မကွေးမြို့က အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး မှ သတင်းသမားတစ်ဦး၏ ပေးစာ




မကွေးမြို့မြသလွန်စေတီတော်၏ ဘုရားပွဲတော်ဈေးကွင်းတွင် မ.ဘ.သ ဗဟိုမှ ဆရာတော်များ၊ ဥပဒေ ပညာရှင် ဦးအေးပိုင်နှင့် ကုလားနိုင်မင်း ဦးနေမျိုးဝေတို့က ဦးဆောင်၍ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကြီး သို့ နေ့လည်(၂)နာရီမှာ ကျွန်တော် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူ သုံးထောင်ခန့်ရှိမယ်ထင်ပါတယ်။ အဲဒီပွဲကို ကျွန်တော်တို့ မင်းဘူးမြို့က ဆရာဦးကျော်ဝင်းမြင့်နဲ့ ကျေးရွာသူ ကျေးရွာသားတွေ သုံးဘီးများ ကားများနဲ့ လာရောက်တာတွေ့မြင်ရပါတယ်။ ဒီလောက်နေပူဒဏ်ပြင်းနေချိန်မှာ ဒီလူတွေလာရောက်ကြတာ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ် ဓါတ်ရှင်သန်ထက်မြက်ရေးအတွက် တစ်ခဲနက်လာကြလို့ အံ့သြစရာကောင်းလှပါတယ်။

          မကွေးဆရာတော် ဦးပါမောက္ခ ဟောပြောနေတဲ့အချိန် ကျွန်တော်ယူနတီသတင်းထောက် တင်ရွှေ (မင်းဘူး)က ဟောပြောစင်နောက်မှာ ဖြတ်ပြီးလမ်းလျှောက်နေချိန်မှာ အမျိုးသမီးရေးရာမှဟု ယူဆရသော အဖွဲ့မှ ဆရာတော်နောက်မှာ ကုလားတစ်ယောက်လမ်းလျှောက်နေပါတယ်လို့ ဖုန်းဆက်သံကြားလိုက်ရပါတယ်။  အဲဒီအချိန် သတင်းထောက် ပိုင်ဇေ(မကွေး) က အဲဒါကျွန်တော်တို့ မီဒီယာအဖွဲ့ကပါလို့ ၀င်ရောက်ပြော ကြားလိုက်တယ်။ အဲဒါကြောင့် ကျွန်တော်မခံလိုက်ရတာပေါ့၊ ဒီလောက်နဲ့ ပြီးသလားဆိုတော့ မပြီးသေးဘူးခင်ဗျ၊ ကျွန်တော်ရယ်၊ ပိုင်ဇေ(မကွေး)၊ ကောင်းသုတ(မင်းဘူး)၊ ဆရာမြင့်ဝေ(မင်းဘူး) နဲ့ ဇော်မိုးထွန်း(မကွေး) တို့ ရပ်နေတဲ့နေရာကို လူတစ်ဦးရောက်လာပါတယ်။
``ခင်ဗျားတို့က ဘယ်ကလဲ၊ ဘာလာပြီးလုပ်တာလဲ´´ ဆိုပြီးမေးပါတယ်။ ကောင်းသုတ(မင်းဘူး)ကလည်း လာမေးတဲ့လူကို ``ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့မေး ရတာလဲလို့´´ ပြန်ပြီးမေးခွန်းထုတ်ပါတယ်။  မေးတာကို မဖြေသေးဘဲ  အဲဒီလူက ကျွန်တော့်ကို လက်ညှိးထိုးပြီး သူက ဘာလာလုပ်တာလဲ၊ ဘယ်သူလဲ ဆိုမေးပြန်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်က ယူနတီဂျာနယ် သတင်းထောက် တင်ရွှေ(မင်းဘူး)ပါ၊ ခင်ဗျားနာမည်ကရော ဘယ်သူလဲ၊ ဘာသဘောနဲ့မေးရတာလဲ၊ ဘာတာဝန်ယူထားတာလဲ ဆိုပြီး ပြန်မေးပါတယ်။ အဲဒီတော့မှ  သူက ကျွန်တော့်နာမည်း နေမျိုးဝေလို့ ပြန်ဖြေတယ်ဗျာ၊ အမှန်ဖြစ်ရမှာက ကျွန်တော်က နေမျိုးဝေ ပါဆိုပြီးစတင်မိတ်ဆက်ပြီး မှ သူက မေးမြန်ရမှာပါ။ ဒါဆို အားလုံး အိုကေ သွားကြမှာပါ၊ သူလည်း ဗုဒ္ဓဘာသာကိုးကွယ်သူ၊ ကျွန်တော်လည်း ဗုဒ္ဓဘာသာ ထေရ၀ါဒ ကို ကိုးကွယ်ထားတဲ့ ဟိန္ဒူကုလားလူမျိုးတစ်ယောက်ပါဗျာ..။ သူ့ကို အသံကျယ်ကျယ်နဲ့ ကိုနေမျိုးဝေ ရေ လို့ အော်ခေါ်ပြီးပြောတော့ သူက ရှုးရှုး တိုးတိုးဆိုတဲ့သဘောနဲ့ သူ့လက်ညှိုးကို ပါးစပ်ကပ်ပြပြီးပြောတယ်။ သူနဲ့ ပါလာတဲ့ အဖွဲ့ကလူတွေကလည်း ကျွန်တော့်ကို သံသယစိတ်နဲ့ ၀ိုင်းပြီးကြည့်နေတာ ခံလိုက်ရပါတယ်။  ကျွန်တော့်ကို ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရပါတယ်။ ကျွန်တော်လည်း ရှက်ရှက်နဲ့ ဆရာတော် သုံးပါး ဟောပြီး ပြန်လာခဲ့ပါတယ်။

          ကိုနေမျိုးဝေကို လေးစားပါတယ်။ ဒါပေမဲ့ သူတို့ဖိတ်ကြားတဲ့ ဖိတ်စာမှာ ကုလားနိုင်မင်း ဦးနေမျိုးဝေလို့ ရေးသားထားပါတယ်။ အဲဒါ စာဖတ်ပရိတ်သတ်တွေ တွေးပြီးကြည့်စေချင်ပါတယ်။ နောက် သူကပြောသေးတယ်ဗျ၊ ဒီလိုဗီနိုင်းဆိုင်းဘုတ်ကြီတွေနဲ့ လုပ်နေတဲ့ပွဲကို ခင်ဗျားတို့ သတင်းသမားတွေက မရေးကြဘူး တဲ့။ သတင်းသမား တစ်ဦးက မေးတဲ့မေးခွန်းကိုလည်း ပြန်မဖြေဘူးဗျာ၊ ကျွန်တော် တင်ရွှေ(မင်းဘူး)ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရတယ်လို့ ကိုနေမျိုးဝေးကို ပြောချင်ပါတယ်။ ခင်ဗျားပြောသလို မကွေးသတင်းသမားတွေက မညံ့ကြပါဘူးဗျာ..၊ ကိုယ့်သတင်းကို ကိုယ်တိုင်တာဝန်ယူပြီး ရေးသားနေတဲ့သတင်းသမားတွေပါ၊ တာဝန်ယူမှုရှိတဲ့ မီဒီယာခေတ်ဖြစ်နေပါပြီ ကိုနေမျိုးဝေရေ..။

မှတ်ချက်။  ။ နေ့လည်(၂)နာရီမှာအခမ်းအနားစတင်၍ ညနေ(၄)နာရီအချိန်ခန့် တွင် လေပြင်းများ ကျလာသောကြောင့် ဥပဒေပညာရှင် ဦးအေးပိုင်ဟောပြောနေစဉ် ပွဲသိမ်းလိုက်ရကြောင်း သတင်းရရှိသည်။

တင်ရွှေ(မင်းဘူး)
ယူနတီဂျာနယ် သတင်းထောက်။


 
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


 

0 comments: