``သင်းခွေချပ် (Pongalin ) အကောင်ကြီး မကွေးမြို့၌ ထူးဆန်းစွာတွေ့ရှိ´´

ဧပြီ(၂၄)ရက်နေ့ တွင် မကွေးမြို့ ရန်ကင်းရပ် တောင်တွင်းလမ်း မကွေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန ရုံးအတွင်း၌ သင်းခွေချပ် အကောင်ကြီး ကို ထူးဆန်းစွာဖြင့် တွေ့ရှိထားကြောင်းသိရသည်။ အဆိုပါသင်းခွေချပ် အကောင်းကြီးကို ၁၃၇၅ ခု မြန်မာနှစ်ဆန်းတစ်ရက်နေ့ညမှာ ဖမ်းဆီးရမိကြောင်း၊ အလေးချိန် (၅)ပိဿာ (၈)ကျပ်သားရှိကြောင်း၊ သင်းခွေချပ် အကောင်ကြီး မတ်တပ်ရပ်လျှင် ၎င်းအားထည့်ထားသော ကတ္တရာပေပါအမြင့်ထိရှိ ကြောင်း၊ နေ့တွင် ၎င်း ကတ္တရာပေပါထဲမှာ ထည့်ထား၍ ခွေအိပ်နေသော ဓာတ်ပုံမှတ်တမ်းရယူ ခဲ့သည်။ ညဘက်တွင် ရေသံကန်ပျက်အကြီးထဲတွင် ပြောင်းရွှေ့ပေးကြောင်း၊ ညပိုင်းမှ ရေထည့်သံကန်ကြီးအတွင်းသို့ လှေခါးဖြင့်တက်/ဆင်းပြု လုပ်ပြီး သတင်းဓာတ်ပုံရယူခဲ့ပါသည်။ အဆိုပါ သင်းခွေချပ်အကောင်ကြီး တွေ့ရှိခြင်း အသေးစိတ်ကို ကိုယ်တိုင်ဖမ်းဆီး၍ စောင့်ရှောက်ကြွေးမွေးထားသော ဆည်မြောင်း ၀န်ထမ်းတစ်ဦးက ဤ သို့ပြောသည်။ `` ဒီကောင်ကြီးကို နှစ်ဆန်းတစ်ရက်နေ့ ညပိုင်းမှာတွေ့ပါတယ်။ ရေစင်ဘေးက သံချောင်းပုံတွေထဲကို ခွေးတွေက ၀ိုင်းပြီးဟောင်နေကြပါတယ်။ မသင်ကာလို့ ဓာတ်မီးတွေနဲ့ထိုးရှာတော့ ဒီသင်းခွေချပ် အကောင်ကြီးကို မြင်ရပါတယ်။ ပထမတော့ မြွေကြီးမှတ်နေကြပါတယ်။ ခွေးတွေကို ကြောက်ပြီး သူကထွက်ပြေးတော့ အမြီးမပါ ခန္ဓာကိုယ်ကြီးက ခွေးတစ်ကောင်လောက်ရှိနေတာကို မြင်လိုက်ရပါတယ်။ မတ်တပ်ရပ်လိုက်ရင် ကတ္တရားပေပါလောက် မြင့်ပါတယ်။ ဖမ်းမီတော့မှ သင်းခွေချပ် အကောင်ကြီးဆိုတာ သိလိုက်ရပါတယ်။ ခြေလေးချောင်းပါတယ်။ အမြီးပါတယ်။ မျက်နှာက ကြွက်ခေါင်ပုံ နားရွက်နဲ့ ခြေသဲ လက်သဲတွေပါတာကို မြင်ရတယ်။ လူကို ယခုထိတော့ ရန်မမှုသေးပါဘူး။ သူ့ကိုထိလိုက်ရင် အသံကြားရင် ခေါင်းထိုးပြီး လုံးထွေးသွားပါတယ်။ မြင်ရတဲ့အတိုင်း အကြေးခွံတွေပါပါတယ်ဗျ။ သူ့သေးနဲ့ချေးနံ့ကတော့ နံစော်နေတာဘဲ။ ပလပ်စတစ်ရေပုံးထဲကို ထည့်ပြီးချိန်ကြည့်တော့ (၅)ပိဿာနဲ့ (၈)ကျပ်သားရှိပါတယ်။ သူ့ကိုနေ့မှာ ကတ္တရာပေပါခွန်ထဲမှာ ထည့်ထားတယ်။ နေ့ဆို လုံးပြီးခွေနေပါတယ်။ ည သံကန်ကြီးထဲမှာ ပြောင်းပြီးထားပေးပါတယ်။ ညဆိုရင် သံကန်ကြီးထဲမှာ ပြေးလွှာနေပါတယ်။ လောလောဆယ် အစာကတော့ ကန်စွန်းရွက် နဲ့ ရေကိုသာ တိုက်ကြွေးပါတယ်။ ပရွှတ်ဆိတ်အုံတွေဆိုလည်း စားပါတယ်။ ဒီ သင်းခွေချပ်ကြီးကို သက်ဆိုင်ရာသို့ အပ်နှံဖို့ စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျာ…။´ ဟု အမည်မဖော်လိုသူ ဆည်မြောင်းဝန်ထမ်းတစ်ဦးက မြန်မာပို့စ်ကို ပြောသည်။ Pongalin သင်းခွေချပ်သတ္တ၀ါ ဟုဆို၏။ ပင်လယ်ရေစပ်များတွင် ကျက်စားသွားလာသည်ဟု အင်္ဂလိပ် အဘိဓာန်တွင် ဖော်ပြထားကြောင်းတွေ့ရှိရသည်။ မြန်မာ့ဓလေ့အရ ရှေးလူကြီးများ၏ ပြောထားခဲ့သော စကားအရ သင်းချွေချပ် သတ္တာဝါက လူနာမည်ကို ခေါ်ဆိုတတ်ကြောင်း အမည်ခေါ်ဆိုခံရသူမှ ပြန်ပြီးထူးခဲ့လျှင် သေတတ်သည် ဟု ပြောဆိုသံများထားခဲ့ကြောင်း သိရှိရသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: