
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများအဖွဲ့ချုပ် (မြေလတ်ဒေသ) လူငယ်ကျောင်းသားများအဖွဲ့သည် ဇူလိုင်(၇)ရက်နေ့ နံနက်(၉ မှ ၁၁)နာရီတွင် မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက် ခွါညိုလမ်းနှင့် ၃-လမ်းထောင့် ကိုအောင်ကျော် ကျော် နေအိမ်ခြံဝိုင်း အတွင်း၌(၅၁)မြောက် 7 JULY နှစ်ပတ်လည်နေ့ အခမ်းအနား ကို ကျင်းပကြောင်း သတင်းရရှိသည်။ မြေလတ်ဒေသ ကျောင်းသားသမ္မဂအဖွဲ့ချုပ် ကျောင်းသားအဖွဲ့ဝင်များ နှင့် ဧည်သည်တော်များ (၇၀)ဦးခန့် တက်ရောက်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် မကွေး(၈၈)အရေးတော်ပုံသပိတ်ခေါင်းဆောင် ဦးမြင့်ဦးက အဖွင့်ဂုဏ်ပြုစကားပြော၍ မကွေး မြစ်ကွေ့ဧရာလူမှုကွန်ယက် ဥက္ကဋ္ဌ ဦးခင်မောင်ကြည်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်ကျော် တို့က ကျောင်းသားသမ္မဂအဖွဲ့ချူပ်(မြေလတ်ဒေသ) လူငယ်ကျောင်းသားများကို ဂုဏ်ပြုအားပေးစ ကားပြောကြားကြောင်း၊ (၈၈)ကျောင်းသားဟောင်း ကိုသန်းနိုင်မှ 7 LULY ကျောင်းသားသမ္မဂ၏ သမိုင်းကြောင်း ကိုပြောကြားသည်။ ထို့နောက် မကွေးမြို့ ၅၁ နှစ်ပြည့် (7 JULY နှစ်ပတ်လည်အခမ်းအနားသို့)လူဘောင်သစ်လူငယ်အဖွဲ့မှ ပေးပို့သော သ၀န်လွှာကို မြေလတ်ဒေသ ကျောင်းသားသမ္မဂအဖွဲ့ဝင် ကိုရန်ပိုင်မြင့် က ဖတ်ကြားသည်။

``ဒီနေ့ အခမ်းအနားကို ကျမ တော်တော်ရင်တွေခုန်နေပါတယ်။ 7 JULY ဒီလိုအခမ်းအနာကို ကျင်းပနိုင်အောင် ကျမတို့အရင်က ကျောင်းသားတွေရဲ့အသက်တွေ သွေးတွေ ချွေးတွေကိုစတေးခဲ့ရပါတယ်။ အဲဒီသွေးတွေဟာ ယနေ့အထိ ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေလျှက်ပါ။ သူတို့ရဲ့ခံယူချက်တွေအတိုင်း မော်လီဖိုင်းလုပ်ပြီး ကျမတို့ဆက်လက် ခံယူကြမယ်။ ဒါကြောင့် ဒီလိုနေ့မှာ ၀မ်းနည်းနည်းနေမယ့်အစား ကျမတို့ကျောင်းသားတွေ အားလုံးရဲ့ခေါင်းတွေနဲ့ အားသစ်တွေ ဆက်လက်မွေးကြမယ်။ ရှေ့လုပ်ငန်းစဉ်တွေကိုအောင်မြင်အောင် တက်လှမ်းဆောင်ရွက်နေကြမှာပါ။ ကျမတို့မြေလတ်ဒေသ ဗ.က.သ ကျောင်းသားသမ္မဂအနေနဲ့ ဘယ်လိုခံယူထားသလဲဆိုရင် ကျမတို့ရဲ့ခွပ်ဒေါင်းအလံကို ထိပ်ဆုံးမှာတင်ပြီးတော့ ကျမတို့ကျောင်းသားတွေရဲ့လက်တွေကို မြဲမြဲမြန်မြန်တွဲချိတ်ကြပြီး ကျမတို့ရဲ့ချေထောက်တွေနဲ့ ၀ိရိယရှိရှိ တက်တက်ကြွကြွနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ချီတက်ကြမယ်၊ ဘယ်လိုအတားအဆီးအခက်အခဲတွေနဲ့ ကြုံရ ကြုံရ ခွပ်ဒေါင်းအလံနဲ့တစ်ကွ ကျမတို့ခွပ်ဒေါင်းစိတ်အပြည့်နဲ့ကျောင်းသားသမ္မဂအဖွဲ့ချုပ် ဟာ ပြည်သူတွေအတွက်ဆိုရင် ဘယ်သောအခါမှ ဦးညွှန်ပြီး သွေဖီမသွားဖူးဘူးလို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်..။´´ဟု ကျောင်းသားသမ္မဂအဖွဲ့ချူပ်(မြေလတ်ဒေသ) အတွင်းရေးမှူး မအေးမြတ်မွန်ကပြောသည်။

`ဒီမိုကရေစီသွားနေနဲ့ နိုင်ငံတော်မှာ လွပ်လတ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ကျောင်းသားများသမ္မဂ ညီလာခံကြီးလုပ်ဖို့လဲ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ လက်ရှိအုပ်ချုပ်နေတဲ့အစိုးရဟာ ပြောတဲ့အတိုင်း ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ ချီတက်မယ်ဆိုရင် လက်ခံပါ့မယ်။ ပြည်သူလူထုတွေမျှော်မှန်းထားတဲ့ ဒီမိုကရေစီကိုသွေဖယ် သွားမယ်ဆိုရင် ဘယ်အစိုးရကိုမဆို ကျွန်တော်တို့ ဆန့်ကျင်သွားမှာပါ။ ကျောင်းသားဆိုတာ ကျောင်းရဲ့သားပါ။ ကျောင်းဆိုတာ ပြည်သူတွေကဆောက်ပေးတဲ့အိမ်ပါ။ ပြည်သူတွေဆောက်ပေးတဲ့အိမ်မှာနေ့ရလို့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲသားပါဘဲ။ ဒါကြောင့် ပြည်သူတွေ ထမင်းငတ်ရင် ကျွန်တော်တို့ ထမင်းငတ်မယ်၊ ပြည်သူဒုက္ခရောက်ရင် ကျွန်တော်တို့လဲ ငတ်မယ် ဒုက္ခရောက်ကြပါ့မယ်။ ဒါကြောင့် ကျွန်တော်တို့က ပြည်သူတွေဘက်ကဘဲ အမြဲရပ်တည်နေ ပါ့မယ်။ ဘယ်အစိုးရမဆို ပြည်သူတွေကို မတရားသဖြင့် ဖိနိပ့်ချုပ်ချယ်ပြီး ပြည်သူတွေအတွက် ဘာအကျိုးကိုမှ ဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ကျောင်းသားတွေဟာ အမျိုးသားနိုင်ငံရေးလုပ်ကြရပါ့မယ်၊ ကျောင်းသားနိုင်ငံရေး မလုပ်ရဘူးဆိုတာကို လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့( မြေလတ်ဒေသ) ဗ.က.သ အဖွဲ့ဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ လက်အောက်ခံမျှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့အစည်းရဲ့လက်အောက်ခံမျှလည်း မဟုတ်ပါဘူး …။´´ ဟု ကျောင်းသားသမ္မဂ အဖွဲ့ချူပ်(မြေလတ်ဒေသ) ဥက္ကဋ္ဌ ကိုခန့်ထူး ကပြောသည်။
0 comments:
Post a Comment