`မကွေးမြို့မှာ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ (၂၂) ဖွင့်ပြီ၊ အများပြည်သူတွေအတွက်
နိုင်ငံတော်မှ ပုဂ္ဂလိဘဏ်တွေကို ဒီထက် ပိုမို၍လုပ်ပိုင်ခွင့်များ ဖွင့်ပေးစေလို ဟု ဦးချစ်ခိုင်တောင်းဆို´

ဧပြီ(၈)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့၊ပြည်တော်သာလမ်း၊ရွာသစ်ရပ်ကွက် မြန်မာရှေ့ဆောင်ဘဏ်ခွဲ အမှတ်(၂၂) ကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်၍ ဖွင့်လှစ်ပေးကြောင်းသိရသည်။ ထူးခြားစွာဖြင့် ဘဏ်ဖွင့်ပွဲတွင် ငွေစုသူများ နှင့် ဧည့်ပရိပ်သတ်များကို ထိုက်တန်စွာ လက်ဆောင်များပေး၍ အကြွေးအမွေးများနှင့် ဖော်ရွေပျုငှါစွာဖြင့် ကြိုဆိုဧည့်ခံကြောင်း သိရသည်။ မြန်မာ့ရှေ့ဆောင်ဘဏ် လီမီတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ မကွေးဘဏ်ခွဲ ဘဏ်မန်နေဂျာ ဒေါ်သီတာ နှင့် မကွေးဘဏ်ခွဲ မာကီးတင်း မန်နေဂျာ ဦးနိုင်အောင် တို့အဖွဲ့က မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း သိလိုသည်များကို တွေ့ဆုံခဲ့ရာမှ ကောက်နှုတ်ဖော်ပြပါသည်။


``အများပြည်သူတွေအတွက် ကျွန်တော်တို့ဘဏ်တွေကို အတိုးနှုန်းလေးကိုတော့ လက်ရှိအခြေနေမှာနိုင်ငံတော်က လျှော့ပေးဖို့စဉ်းစားနေပါတယ်။ စဉ်းစားနေတဲ့အပိုင်းကလည်း မကြာခင်မှာ ဖြစ်လာတော့မယ်လို့ယုံကြည်မိပါတယ်။ ကျွန်တော်တို့ကလည်း လျှော့ပေးစေချင်ပါတယ်။ သူတို့ကအတိုးနှုန်းလျှော့ပေးသလို ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ဒီထက်မက ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် ချေးငွေရဲ့၇၀% ကိုဘဲ ကျွန်တော်တို့က ပြန်ချေးလို့ရပါတယ်။ ၇၀% ချေးငွေက (၁၃%)ဆိုတော့ ကိုးကျပ်လောက်ပဲရပါတယ်။ ကျွန်တော်က ပြန်ပေး ရတော့ ရှစ်ကျပ်ပြန်ပေးရမှာပါ။ ၀န်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဆိုတော့ ကျွန်တော်တို့ဘဏ်တွေမှာ အကြပ်အတည်းလေးတွေ တွေ့နေရပါတယ်။ ကျန်တဲ့ပရောကက်တွေနဲ့ အင်တာနေရှင်နယ် ဘဏ်ကီးတွေပေါ်လာရင်တော့ ဒါတွေဟာ တစ်ဖြည်းဖြည်းလျှော့နည်းသွားပါ့မယ်။ ယခုမကွေးဘဏ်ရောဆိုရင် ဘဏ်ပေါင်း(၂၂)ခုရှိပါပြီ။ ၂၀၁၅ ခု မရောက်ခင်မှာ အနည်းဆုံး ဘဏ်ခွဲပေါင်း(၁၀၀)အထိဖွင့်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ရဲ့ မတည်ရင်းနှီးငွေပေါင်းကတော့ ယခုအထိ (၄၀)ဘီလျံအထိရှိပါပြီ..။ မကြာခင်မှာ မြင်းခြံမြို့၊ မိထ္ထီလာမြို့ သံတွဲနဲ့ တောင်ကုတ်မြို့တွေမှာ ဆက်လက်ဖွင့်သွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ…။´´ဟု မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင်မှ မြန်မာပို့စ် ဂလိုဘယ်သို့ ပြောသည်။
အဆိုပါ ဘဏ်ဖွင့်ပွဲတွင် မြန်မာရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဦးချစ်ခိုင် မှ မကွေးမြို့ ဖန်းခါးမြေ ဘိုးဘွားရိပ်သာ အတွက် ငွေကျပ်သိန်း(၅၀) နှင့် မကွေးမြို့ မိဘမဲ့ နေ့ကလေးထိန်းကျောင်းအတွက် ငွေကျပ်သိန်း(၅၀)တို့ကို လှူဒါန်းကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment