ကျောင်းသားကလေးငယ်တစ်ဦး လျှပ်စစ်မီးကြိုးပြတ်နင်းမိ ဓာတ်လိုက်၍ ကယ်ဆယ်သူလူကြီးနှစ်ဦးပါ ဆက်တိုက် သုံးဦး ဓာတ်လိုက်ခံရ´´
သြဂုတ်(၂၇)ရက် နံနက်(၁၀း၃၀)နာရီခန့်တွင် မကွေးမြို့ သိင်္ဂါဂီရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် သုခလမ်းထောင့်ရှိ ဈေးဆိုင်ခန်းရှေ့၌ ကျောင်းသားကလေးငယ်တစ်ဦး နှင့် လူကြီးနှစ်ဦးတို့ လျှပ်စစ်မီးကြိုးပြတ်ကြောင့် ဓာတ်လိုက်ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ(၂၇)ရက်နေ့ နံနက်(၁)နာရီခန့်တွင် သိင်္ဂါဂီရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် သုခလမ်းထောင့်ရှိ ဈေးဆိုင်ခန်းရှေ့ ဓာတ်တိုင်နှစ်တိုင်ကြား တမာပင်၊ ဗန်ဒါပင်သစ်ကိုင်းများဖြင့် မိုးရေစို၍ လျှပ်စစ်သွယ်တန်းထားသော ကြိုးများရှော့ဖြစ်ပြီး မီးကြိုးပြတ်ကျကြောင်းသတင်းရသည်။ နံနက်(၁၀း၃၀)အချိန်ခန့်တွင် တတိယတန်းကျောင်းသား သူရမျိုးလွင်(၈) နှစ်သားလေးသည် ဈေးဝယ်သွားရာ ပြတ်ကျနေသော ၎င်းဓာတ်ကြိုးအား ခလုပ်တိုက်မိ၍ ဓာတ်လိုက် ခံရပြီးလဲကျသွား ကြောင်း၊ အဆိုပါဖြစ်စဉ်ကို မြင်ရသောအနီးရှိ ဦးသာဌေး(၅၁)နှစ်၊ သုခလမ်းနေသူ နှင့် ဒေါ်မြင့်မြင့်ရီ(ခ) မတူး(၄၅) နှစ်၊ သီရိမင်္ဂလာလမ်းနေသူတို့ နှစ်ဦးက ကလေးကိုဝင်ရောက်ဆွဲရာ..၎င်းတို့နှစ်ဦးအားဓာတ်လိုက်ခံရပြီး ကလေးကိုကယ်တင် နိုင်ခဲ့ကြောင်း၊ စတင်ဓာတ်လိုက်ခံရသူ သူရမျိုးလွင်မှာ (၁၀)မိနစ်ခန့်သတိလှစ်နေ၍ အနီးရှိ(ချမ်းငြိမ်း) ဆေးခန်းမှ ဒေါက်တာ ဖြိုးဝေးလင်း က အရေးပေါ်ကုသပေးခဲ့ရာ သတိပြန်ရလာခဲ့ကြောင်း၊ သို့သော် ၎င်းကလေးငယ်၏ ၀ဲဘက် လက်သန်းအရင်း နှင့် ၀ဲဘက်ခြေထောက် ခြေကျင်းဝတ်တို့၌ ညိုမည်းနေသောဒဏ်ရာများရရှိ၍ မကွေးမြို့ ပြည့်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသခဲ့ကြောင်း၊ အဆိုပါကလေးငယ်အား ဓာတ်မှန်ရိုက်၍ ဆေးကုသမှုခံယူပြီး မိခင်ဖြစ်သူက နေအိမ်သို့ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိင်္ဂါဂီရိရပ်ကွက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးထံက သတင်းရရှိသည်။ နံနက်(၁၁)နာရီခန့်၌ မီးကြိုးပြတ်နေသောထိုနေရာတွင် ပြန်လည်ပြုပြင်ရန် လျှပ်စစ်ဝန်ထမ်းများ ရောက်လာ၍ မြန်မာပို့စ် က သတင်းဓာတ်ပုံဖြင့် မှတ်တမ်းတင် သတင်းရယူခဲ့သည်။
``မိုးတွင်းကာလ မရောက်ခင် ၂၀၁၃ မေလ(၅)ရက်နေ့တုန်းက (လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲပျက်စီးနေခြင်းကိစ္စ) ကို ကျွန်တော့်နာမည်နဲ့ လိပ်စာအပြည့်အစုံထည့်ပြီး မကွေးမြို့နယ်လျှပ်စစ်ရုံးကို လိုအပ်သလိုကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန်စာတင်ခဲ့ပါတယ်။ မြို့နယ်လျှပ်စစ်ဌာနက ယနေ့အထိ ဘာမျှလုပ်မပေးလို့ အဲဒီတင်ပြထားတဲ့စာ မြန်မာပို့စ် ကို မိတ္တူပေးပါရစေ…။´´ဟု သိင်္ဂါဂီရိရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြနန္ဒာလမ်းထောင့်နေသူ ကုန်စုံဆိုင်ပိုင် ရှင် ဦးအောင်ချမ်းဇော်က သြဂုတ်(၁၅)ရက် နေ့တွင် ပြော၍ ၎င်းစာကိုမိတ္တူပေးခဲ့သည်။
Artikel ကျောင်းသားကလေးငယ်တစ်ဦး လျှပ်စစ်မီးကြိုးပြတ်နင်းမိ ဓာတ်လိုက်၍ ကယ်ဆယ်သူလူကြီးနှစ်ဦးပါ ဆက်တိုက် သုံးဦး ဓာတ်လိုက်ခံရ´´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, August 27, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ကျောင်းသားကလေးငယ်တစ်ဦး လျှပ်စစ်မီးကြိုးပြတ်နင်းမိ ဓာတ်လိုက်၍ ကယ်ဆယ်သူလူကြီးနှစ်ဦးပါ ဆက်တိုက် သုံးဦး ဓာတ်လိုက်ခံရ´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment