

ဇူလိုင်(၁၉)ရက် နံနက်(၅)နာရီအချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် နတ်မောက်လမ်း သံဃရာမ စာသင်ကျောင်းတိုက်ရှိ သံဃာတော်အပါး(၁၀၀)ကျော်အား မကွေးတိုင်း/ခရိုင်/မြို့နယ် NLDပါတီဝင်အင်အား(၅၀) ခန့်မှ နံနက်အာရုံဆွမ်းဆက်ကပ်လှူဒါန်းကြောင်း၊ ကျောင်းထိုင်ဆရာတော်မှ 19 July (၆၆)နှစ်မြောက် အာဇာနည်နေ့ ကောင်းမှု ဒါနကုသိုလ်များကို ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအား NLDပါတီဝင်များနှင့်အတူ အမျှပေးဝေကြသည်။
အလားတူ ဇူလိုင်(၁၉)ရက် နံနက်(၅)နာရီအချိန် မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၅လမ်း ရှိ ဦးမောင်မောင်စိုး တိုက်တွင် ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် အဖွဲ့ဝင်များ(၂၀)ခန့်ဖြင့် သံဃာတော်(၅)ပါးအားပင့်ဖိတ်၍ ဒန်ပေါက်ဆွမ်းနှင့် သင်္ကန်းများဆက်ကပ်လှူဒါန်းပြီး အကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ပွင့်လင်းလူ့အဖွဲ့ အစည်း လူမှုကွန်ယက် ဥက္ကဋ္ဌနှင့် အတူ အဖွဲ့ဝင်များမှ အမျှပေးဝေကြသည်။
အဆိုပါNLD ပါတီအဖွဲ့ဝင်များ နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် အဖွဲ့ဝင်များသည် အများပြည်သူများ နှင့်အတူ ပူးတွဲ၍ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင် မကွေးမြို့ အစိုးရရပ် ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သို့ စုပေါင်းချီတက်ကြ၍ လွမ်းသူပန်းခွေများချပြီး အလေးပြုကြမည်ဟု နံနက်(၇)နာရီ အထိ သတင်းရရှိ သည်။ (စုပေါင်း ချီးတက်အလေးပြု သတင်းထပ်မံတင်ပြပါမည်။)
0 comments:
Post a Comment