နိုင်ငံတကာမီဒီယာညီလာခံခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ

UPDATE NEWS >>>>>>>>>>
နိုင်ငံတကာမီဒီယာညီလာခံခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ
==============
နိုင်ငံတကာမီဒီယာညီလာခံ (IPI)ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မတ် ၂၇ ရက်၊ နံနက်ပိုင်းက ချက်ထရီယမ်ဟိုတယ်တွင် စတင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် အဖွင့်စကားပြောကြားနေစဉ် ခန်းမအတွင်း သတင်းသမားတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
ဆန္ဒပြသူက နှာခါင်းစည်းအုပ်ထားပြီး ဂျာနယ်လစ်များကို ဖိနှိပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ရပ်ဆိုင်းရန် ပါဝင်သော စာတန်းကိုင်ဆောင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆန္ဒပြမှုကို ပြည်တွင်း၊ပြည်ပ သတင်းထောက်များက ဓာတ်ပုံမှတ်တမ်းယူပြီးနောက် ငါးမိနစ်ခန့်အကြာတွင် တစ်ကိုယ်တော်ဆန္ဒပြသူက ခန်းမတွင်းမှ ငြိမ်းချမ်းစွာထွက်ခွာသွားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာမီဒီယာညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေမှုနှင့် ညီလာခံကျင်းပရာ ခန်းမအတွင်းနှင့် ဟိုတယ်ရှေ့တွင် မီဒီယာဖိနှိပ်မှုနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပေါ်နေခြင်းသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ညီလာခံခန်းမတွင် ရယ်မောလက်ခုပ်တီး၍ တုန့်ပြန်ခဲ့သည်။
ချက်ထရီယမ်ဟိုတယ်တွင် မီဒီယာများအား တိုက်ခိုက်နေမှု ရပ်တန့်ရန် စာတမ်းကိုင်ဆောင်၍ သတင်းသမားအချို့က ဆန္ဒပြလျက်ရှိသည်။ သတင်းထောက်များအား ရိုက်နှက်ထိန်းသိမ်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ဖြစ်ပေါ်နေသောကြောင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာမီဒီယာညီလာခံသို့ မြန်မာသတင်းသမားများ တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ရန် မြန်မာဂျာနယ်လစ်ကွန်ရက်က ကြေညာထားသည်။
ယနေ့ ညီလာခံကို မတက်ရောက်ကြသည့် မီဒီယာသမားများ၏ ရပ်တည်မှုကိုလည်း နားလည်ပြီး မီဒီယာလွတ်လပ်ခွင့်အတွက်ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ညီလာခံကို သပိတ်မှောက်ခဲ့သည့် သတင်းသမားများနှင့်ပတ်သက်၍ IPI ၏ Interim Executive Director ဘာဘရာက ပြောသည်။
(ဓာတ်ပုံ - ကောင်းထက်ဖေ့စ်ဘွတ်)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: