ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အဓိက ခုနစ်ချက်



ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မဲဆွယ်စည်းရုံးဟောပြောနေစဉ်= ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့်    ရွေး ကောက်ပွဲကြီးက တော့ တရွေ့ရွေ့ နီးကပ်လာပါပြီ။ ဒါဟာ မြန်မာနိုင်ငံအတွက်တော့ ပြီးခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်းမှာ အလွတ်လပ်ဆုံး အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်လာမယ်လို့ အများစုက မျှော်လင့်ထားပါ တယ်။ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)ဟာ ဥပဒေပြု ကိုယ်စားလှယ်လောင်း အမတ် နေရာ ၆၆၄ နေရာမှာ ရာခိုင်နှုန်း အများစုအနိုင်ရဖို့ မျှော်လင့်နေ ပါတယ်။ တစ်ချိန်တုန်းက နိုင်ငံ တကာအသိုက်အဝန်းမှာ အပယ် ခံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် တော့ အားသစ်လောင်းမယ့် ကာလတစ်ခုကို ငံ့လင့်နေပါလိမ့် မယ်။ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့်တင်လာသလို နိုင်ငံရေး နဲ့ စီးပွားရေးမှာလည်း ထင်ရှားတဲ့ အလှည့်အပြောင်းတွေ ဖြစ်လာပါ တယ်။
ဒါပေမဲ့ ထင်ရှားတဲ့ပြဿနာ တွေလည်း ရှိနေဆဲလို့ ဆိုနိုင်ပါ တယ်။ သားနှစ်ယောက်ကဗြိတိန် နိုင်ငံသား ဖြစ်နေတဲ့အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ခွင့်ကနေ ပိတ်ပင်တားဆီး ထားပါတယ်။ ဒီဥပဒေဟာ အရင် စစ်အစိုးရလက်ထက်မှာ စတင် ရေးဆွဲခဲ့တာဖြစ်ပြီး ဒီမိုကရေစီ သင်္ကေတတစ်ရပ်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ ရေးအရှိန်အဝါကို ဖျက်ဆီးဖို့ ရည် ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတာ ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေ တယ်။
အခုသီတင်းပတ် အစော ပိုင်းမှာ ဒီချုပ်ဟာ မဲစာရင်းအမှား အယွင်းတွေ များပြားလွန်းနေတဲ့ ကိစ္စကိုလည်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဆီ အရေးဆို ကန့်ကွက်လိုက်ပါတယ်။ ဒီအနေ အထားဟာ ဒီချုပ်အတွက် နစ်နာ စေပြီး တပ်မတော်ကထောက် ခံတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ဘက်ကို အသာစီးရအောင်ပံ့ပိုးရာ ရောက်နေတယ်လို့ ဝေဖန်မှုတွေ လည်း ထွက်ပေါ်နေတယ်။
ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း မှာ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံကို နှစ် ကြိမ်တိုင် အလည်အပတ် လာ ရောက်ခဲ့သလို နှစ်နိုင်ငံဆက်ဆံ ရေးမှာလည်း နွေးထွေးမှုတွေရှိ လာခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ မရိုးသားမှုတွေရှိလာ ရင် အခြေအနေတွေ နောက် ကြောင်းပြန်လှည့်ပြီး အမေရိကန် က စီးပွားရေးပိတ်ဆို့ စည်းကြပ်မှု တွေ တစ်ကျော့ပြန် ပြဋ္ဌာန်းလာမှာ ကို အားလုံးက စိုးရိမ်နေကြပါ တယ်။ အခြေအနေတွေက ထင် သလောက်တော့ မရိုးရှင်းပါဘူး။ အာရှတိုက်နဲ့ ဆက်ဆံရေးချိန်ခွင် လျှာကို ပြန်ညှိဖို့ကြိုးစားနေတဲ့ အမေရိကန် အစိုးရအနေနဲ့ မြန် မာနိုင်ငံ ရွေးကောက်ပွဲကို မျက် ခြည်မပြတ် စောင့်ကြည့်နေမှာ သေချာပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ မသမာမှုတိုင်းဟာ အရှက်တကွဲ အခြေအနေနဲ့ လူသိရှင်ကြား ဖြစ် သွားနိုင်တာတော့ အမှန်ပါပဲ။နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး အဆုံး အဖြတ် ဖြစ်လာနိုင်တဲ့ အချက် ခုနစ်ချက်ကို နိုင်ငံတကာလေ့လာ သူတွေက သတိထား စောင့်ကြည့် နေပါတယ်။
၁။ ဝေဝါးမှုတချို့နဲ့ဒီချုပ်
အရေးအခင်းအပြီး ၂ နှစ် အကြာ ၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်မှာကျင်းပတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး မှာတော့ ဒီချုပ်ဟာ ပြည်သူ့မဲ ၆၀ ရာခိုင်နှုန်းရရှိခဲ့သလို လွှတ်တော် အမတ်နေရာ ၈၀ ရာခိုင်နှုန်း လောက်ကိုလည်း ပိုင်ဆိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ စစ်တပ်ကအာဏာ လွှဲပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ အာဏာရှင်စနစ် ရဲ့ ပိတ်ဆို့ချုပ်နှောင်မှုအောက်ကို တစ်ကျော့ပြန် ကျရောက်သွားခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ ရတယ်။ မြန်မာ့နိုင်ငံရေးလောက ထဲကို ဒီချုပ်ပြန်ဝင်ရောက်လာတဲ့ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ဒီချုပ်ဟာ ပြိုင်ဆိုင်ခဲ့တဲ့ ၄၅ နေရာမှာ ၄၃ နေရာအတွက် အောင်ပွဲခံခဲ့ပါ တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လည်း အဲဒီလိုအောင်မြင်မှုမျိုး ရရှိ ဖို့ ပါတီကမျှော်လင့်နေတယ်။ ဒါပေမဲ့ စိတ်အားလျော့စရာ အ ခြေအနေတွေလည်း ရှိနေပြန် တယ်။
ပါတီရဲ့ ကိုယ်စားလှယ် လောင်းစာရင်းမှာ လူသိထင်ရှား နိုင်ငံရေးသမားတချို့ ပါမလာ ဘူး။ ပြီးတော့ ဒီချုပ်ကအမည်စာ ရင်းမှာ မွတ်စလင်တစ်ယောက် မှမပါဘူး။ ဒီအချက်က ဒီချုပ် အနေနဲ့ အစွန်းရောက်ဘာသာရေး အသင်းအဖွဲ့ တချို့ရဲ့ ဖိအားပေး မှုကို ရှောင်လွှဲဖို့ကြိုးစားတာဆိုတဲ့ ဝေဖန်မှုတွေလည်း ခံနေရတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဒီ ချုပ်ရဲ့ခေါင်းဆောင်ပိုင်းက ပါတီ ကိုယ်စားလှယ်လောင်းတွေအနေ နဲ့ မီဒီယာတွေနဲ့ သီတင်းသုံးပတ် ကြာ အဆက်ဖြတ်ထားဖို့ ညွှန် ကြားလိုက်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကတော့ ပြည်သူ တွေဟာလူပုဂ္ဂိုလ် အစွဲနဲ့မဲပေးဖို့ မဟုတ်ဘဲ အပြောင်းအလဲအ တွက် မဲပေးရမှာဖြစ်ကြောင်း ပြောထားပါတယ်။ ဒီချုပ်ရဲ့ ပါတီ မူဝါဒကြေညာစာတမ်းကလည်း ထွက်ပေါ်လာပါပြီ။ ဒီချုပ်က မျှော်လင့်ထားတဲ့ အပြောင်းအလဲ တွေအတွက် ဘယ်အတိုင်းအတာ အထိ လက်တွေ့ဖော်ဆောင်နိုင် မလဲဆိုတာက စိတ်ဝင်စားစရာ ပါ။
၂။ အတွင်းပိုင်း အားပြိုင်မှုတွေနဲ့ ပြည်ခိုင်ဖြိုး
စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ် ညှဉ်းပန်းမှုဒဏ်တွေကို ရာစုနှစ် ဝက်လောက် ခါးစည်းခံခဲ့ရတဲ့ အတွက် တပ်မတော်က ဗိုလ်ချုပ် ဟောင်းတွေ အဓိကနေရာယူထား တဲ့ ပြည်ခိုင်ဖြိုးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကဏ္ဍမှာ အဓိကနိုင်ငံရေးအင် အားစုတစ်ခုအဖြစ် ဆက်တည်မြဲ နေဖို့ လိုလိုလားလားရှိသူ နည်းပါ လိမ့်မယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးဟာ ပါတီရဲ့ပုံရိပ်ကို အစ္စလာမ်ဆန့် ကျင်ရေးအခြေခံဝါဒမျိုး ကျင့်သုံး သယောင် ဖော်ဆောင်လာပြီး လက်ယာယိမ်း ဗုဒ္ဓဘာသာဘုန်း တော်ကြီး အသင်းအဖွဲ့တွေနဲ့ ပို ပြီးပေါင်းစည်းလာပါတယ်။
တစ်ချိန်တည်းမှာပဲ ပါတီ အတွင်းပိုင်းမှာလည်း ပြဿနာ တွေ အကြီးအကျယ် ဖြစ်နေခဲ့ တယ်။ ပြီးခဲ့တဲ့လပိုင်းက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ စစ် အစိုးရလက်ထက်က တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်လည်းဖြစ် တဲ့ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ ရာထူးက ပြဇာတ်ဆန်ဆန်ဖယ် ထုတ်လိုက်ခြင်းက ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်ပိုင်း အားပြိုင်မှုတွေ ရှိနေတာကို ထင်ရှားလာစေ တယ်။ အများစုကတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဆက်ဆံ ရေးမြှင့်တင်ဖို့ အားထုတ်လာခြင်း အတွက် သူရဦးရွှေမန်းတစ် ယောက် အခုလိုပေးဆပ်လိုက်ရ တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါ တယ်။ ဒါ့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအပါအဝင် အဓိက ကျတဲ့ ပါတီအရာရှိတွေလည်း ပြည်ခိုင်ဖြိုးနဲ့ လမ်းခွဲခဲ့ရတယ်။ ဦး အောင်မင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေး နွေးညှိနှိုင်းရာမှာ အစိုးရရဲ့ ညှိနှိုင်း ရေးအဖွဲ့ခေါင်းဆောင်တာဝန် ယူ ခဲ့သူဖြစ်ပြီး အလယ်အလတ် သဘောထားမျိုး လက်ကိုင်ထား သူအဖြစ် ရှုမြင်ခံရပါတယ်။ ပါတီ တွင်းမှာ ကိုယ်စားလှယ်လောင်း တစ်နေရာစာ အခိုင်အမာ အာမခံ ချက်မရှိတဲ့နောက် ဦးအောင်မင်း ရော  နိုင်ငံရေးမှာ ဩဇာကြီးမား သူ တစ်ဦးဖြစ်တဲ့ စက်မှုဝန်ကြီး ဟောင်း ဦးစိုးသိန်းပါ ပြည်ခိုင်ဖြိုး ကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလ အနေနဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ် ပါတယ်။
၃။ မဘသ
မြန်မာ့နိုင်ငံရေးမှာ ခံယူချက် ပြင်းပြတဲ့ ဗုဒ္ဓဘာသာ အမျိုးသား ရေးဝါဒီတွေရဲ့ ဆက်နွှယ် ပတ် သက်မှုကလည်း တစ်စထက် တစ်စ မြင့်တက်လာပါတယ်။ မွတ်စလင်ပိုင် လုပ်ငန်းတွေ၊ ဆိုင်တွေကို အားမပေးဖို့ ဆော်ဩ တဲ့ ၉၆၉ လှုပ်ရှားမှုနဲ့အတူ အမျိုး ဘာသာသာသနာ စောင့်ရှောက် ရေးအဖွဲ့လည်း ပေါ်ပေါက်လာ တယ်။ လွန်ကဲတဲ့ ဘာသာရေး အမြင်မျိုးရှိနေတဲ့ ရဟန်းတော်အ ချို့ စုပေါင်းထားတဲ့ အဖွဲ့အစည်း ဟာ မဘသဆိုတဲ့နာမည်နဲ့ လူသိ များပါတယ်။ ‘‘ဒီအဖွဲ့အစည်းမှာ မြန်မာနိုင်ငံရဲ့အထင်ကရအရှိဆုံး ဆရာတော်ကြီးတချို့က ဦး ဆောင်ပါဝင်နေတယ်’’ လို့ လူ့ အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ မြန်မာ့အရေးလေ့လာသူ အကြီး တန်းသုတေသီ ဒေးဗစ်မာသီယာ ဆန်ကဆိုပါတယ်။
ဒီအတောအတွင်း မဘသ က ဦးဆောင်ကြိုးစားတဲ့ မျိုးစောင့် ဥပဒေရဲ့ အစိတ်အပိုင်းလေးရပ် ကိုလည်း ဇူလိုင်အတွင်းမှာ တရားဝင် သတ်မှတ်ပြဋ္ဌာန်းလိုက် နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ ဘာသာမတူသူချင်း လက်ထပ်ခွင့် ကိုတားမြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို တခြားဘာသာ သို့ ကူးပြောင်းခွင့် တားမြစ်ခြင်း စတဲ့ အချက်အလက်တွေ ပါဝင် နေပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မဘသရဲ့ ဩဇာသက်ရောက်မှုက လျင်လျင်မြန်မြန် ကြီးထွားပျံ့နှံ့ လာနေပါတယ်။ ဖြစ်နိုင်၊မဖြစ်နိုင် အငြင်းပွားမှုတွေ ရှိနေတဲ့တိုင် အခုဆိုရင် မြန်မာနိုင်ငံမှာ မဘသ ဘုန်းကြီးကျောင်းပေါင်း ၂၅၀ လောက်နဲ့ အဖွဲ့ဝင်အင်အားစု ၁၀ သန်းလောက်ထိ သိမ်းသွင်း ထားနိုင်ပြီလို့ သတင်းတွေလည်း ထွက်နေတယ်။ မဘသဟာ ပြည် ခိုင်ဖြိုးရဲ့ ခိုင်မာတဲ့မဟာမိတ်အဖွဲ့ အစည်းတစ်ခုအနေနဲ့ ရပ်တည် နေပါတယ်။ ပါတီမှ တာဝန်ရှိသူ တွေက မဘသကို ပွင့်ပွင့်လင်းလင်း ထောက်ပံ့လှူဒါန်းဖို့  တွန့်ဆုတ် မနေသလို မဘသကလည်း ပြည် ခိုင်ဖြိုးရဲ့ပြိုင်ဘက် ဒီချုပ်ကို မခံချိ  မခံသာစကားတွေနဲ့ တိုက်ခိုက် လေ့ ရှိပါတယ်။ ဒါပေမဲ့ မဘသရဲ့ ဩဇာကြီးမားမှုကို အသိအမှတ် ပြုရမှာဖြစ်ပြီး အဖွဲ့အစည်းရဲ့ လွန်ကဲတဲ့ လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ကတောင် ဗြောင်ကျကျ ဝေဖန်ရှုတ်ချဖို့ လက်ရှောင်နေ တာက သက်သေပါပဲ။
၎။ ဘင်္ဂါလီ ဒုက္ခသည်အရေး
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးလုပ်ဆောင်မှုတွေက မြန်မာနိုင်ငံ အနောက်ပိုင်းမှာခိုလှုံ အခြေချနေတဲ့ ဘင်္ဂါလီတွေနဲ့ တော့ လုံးဝဥဿုံ ကင်းကွာနေ တယ်လို့ နိုင်ငံတကာအသိုက် အဝန်းက ရှုမြင်ထားပါတယ်။ ဘင်္ဂါလီ ၁၄၀,၀၀၀ လောက်ဟာ လောလောဆယ်မှာ ရခိုင်ပြည် နယ်က ရွှေ့ပြောင်းဒုက္ခသည် စခန်းတွေမှာ နေထိုင်နေရတယ်။ စားနပ်ရိက္ခာ၊ နေစရာနဲ့ ဆေးဝါး အထောက်အပံ့ လုံလုံလောက် လောက်မရရှိတဲ့နောက် ထောင်နဲ့ သောင်းနဲ့ချီတဲ့ ဘင်္ဂါလီတွေဟာ ခနော်နီ ခနော်နဲ့ လှေငယ်တွေပေါ် စွန့်စားလိုက်ပါရင်း အက်ဒမန် ပင်လယ်ကိုကျော်ဖြတ်ပြီး အရှေ့ တောင်အာရှ နိုင်ငံတချို့ဆီ ခိုလှုံ ဝင်ရောက်ဖို့ ကြိုးစားကြတာ ကြောင့် လှေစီးဒုက္ခသည်ပြဿနာ တွေ ပေါ်ပေါက်လာပါတယ်။
