စက်တင်ဘာ ၆၊ မကွေး ။
အဆိုပါ
ပန်းချီကားကို ပန်းချီဆရာကြီး ဦးမျိုးညွန့် (မကွေး) မှ မကွေးမြို့တွင် သတင်းလွတ်လပ်ခွင့်
နှင့် ထောင်ချထားသော သတင်းသမားများ၊ ဖမ်းဆီးထားသောသတင်းသမားများ အားလုံး လွတ်မြောက်ရေးအတွက်
သတင်းထောက် တင်ရွှေ(မင်းဘူး)ဦးဆောင်ပြီး မီဒီယာတစ်ရာကျော်ခန့်ဖြင့် ၂၀၁၄ ခုနှစ်တွင်မီဒီယာလွတ်လပ်ခွင့်
ဆန္ဒပြပွဲတွင် ရှေ့ဆုံးမှ အသုံးပြုကိုင်ဆောင်ရန် ရည်ရွယ်ရေးဆွဲခဲ့သော မီဒီယာလွတ်လပ်ခွင့်ပေး
သမိုင်းဝင် ပန်းချီကားဖြစ် ကြောင်း စက်တင်ဘာ
၆ ရက်၊ နံနက် ၁၀း၃၀နာရီအချိန်တွင်ကျင်းပခဲ့သော ၈၈ မျိုးဆက်၊ငြိမ်း/ပွင့် (မကွေး)ရုံး၌
ကိုဌေးဝင်း ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) က မဇ္ဈိမ ကိုပြောသည်။
အဆိုပါ
ပန်းချီကားကြီးကို ရေးဆွဲခဲ့သော မူလပိုင်ရှင် ပန်းချီဆရာကြီး ဦးမျိုးညွန့် (မကွေး)
မှ ထောင်ဒဏ်တစ်နှစ်မှ ထောင်ဒဏ် သုံးလသို့ လျော့ချပြီး လွတ်မြောက်လာခဲ့သူ DVB သတင်းထောက်
ဇော်ဖေ(ခ)ကိုသူရသက်တင်ထံသို့ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း ပန်ချီဆရာကြီး
ဦးမျိုးညွန့် (မကွေး) က ၎င်းပွဲ တွင် ပြောကြားသည်။
မကွေးမြို့မှ DVB သတင်းထောက် ဇော်ဖေ(ခ)ကိုသူရသက်တင်ကလည်း
ယခုလို သမိုင်းဝင်ပန်းချီ ကားကြီးအား အမှတ်တရ ဂုဏ်ပြုချီးမြှင့်ပေးသော ပန်ချီဆရာ ဦးမျိုးညွန့်(မကွေး)
နှင့် ၎င်း ထောင်ကျစဉ်အခါ က ၀ိုင်းဝန်းကူညီတောင်းဆို ဆန္ဒပြသူများအားလုံးနှင့် အဖွဲ့အစည်းအသီးသီးမှ
ပံ့ပိုးကူညီဆောင်ရွက် ပေးကြသူ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း DVB သတင်းထောက်
ဇော်ဖေ က ပြောကြား၍ ပန်းချီ ကားကြီးနှင့် အတူ
မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
0 comments:
Post a Comment