``မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု-မြေလတ်ဒေသ အခမ်းအနားကျင်းပ´´
သြဂုတ်(၈)ရက်နေ့ နံနက်(၆)နာရီမှ နေ့(၁၁း၃၀)နာရီအထိ မကွေးမြို့ ဈေးလယ်စိုးရပ် မဲထီးလမ်း မင်းကျောင်းဘုန်းတော်ကြီးကျောင်းတိုက်၌ ၈၈၈၈ အရေးတော်ပုံ ငွေရတု-မြေလတ်ဒေသ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို နံနက်(၆)နာရီအချိန်တွင် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ပြီး ရှစ်လေးလုံး အရေးတော်ပုံကာလတွင် အသက်ပေးလှူစတေးသွားကြသော ရဟန်း ရှင်လူ မိဘပြည်သူများနှင့် ၈၈ကျောင်းသား ကျောင်းသူများအား အမျှပေးဝေကြသည်။ နံနက်(၈)နာရီတွင် ၈၈၈၈ အရေးတော်ပုံ ငွေရတု မြေလတ်ဒေသ အခမ်းအနားကို စတင်ကျင်းပကြောင်း၊ ရှစ်လေးလုံး အရေးတော်ပုံ မှ သပိတ်ခေါင်းဆောင်များကို နာယကအဖြစ်တင်မြှောက်ကြပြီး မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးနိုင်ရန် ယခုပွဲကို ကျင်းပကြောင်း၊ မကွေးမြို့ ၈၈၈၈ အရေးတော်ပုံ ငွေရတု-မြေလတ်ဒေသ အခမ်းအနားသို့ ချောက်၊ ရေနံချောင်း၊ မင်းဘူး၊သရက်မြို့၊မင်းလှမြို့၊ပွင့်ဖြူ၊ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်၊ အောင်လံ၊ စလင်း တို့မှ သပိတ် ခေါင်းဆောင်များ၊ မကွေးမြို့ ဗ.က.သ ကျောင်းသားများ၊ မကွေးမြို့ပေါ်မှ NGO လူမှုရေးအဖွဲ့အစည်းများ၊ မကွေးမြို့တိုင်း/ခရိုင်/မြို့နယ်NLD ပါတီအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့ဘောင် နှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှုအဖွဲ့မှ ကိုမာကီး၊ လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင်များ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်များ၊ NDF ပါတီအဖွဲ့ဝင်များ နှင့် သတင်းမီဒီယာများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ကြောင်း၊ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနား( မြေလတ်ဒေသ) နာယက ဦးတာ နှင့် ဥက္ကဋ္ဌ ဦးမြင့်ဦးတို့ မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ကြောင်းသတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) နာယက ဦးဝင်းတင်၊ မကွေးမြို့နယ်NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ မကွေးမြို့နယ်NLD ပါတီ၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၈၈ မျိုးဆက်ပွင့်လင်း လူ့ဘောင်နှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှုအဖွဲ့၊ ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနား(မြေလတ်ဒေသ)ကြေငြာစာတမ်း ၊ NDF ပါတီ၊ ဗ.က.သ များအဖွဲ့ချုပ်၊ ဗ.က.သ မြေလတ်ဒေသအဖွဲ့၊ ဗ.က.သ မုံရွာအဖွဲ့နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့ တို့မှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားပြီး ရှစ်လေးလုံးသပိတ်ကာလအဖွဲ့များမှ ခေါင်းဆောင်းများက (၁၀)မိနစ်ခန့်စီအသီးသီး မိန့်ခွန်း ပြောကြား၍ အခမ်းအနားကို နေ့(၁၁း၃၀)တွင် ပြီးဆုံးကြောင်း သတင်းရရှိသည်။
Artikel ``မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု-မြေလတ်ဒေသ အခမ်းအနားကျင်းပ´´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, August 8, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု-မြေလတ်ဒေသ အခမ်းအနားကျင်းပ´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment