

သြဂုတ်(၁၆)ရက် ညနေ(၆း၂၀)နာရီအချိန်ခန့်၊ မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်၊ ဥတ္တလမ်း၊ အမှတ်(၁၂/ခ) ဒေါ်အောင်မေကြည်၏ အိမ်ရှေ့ အုတ်လှေခါးအဆင်းအနောက်ဘက်တွင် လက်ပစ်ဗုံးဟောင်းတစ်လုံးတွေ့ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်၊ ဥတ္တလမ်း၊ အမှတ်(၁၂/ခ) ဒေါ်အောင်မေကြည်၏ အိမ်ရှေ့အုတ်လှေခါး အဆင်းအနောက်ဘက်တွင် သြဂုတ်(၁၆)ရက် ညနေ(၆း၂၀)နာရီအချိန်ခန့်မှာ ထိုလမ်းအတွင်းမှ ဦးစိန်မြင့်အောင်၏ သုံးနှစ်အရွယ်သမီး မယဉ်မွန်အေး နှင့် ကလေးများ သံတိုသံစများကို လိုက်လံရှာဖွှေကောက်ယူ ဆော့ကစားနေစဉ် မြေပေါ်တွင် တစ်ဝက်ခန့်ပေါ်နေသောပစ္စည်းကို သံလုံးဟုထင်မှတ်ပြီးတူးဖော်နေရာ အိမ်ရှင်ဒေါ်အောင်မေကြည် မြင်ပြီး ဗုံးဟောင်းတစ်လုံးထင်၍ တားဆီးခဲ့ကြောင်း၊ အိမ်ရှင်မှ ဆယ်အိမ်မှုး ဦးသောင်းအေးထံသို့ အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့် နှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ် တို့ရောက်လာကြပြီး စစ်ဆေးကြည့်ရာ လက်ပစ်ဗုံးဟောင်းတစ်လုံး ဖြစ်နေကြောင်းသိရသည်။ ထို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ သက်ဆိုင်ရာ တပ်မ(၈၈)၊ စအရ(၉၁၀)သို့ ဆက်လက်အကြောင်းကြားရာ ည(၈)နာရီခန့်တွင် လာရောက်တူးဖော်သိမ်းဆည်းသွားကြောင်း၊ တွေ့ရှိသော လက်ပစ်ဗုံးဟောင်းမှာ (၃၆)ခွင်းဗုံးဟောင်းတစ်လုံးဖြစ်ကြောင်း၊ အဆိုပါ လက်ပစ်ဗုံးဟောင်းတွေ့ရှိသော နေရာအား ဥတ္တရလမ်းတွင်း နေသူတစ်ဦးက လိုက်လံပြသ၍ သက်ဆိုင်ရာမှ သတင်းရရှိသည်။
0 comments:
Post a Comment