လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်က ကိုယ်စားလှယ် ၂ယောက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့ခံ ဂိုဏ်းပေါင်းစုံအဖွဲ့က သံဃာတော် ၁ဝပါးကျော်ဟာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ ဆွေးနွေးပွဲ

Kamayut Media added 4 new photos.မှ ကူးယူဖော်ပြသည်။
3 hrs ·
Happening Now -
လက်ပံတန်းမြို့မှာ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ်က ကိုယ်စားလှယ် ၂ယောက်၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့ခံ ဂိုဏ်းပေါင်းစုံအဖွဲ့က သံဃာတော် ၁ဝပါးကျော်ဟာ အောင်မြေဗိမ္မာန်ကျောင်းတိုက်မှာ ဆွေးနွေးပွဲတွေ ဆက်လုပ်နေပြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးသက်ထွန်းကို စောင့်ဆိုင်းနေပါတယ်။
ကျောင်းသားတွေဘက်ကတော့ သပိတ်ကို တောင်းဆိုထားတဲ့အတိုင်း သာယာဝတီအထိ လမ်းလျှောက်ချီတက်မှာဖြစ်ပြီး မရပ်ဆိုင်းနိုင်ဘူးလို့ တုံ့ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာလည်း ဒီကနေ့နေ့လည်မှာ ကျောင်းသားသပိတ်ကို ထောက်ခံအားပေးတဲ့ ဆန္ဒပြလှုပ်ရှားမှုပြုလုပ်မယ်လို့ဆိုတာကြောင့် သတင်းထောက်တွေဟာ မြို့တော်ခမ်းမနားကို ရောက်ပြီးစောင့်ဆိုင်းနေကြပါတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူဦးဆောင်ပြီး လက်ပံတန်းမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သံဃာနဲ့ကျောင်းသားတွေဆီကို ကျန်းမာရေး ကူညီထောက်ပံ့ဖို့အတွက် သွားရောက်နေပါတယ်။ လက်ပံတန်းမြို့ခံတွေက အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားနဲ့ သံဃာတော်တွေကို သောက်ရေတွေ ပံ့ပိုးကူညီပေးနေပါတယ်။
ကျောင်းသားသပိတ်နဲ့ ပညာရေးဥပဒေကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရပိုင် သတင်းစာတွေက ပုံဖျက်တိုက်ခိုက် ဝေဖန်ထားတဲ့ ဆောင်းပါးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
(ဓာတ်ပုံ - ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)
 

0 comments: