``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် သံဃာတော်(၉)ပါးဆွမ်းဆက်ကပ်´´
ဇူလိုင်(၁၉)ရက်၊ နံနက်(၁၀ နာရီ မှ ၁၀း၃၀)နာရီအထိ မကွေးမြို့ ရန်ကင်းရပ် မြို့ပါတ်လမ်းရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ တိုင်းသံဃနာယက ဆရာတော်ကျောင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် လွန်ခဲ့သော(၁၉၄၇)ခုနှစ်က ကျဆုံးခဲ့လေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား ရည်စူးပြီး သံဃာတော် (၉)ပါး ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အလှူဒါနပြုအမျှဝေခြင်း အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။
ပင့်ဖိတ် သံဃာတော်အရှင်မြတ်(၉)ပါးတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မေတ္တသုတ် ပရိတ်တော်များ ဖြင့် ချီးမြှင့်ကြသည်။ မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သြ၀ါစရိယ၊ တိုင်းဒေသကြီး (ဘ/က)ကျောင်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဘဒ္ဒ န္တကေလာသ (မဟာသတ္တမ ဇောတိကဓဇ)အရှင်သူမြတ်မှ ပရိတ် သတ်များ အား ငါးပါးသီလ ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ တိုင်းဥပဒေချုပ်၊ တိုင်းတရားသူကြီးချုပ်၊တိုင်းစာရင်းစစ်ချုပ်၊ သာသနာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ တိုင်း၊ ခရိုင် မြို့နယ်များမှ ဌာနဆိုင်ရာအရာရှိများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ တက်ရောက်ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ပါတီတစ်ခုတွင် (၅)ဦးဖိတ်ကြားထားကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ NDF ပါတီ၊ တ.စ.ည ပါတီဝင် ကိုယ်စားလှယ်များ နှင့် စုစုပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
Artikel ``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် သံဃာတော်(၉)ပါးဆွမ်းဆက်ကပ်´´ ini dipublish oleh shwelannwelanwinkyi pada hari Friday, July 19, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် သံဃာတော်(၉)ပါးဆွမ်းဆက်ကပ်´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment