ချောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် ကျောက် တုံးနှင့် မြေသား များပြိုကျ

MOI Webportal Myanmar
17 hrs · Edited ·
ချောက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် ကျောက် တုံးနှင့်
မြေသား များပြိုကျ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ချောက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ချောက်မြို့ နယ်တွင်မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် အောက် တိုဘာ ၁၂ ရက်နေ့ နေ့လယ် ၁၄း၀၀ နာရီ အချိန်က အမှတ် ၁၄ ရပ်ကွက်၊ စစ်ကွင်းရပ် ၊ တံတားချဉ်းကပ်လမ်း အနီးရှိ ဦးလတ် ၅၇ နှစ်(ဘ) ဦးအောင်ကို ၊ ဈေးရောင်း ၊အမှတ် ၈ ရပ်ကွက် ၊ဈေးကပ်စုရပ် (၂၄)ပေ ပတ်လည် တစ်ထပ်တိုက် (လူမနေ) ၏ တောင်ဘက်ခန်း ၊ တိုက်အောက်ခြေ အတွင်းရှိ ကျောက်နံရံနှင့် မြေသားများ အလျား ၂၄ပေ ၊အနံ ၈ ပေ ၊အနက် ၈ ပေခန့် ပြိုကျမှု ဖြစ်ပွားခဲ့ရာ တိုက်အောက်ဘက် ပေ၂၀ ခန့် နက်သည့် ချိုင့်တွင် နေ အိမ် ဆောက်လုပ် နေထိုင်သော ဦးတိုးမောင် (သ) ၅၀ နှစ်၊ (ဘ)ဦးအောင်သန်း ရောင်း/ဝယ်၊ အမှတ် ၁၄ ရပ်ကွက် ၊စစ်ကွင်းရပ်၏ (၃×၄)ပင်၊ တစ်ထပ်၊သွပ်မိုး၊ ထရံကာနေအိမ်၊ ဦးလှဦး(သ) ၇၂နှစ်၊ (ဘ) ဦးမာရီ မှီခို ၊အမှတ် ၁၄ ရပ်ကွက်၊စစ်ကွင်းရပ်၏ ၃ ပင် ပတ်လည် မြေစိုက်၊ မျောတိုင်၊ သက်ကယ်မိုး၊ ထရံကာ နေအိမ် မြောက်ဘက်ခြမ်းပေါ် သို့ ကျောက် တုံး နှင့် မြေ သား များပြိုကျခဲ့ သဖြင့် နေအိမ် အောက်တွင် ကာရံ ထားသည့် ဝါးထရံများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။
မြေသားများပြိုကျခဲ့သည့် တိုက်မှာဆက်လက်ပြိုကျမှုများ ဖြစ်ပွားလာနိုင်သဖြင့် အဆိုပါ တိုက်၏ အောက်ဘက် နေအိမ်များတွင် နေထိုင်ကျသော မိသားစုများအား လတ် တလော နေထိုင်ခြင်း မပြုရန် နှင့် နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် သွားရောက်နေထိုင် ကြရန် စီစဉ်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်ဆက်)
 

0 comments: