ
၂။ဦးအောင်လှထွန်း (၉၄)မဲ
၃။ဦးအောမြိုင် (၆၉)မဲ
Online ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး
၁။ ဦးနေဘုန်းလတ် (၉၈)မဲ
၂။ ဦးစိန်ဝင်း (၉၂)မဲ
၃။ ဦးအေးချမ်းဟိန်(၅၇)မဲ
ရုပ်သံကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး
၁။ ဒေါ်အိအိတင်
၂။ ဒေါ်ဆင့်ဆင့်အောင်
၃။ ဦးအောင်ရဲမောင်မောင်
ပုံနှိပ်မီဒီယာကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃၂)ဦး
၁။ ဦးစိုးသိန်း (မောင်ဝံသ) (၁၀၂)မဲ
၂။ ဦးကိုကို (၁၀၀)မဲ
၃။ ဦးသီဟစော (၉၀)မဲ
၎။ ဦးမြတ်ခိုင် (၈၇)မဲ
၅။ ဦးဝင်းငြိမ်း (၈၇)မဲ
၆။ ဦးကျော်စွာမင်း (၈၁)မဲ
၇။ ဦးဖိုးနိုင်လင်း (၇၈)မဲ
၈။ ဦးဇေယျာမြတ်ခိုင် (၇၆)မဲ
၉။ ဒေါက်တာဇော်သန်း (၇၄)မဲ
၁၀။ ဦးလှိုင်ဘွား (၇၂)မဲ
၁၁။ ဦးစောလင်းအောင် (၇၁)မဲ
၁၂။ ဒေါက်တာမျိုးမင်းထိုက် (၆၉)မဲ
၁၃။ ဒေါ်အိမ့်မှူးခင် (၆၃)မဲ
၁၄။ ဦးကြည်အောင် (၅၇)မဲ
၁၅။ ဒေါက်တာစိန်စိန်သိန်း (၅၇)မဲ
၁၆။ ဦးအောင်နိုင် (၅၇)မဲ
၁၇။ ဦးဇော်လင်း (ရဲရဲ-ပျဉ်းမနား) (၅၆)မဲ
၁၈။ ဒေါ်ချိုအိဇင် (၅၃)မဲ
၁၉။ ဦးထွန်းဝင်း (၄၇)မဲ
၂၀။ ဦးဘဦး (၄၇)မဲ
၂၁။ ဦးရဲမင်းဦး (၄၄)မဲ
၂၂။ ဦးမျိုးမင်းဦး (၄၄)မဲ
၂၃။ ဦးစိန်ရွှေ(၄၃)မဲ
၂၄။ ဦးအောင်မြင့် (၄၃)မဲ
၂၅။ ဦးခင်မောင်သိန်း (၄၃)မဲ
၂၆။ ဦးဘသန်းတင် (၄၂)မဲ
၂၇။ ဦးဝင်းကြည် (၄၀)မဲ
၂၈။ ဦးရန်နိုင် (၃၈)မဲ
၂၉။ ဦးမြင့်အောင် (၃၈)မဲ
၃၀။ ဦးခင်မောင်ဝင်း (၃၇)မဲ
၃၁။ ဦးမိုးကျော်မြင့် (၃၇)မဲ
၃၂။ ဦးသက်အောင်ထွန်း (၃၅)မဲ
0 comments:
Post a Comment