ဝေဖန်ကဲ့ရဲ့မှုတွေ အမျိုးမျိုး နဲ့ ကြုံခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ဗဟိုအစိုးရဟာ ဘင်္ဂါလီတွေကို မဲပေးဖို့ခွင့်ပြုခဲ့ တယ်။ ဘင်္ဂါလီတွေကလည်း ပြည်ခိုင်ဖြိုးကို ထောက်ခံရပ်တည် မယ့် သဘောထားကို ပြသခဲ့ပါ တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝအောင် အသုံးချမှု သက် သက်သာဖြစ်ပြီး ဘင်္ဂါလီတွေရဲ့ ကာလရှည် ရန်သူတော်သဖွယ် ရပ်တည်ခဲ့တဲ့ ရခိုင်အမျိုးသားတွေ ရဲ့ တိုင်းရင်းသားပါတီတွေကို စိန် ခေါ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့  လွှတ်တော်ထဲမှာ ဘင်္ဂါလီအမတ် တချို့ကိုပါ တွေ့မြင်လာရတယ်။
ဒီနှစ် ရွေးကောက်ပွဲမှာတော့ အရင်ခွင့်ပြုထားတဲ့ မဲပေးပိုင်ခွင့် အားလုံးကို ရုပ်သိမ်းလိုက်သလို ဘင်္ဂါလီတွေကို လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် မှတ်ပုံ တင်ပိုင်ခွင့်ကိုပါ ပိတ်ပင်လိုက် ပါတယ်။ ‘‘ဒီဖြစ်ရပ်တွေကနေ လှိုင်းဂယက်တွေ ထလာဦးမယ်’’ လို့ ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အ ရေးကဏ္ဍကို စောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့ ထူထောင်သူ မက်သရူးစမစ်သ်က ဆိုပါတယ်။ အမေရိကန်အစိုးရဆီက အ ထောက်အပံ့တွေ အများကြီးရရှိ ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ကလည်း စနစ်တကျစီမံထားတဲ့ အခုလိုမဲပေးပိုင်ခွင့် ရုပ်သိမ်းမှု ခြေလှမ်းကို ဝင်တားဆီးဖို့ ဆန္ဒမရှိ ဘူးဆိုတာ မြင်သာခဲ့ပါတယ်။
၅။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း ရေး
မြန်မာနိုင်ငံမှာ တရားဝင် မှီ တင်းနေထိုင်တဲ့ တိုင်းရင်းသားမျိုး နွယ် ၁၃၅ ခုရှိပါတယ်။ နိုင်ငံ တကာက ရိုဟင်ဂျာလို့ခေါ်ဝေါ်တဲ့ ဘင်္ဂါလီတွေကတော့ ၁၉၈၂ ခုနှစ် ကတည်းက မြန်မာတိုင်းရင်းနွယ် ဖွားစာရင်းကနေ ဖယ်ထုတ်ထား ပြီးသားပါ။ မြန်မာနိုင်ငံရဲ့ အဓိက တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ် ခုကတော့ သီးခြားပြည်နယ်တွေ သတ်မှတ်ရယူထားနိုင်ပြီး ပထဝီ ဝင်အနေအထားအရ အဲဒီပြည် နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း တို့နဲ့ နယ်နိမိတ်ထိစပ်မှုတွေ ရှိ နေပါတယ်။ မြန်မာ့လူဦးရေ ၅၁ သန်းအနက် သုံးပုံတစ်ပုံလောက် ရှိမယ့် အဲဒီတိုင်းရင်းသားတွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရလာ ပြီးကတည်းက ဗဟိုအစိုးရရဲ့ဖိနှိပ် အုပ်ချုပ်မှုတွေနဲ့ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုတွေ ရှိခဲ့ပါ တယ်။ အကျိုးဆက်အနေနဲ့ တိုင်း ရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေက ပိုပြီးကောင်းမွန်တဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့် ရယူနိုင်ရေးအ တွက် အစိုးရကို တော်လှန်တိုက် ခိုက်ရင်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဓွန့်ရှည်နေ စေခဲ့တယ်။
စစ်အစိုးရအနေနဲ့ လက်နက် ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ ကို အကျိုးရှိရှိအသုံးချပြီး တိုင်း ရင်းသားလူမျိုးစုတွေအပေါ်သက် ရောက်နေတဲ့ ဩဇာအာဏာကို ထိန်းသိမ်းထားခဲ့တယ်။ အခုဆို ရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပေ မယ့် တရုတ်နဲ့နယ်စပ်တစ်လျှောက် ကချင်နဲ့ ရှမ်းပြည်နယ်က တိုင်း ရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေ ဆဲပါ။ အကျိုးဆက်ကတော့ ဦးသိန်းစိန်သမ္မတဖြစ်လာပြီး ပြု ပြင်ပြောင်းလဲရေးတွေ စတင်လုပ် ဆောင်တဲ့အချိန်ကစလို့ ဒေသခံ သုံးသိန်းလောက်နေရပ်ကို စွန့်ခွာ ထွက်ပြေးပြီး စစ်ရဲ့အနိဋ္ဌာရုံတွေ ကို မျက်မြင် ထိတွေ့ခံစားခဲ့ရ တယ်။ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် တစ်လျှောက်က အဓိကဒုက္ခသည် စခန်းကိုးခုမှာလည်း ခိုလှုံနေသူ တစ်သိန်းလေးသောင်းလောက် ရှိ နေတယ်။ အဲဒီမှာ ၁၉၈၀ ပြည့် လွန်နှစ်တွေကတည်းက စတင် ရောက်ရှိနေသူတွေ အများအပြား လည်းပါဝင်ကြပါတယ်။
လုံခြုံရေးအာမခံချက် မပေး နိုင်တဲ့ တိုင်းရင်းသားနယ်မြေတွေ မှာ ရွေးကောက်ပွဲမဲပေးခွင့်နဲ့ပတ် သက်ပြီး မရေမရာအခြေအနေ တွေလည်း ကြုံနေရပြန်တယ်။ တစ်နည်းအားဖြင့် အဲဒီဒေသတွေ ဟာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးလမ်းစဉ်မှာ ဖယ်ထုတ် ခံရတဲ့သဘောမျိုး ဖြစ်နေပါ တယ်။ ‘‘ဒေသခံ တိုင်းရင်းသား တွေက တပ်မတော်အပေါ် မနှစ် မြို့မှုဟာ ဟိုးအရင် အချိန်တွေက ထက် အခုအခါမှာ အများကြီးပိုပြီး ခါးခါးသီးသီးဖြစ်လာပါပြီ’’ လို့ Fortify Rights ကို ထူထောင်သူ စမစ်သ်ကဆိုပါတယ်။ အဲဒီဒေသ တွေမှာတော့ ရွေးကောက်ပွဲ သတင်းဟာ တင်းမာမှုတွေကို ပို ပြီးမြင့်တက်စေမယ့်အနေအထား ရှိနိုင်တယ်လို့လည်း သူကသုံး သပ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်း ရင်းသားပါတီတွေကတော့ ကိုယ် ပိုင်ပြည်နယ်တွေမှာ အကြီးအ ကျယ် ထောက်ခံအားပေးမှုတွေ ရနေပါပြီ။ ဒါကြောင့် နိုင်ငံရေး အင်အားစုတစ်ခုအဖြစ် လွှတ် တော်ထဲမှာ ရပ်တည်လိုတဲ့ ပါတီ ကြီးတွေဟာ တိုင်းရင်းသားပါတီ တွေနဲ့လက်တွဲဖို့ ပိုပြီးလိုအပ်လာ တဲ့ သဘောပါပဲ။ တိုင်းရင်းသား ပါတီတချို့ဟာ ဒီချုပ်နဲ့ သဘော တူညီမှုရယူထားပြီး ပြည်နယ် အသီးသီးမှာ တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့် ပိုမိုတိုးတက်ရေး ရည် မှန်းချက်ကို အကောင်အထည် ဖော်ဖို့ ဆန္ဒပြင်းပြနေပါပြီ။ ဒီအ ချက်က တပ်မတော်က ကျော ထောက်နောက်ခံပြုထားတဲ့ အစိုးရအတွက်တော့ ခြောက်လှန့် မှုတစ်ခုပါ။ အစိုးရဟာ တိုင်းရင်း သားဒေသတွေကနေ ကျောက် စိမ်း၊ ကျွန်းသစ်နဲ့ တခြားအဖိုးတန် သဘာဝသယံဇာတွေကို ရယူပြီး အမြတ်ထွက်နေတာဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ မဲ ပေးမှုကို ရှေ့ဆက်အကောင်အ ထည်ဖော်ဖို့ကတော့ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးသဘောတူ ညီမှုတွေကို ရေရှည် ဘယ် လောက်ထိန်းသိမ်းထားနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နိုင် ပါတယ်။
၆။ စီးပွားရေး တုံ့ဆိုင်းမှုတွေ
နိုင်ငံတကာ အသိုက်အဝန်း ထဲ မြန်မာနိုင်ငံ ပြန်လည်ဝင် ရောက်လာမှုဟာ အနောက်နိုင်ငံ တွေက စီးပွားရေးလုပ်ငန်းကြီး တွေအတွက် တပ်လှန့်မှုတစ်ခု ဖြစ်လာပါတယ်။ ဈေးပေါတဲ့ လုပ်အားရင်းမြစ်၊ သဘာဝ သယံ ဇာတတွေ ပေါများကြွယ်ဝမှုတွေ အပြင် ပထဝီဝင်အနေအထားအရ ဒေသတွင်း စူပါပါဝါနိုင်ငံကြီးတွေ ဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့ကြားမှာ တည်ရှိနေခြင်းတွေဟာ အ နောက်အုပ်စု စီးပွားရေးလုပ်ငန်း ရှင်တွေအတွက် မျက်စိကျစရာ ပါပဲ။ မြန်မာနိုင်ငံက လမ်းမတွေ ပေါ်မှာ တောက်တောက်ပပ မော် တော်ကားတွေ အများကြီးရောက် လာတာဟာ အပြောင်းအလဲတွေ ထဲက အစိတ်အပိုင်းတစ်ရပ်ပါ။ စီးပွားရေး ပိတ်ဆို့မှုတွေဆီ တစ် ကျော့ပြန်ရောက်ရှိသွားနိုင်တဲ့ နိမိတ်လက္ခဏာမျိုးလည်း လော လောဆယ်မှာ လုံးဝမရှိသေးပါ ဘူး။
ဒါပေမဲ့မြန်မာနိုင်ငံရဲ့ စီးပွား ရေးကဏ္ဍမှာ တိုးတက်မှုနှောင့် နှေးတဲ့ အပိုင်းတွေရှိနေဆဲပါ။ ဩစတြေးလျနိုင်ငံ မက္ကိုင်ရာ တက္ကသိုလ်က မြန်မာ့စီးပွားရေး ပါရဂူတစ်ဦးဖြစ်တဲ့ ပရော်ဖက် ဆာ ရှောင်တာနဲလ်ကတော့ ဒီလို ကျဆင်းမှုတွေဟာ ရွေးကောက်ပွဲ အကြို နိုင်ငံရေးအလှည့်အပြောင်း တွေနဲ့ အစိုးရအပေါ် ဩဇာ ညောင်းတဲ့ခရိုနီ လုပ်ငန်းရှင်ကြီး တွေ ကိုယ်တိုင်ကယှဉ်ပြိုင်မှုတွေ တိုးပွားလာမှာကို မလိုလားတဲ့ ဖိအားပေးမှုတွေကြောင့် ဖြစ် တယ်လို့ သုံးသပ်ထားပါတယ်။ ‘‘ဩဂုတ်လတုန်းက လွှတ်တော် နားတော့ ထင်ရှားတဲ့စီးပွားရေး ဥပဒေမူကြမ်းတွေ အဆိုတင်မှု မအောင်မြင်ခဲ့တဲ့ အရေအတွက် က အံ့ဩစရာကောင်းလောက် အောင် များပြားခဲ့တာနဲ့တင် ကိစ္စ အားလုံးက မြင်သာနေပါပြီ’’ လို့ လည်း ပရော်ဖက်ဆာ တာနဲလ်က ဆိုပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ စံနှုန်း သတ်မှတ်ချက်တွေ၊ ကုမ္ပဏီ စည်းမျဉ်းဥပဒေတွေက ၁၉၁၄ ခုနှစ် ကိုလိုနီခေတ်က ပြဋ္ဌာန်း ထားတာဖြစ်ပြီး အရမ်းခေတ် နောက်ကျနေပါပြီ။ နောက်ပြီး အစိုးရကိုယ်တိုင်ကလည်း အရေး တကြီးလိုအပ်တဲ့ စီးပွားရေးဆိုင် ရာ ဥပဒေပြုမှုတွေမှာ ထဲထဲဝင် ဝင် တွန်းအားပေးဖို့ ပျက်ကွက်ခဲ့ တာတွေလည်းရှိတယ်လို့ ပရော် ဖက်ဆာ တာနဲလ်ကမှတ်ချက်ပေး ပါတယ်။
၇။ တပ်မတော်ရဲ့ အခန်းကဏ္ဍ
နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိ မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ လွှတ်တော်ထဲက တပ်မတော် သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ကြောင့် အတိုင်းအတာတစ်ခုထိ အစွန်းအထင်း ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်ကစေလွှတ်တဲ့ ကိုယ်စား လှယ်တွေလက်ထဲမှာ အလိုအ လျောက် ရောက်ရှိပြီးသား ဖြစ်နေ ပါတယ်။ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကို ပြောင်းလဲဖို့အတွက် ထောက်ခံမဲ  ၇၅  ရာခိုင်နှုန်း ကျော်လိုအပ်ချိန်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဘယ်လိုအဆိုမျိုးကိုမဆို ဗီတို အာဏာသုံးပြီး ပယ်ချနိုင်တဲ့ သဘောမျိုးဖြစ်နေပါတယ်။‘‘တစ် ခုခုဆိုရင် သူတို့ဘက်က ၂၅ ရာခိုင်နှုန်းစာ မဲအရေအတွက်က အခိုင်အမာရပြီးသား ဖြစ်နေ တယ်လေ’’လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မာသီယာ ဆန်ကဆိုပါတယ်။
သူရဦးရွှေမန်းဟာ ဒီသတ် မှတ်ချက်ကိုပြောင်းလဲဖို့ ဒီချုပ်ရဲ့ အား ထုတ်မှုမှာ ထောက်ခံခဲ့တာ ကြောင့် ဖယ်ထုတ်ခံလိုက်ရတာ လို့ လေ့လာသူအများစုက တညီ တညွတ်တည်း သုံးသပ်ထားကြ ပါတယ်။ အရင်အစိုးရ အကြီး အကဲဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအနေနဲ့ ရာထူးက အနားယူသွားပြီဖြစ်တဲ့တိုင် မြန်မာ့နိုင်ငံရေးအပေါ်မှာ ဩဇာ ညောင်းနေဆဲဆိုတာကို မြင်သာ စေပါတယ်။ နောက်ပြီး တပ်မ တော်က ဗိုလ်ချုပ်တွေအနေနဲ့ လည်း စစ်တန်းလျားပြန်သွားပြီး ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ် နေထိုင် ဖို့ကို သိပ်ပြီးကျေကျေနပ်နပ် လို လားလက်ခံပုံမပေါ်ပါဘူး။ မဲရ လဒ်တွေ ထွက်ပေါ်လာချိန်မှာ တပ်မတော်အတွက် မနှစ်မြို့စရာ ရလဒ်မျိုး ထွက်ပေါ်လာရင် နောက်တစ်ကြိမ် ဝင်ရောက်စွက် ဖက်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ဘူး။ ဒီချုပ်အနေနဲ့ ရွေး ကောက်ပွဲမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ရင်တောင် နောက်တစ် ကြိမ် အာဏာသိမ်းမှုမျိုး ကြုံလာ နိုင်တဲ့အခြေအနေကို မေ့မထား သင့်တာအမှန် ပါပဲ။
(TIME မဂ္ဂဇင်း၏ သတင်း ထောက် ချာလီကမ့်ဘဲလ်ရေးသား သည့် 7 Things to Know About Burma’s Upcoming Elections ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: