အောင်လံ၊ စက်တင်ဘာ ၃၀ ။
အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ပြည်လမ်း၊ You Like ကဖီးဆိုင်တွင်
၂၀၁၄၊ စက်တင်ဘာ ၃၀ ရက် ည ၇ နာရီမှ ၈နာရီအချိန်ခန့်အထိ မကွေး-အောင်လံ အခမဲ့ တစ်လပြေးဆွဲခဲ့သော
နယူးအောင်လံကားလေးလိုင်းမှ သုံးလအတွင်း(၂၀၁၄ ဇူလိုင် ၁ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်)နေ့အထိ
စီးနင်းခဲ့သော ခရီးသည်များ၏ ကားလက်မှတ်ဖြတ်ပိုင်း လက်ခံနံပါတ် ဂဏန်းလေးလုံးကို မော်တော်ဆိုင်ကယ်တစ်စီး
နှင့် အခြားကံစမ်းမဲများ ငွေကျပ် ၁၃ သိန်းဘိုးခန့် ကံစမ်းမဲဖွင့်လှစ်ပေးကြောင်း မဇ္ဈိမ
ကသတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ အောင်လံမြို့မှ ခေတ်ပေါ်တီးဝိုင်းဖြင့်ဧည့်ခံဖျော်ဖြေပြီး
You Like ကဖီးဆိုင် ပိုင်ရှင် နယူး အောင်လံ ကားလေးလိုင်း ဥက္ကဋ္ဌ ဦးကျော်ဇေယျ နှင့် ကားပိုင်ရှင်များ၊
ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက် တို့က လာရောက်ကြသော ဧည့်ပရိတ်သတ်များကို လက်ဖက်ရည်၊
မှုန့်မျိုးစုံတို့ဖြင့် စတုဒိသာအဖြစ် ကြွေးမွေးဧည့်ခံကြကြောင်း၊ ၎င်း နယူးအောင်လံ (မကွေး-အောင်လံ)
၁၅ ယောက်စီး ကားလေးလိုင်းကို ၂၀၁၄ ၊ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြေးဆွဲ ခဲ့ကြောင်း၊ဤကဲ့သို့
အောင်လံ-မကွေး ကားလေးလိုင်းအပြိုင် သုံးလိုင်းရှိရာ မကွေး-အောင်လံ ကားခ လူတစ်ယောက်လျှင်
သုံးထောင်ကျပ်ကို မယူဘဲ အိမ်တိုင်ရာရောက်ခေါ်ဆောင်ပြီး တစ်လတိတိ အခမဲ့ပြေးဆွဲခဲ့သောကြောင့်
အောင်မြင်လာခဲ့ ကြောင်း၊ အောင်လံမြို့ရှိ ဆွမ်းလောင်းအသင်း နှင့် အခြားလူမှုရေးအသင်းများကိုလည်း
နယူးအောင်လံ ကားအသင်းမှ ကူညီလှူဒါန်းဆောင်ရွက်ခဲ့ပါကြောင်း ဦးကျော်ဇေယျ (ဥက္ကဋ္ဌ) က ၎င်းပွဲတွင်ပြောသည်။
`` ကျွန်တော်က ဦးတင်ဝင်းပါ၊
ဒီကံစမ်းမဲဖောက်တဲ့နေရာမှာတာဝန်ခံပါ၊ သုံးလအတွင်းရောင်းချထားတဲ့ ကားလက်မှတ်နံပတ် ၀၀၀၀
လေးလုံးကနေ ၄၇၉၉ ထိလက်မှတ်များကို ကံစမ်းမဲဖောက်မှာပါ။´´ဟု ဦးတင်ဝင်း(သွင်ထမင်းကျော်ဆိုင်ရှင်)
က မဇ္ဈိမ ကိုပြောသည်။
ဦးတင်ဝင်းမှ
ဆက်လက်၍ ပထမ လှည့်တဲ့ခုံမှာ ထိပ်စီး ၀ ၊ ၁၊ ၂၊၃၊ ၄ ဂဏန်း ဂေါ်လီငါးလုံးသာထည့်တယ်၊ ဒုတိယ၊
တတိယ၊ စတုတ္ထ လှည့်တဲ့စက်ခုံတွေထဲမှာတော့ ဂဏန်းဆယ်လုံး စီထည့်ထားပါတယ်၊ နောက်ဆုံး လှည့်တဲ့စက်ခုံအကြီးထဲမှာ
က မော်တော်ဆိုင်ကယ်တစ်စီးပါ အခြားဆုမဲတွေ ထည့်ပြီး ကလေးငယ်လေးများက စက်ခုံဂေါ်လီလုံးနံပါတ်တွေကို
အသီးသီး လှည့်ပြီး ထုတ်ပေးကြပါတယ်၊ ကားလက်မှတ်ဖြတ်ပိုင်းများကိုလည်း ပရိတ်သတ်များ၏ရှေ့မှာ
စစ်ဆေးမဲ့အဖွဲ့က စားပွဲပေါ်ကို တင်ပြီး ကံထူးရှင် အမည်၊ ကားလက်မှတ်နံပတ်၊ ပေါက်တဲ့ဆုအမျိုးအစား၊
ဖုန်းနံပါတ် လိပ်စာတို့ကို တစ်ပါတည်းကြေငြာပြီး ဘလက်ဘုတ် မှာ ရေးသားပြထားပါကြောင်း၊
ကံစမ်းမဲဖောက်ရာတွင် မရှင်းလျှင် ပရိတ်သတ်များထဲက မည်သူမဆိုလာ ရောက် စစ်ဆေး မေးမြန်းနိုင်ပါကြောင်း
၎င်းပွဲ၌ ဦးတင်ဝင်း မှ ပရိတ်သတ်ကိုရှင်းပြသည်။
မော်တော်ဆိုင်ကယ်တစ်စီး
ကံထူးရှင်မှာ ဦးကျော်၊ ကားလက်မှတ်လက်ခံဖြတ်ပိုင်းအမှတ်(၀၃၀၃)၊ ဖုန်း ၀၆၉-၂၀၁၁၆ စက်ဘီး(၃)စီးကံထူးရှင်များမှာ
ကိုသောင်းဌေး၊ ၂၄၅၈ ၊ ဖုန်း ၀၉-၄၀၁၆၄၁၈၂၃ ။ ဒေါ်စန်းတင့်၊ ၁၁၁၆၊ ဖုန်း ၀၉-၃၃၀၇၂၈၇၇ ဦးကျော်အေး၊
၃၃၈၄၊ ဖုန်း ၀၉-၂၅၆၅၈၄၀၇၀ တို့သုံးဦးဖြစ်ကြောင်း၊ ၂၁ လက်မ တီဗွီတစ်လုံးအား ကိုမင်းမင်း၊
၂၇၇၈၊ ဖုန်း ၀၉-၄၀၁၅၆၈၈၉၈ နှင့် အောက်စက်တစ်လုံး၊ ပန်ကာတစ်လုံး၊ ထမင်းပေါင်းအိုးတစ်လုံး
၊ မီးဖိုတစ်လုံး၊ မီးပူတစ်လုံး၊ စတီးချိုင့် ငါးလုံးတို့၏ ကံထူးရှင်အသီးသီးကို ဆုနံပါတ်များပူးတွဲ ကြေငြာပြီး
ဘလက်ဘုတ်တွင်ရေးသား၍ ဆုပေါက်မဲများကို တစ်ပါ
တည်း ထုတ်ပေးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
0 comments:
Post a Comment