

သြဂုတ်(၂)ရက်၊ ၀ါဆိုလပြည့်နေ့၊ မကွေးမြို့၊ မြသလွန်ဘုရားအရှေ့ဘက်၊ အောင်ပုံရွာထိပ်ရှိ အတုလ၀ံသ ဘုန်းတော်ကြီးကျောင်း၊ ဦးပညာသာမိ ကျောင်းထိုင်ဆရာတော်ထံတွင် မကွေးမြို့နယ်NLD အဖွဲ့ဝင်၊ ပြည်တော်သာပါတီဝင် များမှ ၀ါဆိုသက္ကန်း ဆက်ကပ်ပွဲပြုလုပ်ကြောင်းသတင်းရရှိပါသည်။ မကွေးမြို့နယ် NLD ပါတီရုံးမှ မကွေးမြို့နယ် ကန်ပြား အနောက်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် မကွေးမြို့ ကန်သာရေကန်ကြီး အရှေ့ဘက်ရှိ ဝေယံဘုံမြင့် ဘုန်းတော်ကြီး ကျောင်းတို့တွင် ၀ါဆိုသက္ကန်းများဆက်ကပ်လှူဒါန်းကြကြောင်း သိရပါသည်။
`ကျွန်တော့်နာမည် ဦးစိန်မောင်ပါ။ အမာခံအဖွဲ့(၄/၅)ယောက်လောက်စုပေါင်းမတည် လှူဒါန်းကြတာပါ။ ကျွန်တော်တို့ ပြည်တော်သာ NLD အဖွဲ့ဝင်အင်အားက(၁၀၀)လောက်ရှိပါတယ်။ ကျွန်တော်တို့ မကွေးမြို့နယ် NLD ရုံးအဖွဲ့က စုပေါင်း လှူဒါန်းပွဲကတော့ ကန်ပြားအနောက်ရွာဘုန်းကြီးကျောင်းနဲ့ ကန်သာကန်ကြီးဘေးက ဝေယံဘုံမြင့်ဘုန်းကြီးကျောင်း တို့မှာ ၀ါဆိုသက္ကန်းကပ်ကြပါတယ်။ နေရာ(၃)နေရာမှာ ခွဲပြီးလှူဒါန်းကြပါတယ်။ ဒါ ပထမအကြိမ် ကျွန်တော်တို့NLD ပါတီက ၀ါဆိုသက္ကန်း ဆက်ကပ် လှူဒါန်းကြတာပါ။ မကွေးမြို့နယ် NLD ရုံးအဖွဲ့သားတွေကတော့ ကျွန်တော်တို့ဆီကို နံနက်(၁၀)နာရီမှာ စုပေါင်းရောက်လာကြမှာပါခင်ဗျာ..။´ဟု NLD ပြည်တော်သာပါတီဝင်တစ်ဦးမှ ပြောပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment