BREAKING NEWS:
လက်ပံတန်း၌ ပိတ်ဆို့ခံနေရသည့် ကျောင်းသားသပိတ်မှ သံဃာနှင့်ကျောင်းသားများ သရဏဂုံစတင်နေပြီ
ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံသည့် မန္တလေးမြို့ရှိ ကျောင်းသားများ ထိုင်သပိတ်ကိုစတင်ကြောင်း ကြေညာ

Kamayut Media added 4 new photos.
3 hrs ·
Happening NOW !!!!! 3:45 pm
လက်ပံတန်းရှိ ပိတ်ဆို့တားဆီးခံထားရတဲ့ ပညာရေးပင်မ သပိတ်စစ်ကြောင်းဟာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အချိန် ၆နာရီပြည့်ဖို့ တစ်နာရီအလိုမှာ စတင်ပြီး သရဏဂုံတင်နေကြပါတယ်။ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန်မှာလည်း ပင်မသပိတ်စစ်ကြောင်း ကျောင်းသားသပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြမှုတွေ တပြိုင်တည်းစတင်နေပါတယ်။
(ဓာတ်ပုံ -ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)

Happening Now: 4:30 pm
အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အချိန် ၆နာရီပြည့်သွားချိန်မှာတော့ ပဲခူးတိုင်း နယ်/လုံဝန်ကြီး ဦးသက်ထွန်းနဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ၃ယောက်တို့ဟာ စတင်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ရဲလုံခြုံရေးတွေနဲ့ ကျောင်းသားသပိတ်ကြား တင်းမာမှုတွေ စတင်လျော့ပါးလာတယ်လို့ယူဆလို့ ရနေပြီး လက်ပံတန်းမြို့ခံပြည်သူတွေက ကျောင်းသားသပိတ်ကိုထိရင် ငုံ့ခံမနေဘူးဆိုတဲ့ ပြောဆိုနေပြီး သပိတဝိုက် ရဲတစ်ထပ်၊ ပည်သူတစ်ထပ်စီဖြစ်နေပါတယ်။
ရန်ကုန်မြို့ ဆူးစေတီအနီးမှာ သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံတဲ့ ဆန္ဒပြမှုဟာ ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ လူအင်အား ၄ဝလောက်နဲ့ စတင်ပြီး စေတီတော်ကို ကြွေးကြော်သံတွေအော်ဟစ်ပြီး လှည့်လည်ချီတက်နေကြပါတယ်။

Kamayut Media added 8 new photos
ရန်ကုန်မြို့လယ် ဆူးလေစေတီတော်ကို သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံတဲ့ ဆန္ဒပြလှုပ်ရှားမှု စတင်နေပြီး လူအင်အား ၄ဝပါဝင်ခဲ့ပါတယ်။
(ဓာတ်ပုံ - အာကာစိုး/ကမာရွတ်မီဒီယာ)
(ဓာတ်ပုံ - အာကာစိုး/ကမာရွတ်မီဒီယာ)
0 comments:
Post a Comment