``မေ(၅)ရက်မှ(၉)ရက်နေ့ထိ စတုတ္ထအကြိမ် မကွေးမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း ငါးရက်(အခမဲ့) ကျင်းပမည်၊ သင်တန်းသား/သူများအား ဖိတ်ခေါ်´´




မကွေးမြို့၊ ကန်သာရပ်ကွက်၊ အထက(၁)လမ်း၊ အောင်မြေရတနာကျောင်းတိုက်၌  ၂၀၁၄ မေ(၅)ရက်မှ (၉)ရက်နေ့ထိ (၅)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှညနေ(၅)နာရီအချိန်အထိ စတုတ္ထအကြိမ် မကွေးမြို့နယ် လုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း (အခမဲ့) ကျင်းပမည်ဖြစ်ကြောင်း၊ အသက်(၁၀)နှစ်နှင့်အထက် သင်တန်းသား သင်တန်းသူများ (အခမဲ့)တက်ရောက်နိုင်ကြောင်း၊ သင်တန်းသား များအတွက် ယောဂီတဘက်၊ လက်ဆွဲအိပ်၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင် တို့တွင် လှူဒါန်းသော လုပ်ငန်းရှင်များ၏ လုပ်ငန်းတံဆိပ်များ ရိုက်နှိပ်၍ မှတ်တမ်းတင်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား တစ်ဦးအတွက် (၁၄၂၅)ကျပ် ကုန်ကျမည်ဖြစ်ကြောင်း၊ ဝေယျာဝစ္စကုသိုလ်၊ အဟာရကုသိုလ်၊ မှတ်တမ်းဗီဒီယို၊ ဓာတ်ပုံကုသိုလ်၊ သင်တန်းသားများအတွက်လက်ဆောင်ကုသိုလ်များ လှူဒါန်းလိုလျှင် အောင်မြေရတနာ အလှူခံမဏ္ဍာပ်သို့ ကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်း ၀၉-၅၃၄၀၅၈၈ နှင့် ၀၉-၅၃၄၂၀၃၁ များသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သတင်းရရှိသည်။

``မျိုးဆက်သစ်ရင်သွေးငယ်လေးတွေ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးစိတ်နဲ့ ဗုဒ္ဓသာသနာတော်အဆုံးအမ တွေကို သက်ဝင်ယုံကြည်လာစေဖို့။ မျိုးဆက်သစ်ရင်သွေးငယ်များ လိမ္မာယဉ်ကျေးလာစေဖို့။ မျိုးဆက်သစ် လူငယ်များ အနာဂတ်သာသနာတော်အတွက် အားဖြည့်နိုင်သူများ ဖြစ်ပေါ်လာစေဖို့အတွက် ဒီသင်တန်းကို ကျင်းပပေးခြင်းဖြစ်ပါတယ်။ နှစ်စဉ်ယခုလိုကျောင်းတွေပိတ်ရက်နွေရာသီမှာ ကျင်းပလာခဲ့တာ၊ ယခုနှစ်က စတုတ္ထ အကြိမ်ဖြစ်ပါတယ်..။´´ဟု အကျိုးတော်ဆောင်လူကြီး ဦးအောင်လင်းက ရီပိုတာဂျာနယ် ကိုပြောသည်။
          သင်တန်းပို့ချသူများမှာ နေပြည်တော်-လယ်ဝေး၊ သပြေပင် ရန်ကင်းတောရ ပရိယတ်၊ပဋိပတ်ဌာန၊ ပဓာန နာယကဆရာတော် အရှင်ခေမာနန္ဒ ဦးစီး၍ ကျွမ်းကျင်သည့်သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ဗီဒီယို သရုပ်ဆောင် ထူးခန့်ကျော်၊ လူရွှင်တော် ကျော်ထူး၊ လူရွှင်တော် စာရေးဆရာ ချစ်စရာ နှင့် စာရေးဆရာ ဒေါက်တာ လင်းသုတ တို့ဖြစ်ကြောင်းသိရသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်ဓမ္မသင်တန်း (အခမဲ့)သို့ တက်ရောက်လိုသူသင်တန်းသား၊ သင်တန်းသူများသည် မေ(၃)ရက်နေ့အထိ စာရင်းပေးသွင်း နိုင်ကြောင်း၊ ဤသင်တန်းသို့ သင်တန်းသား/သူပေါင်း(၁၅၀၀)ဦးလက်ခံမည်ဟု အကျိုးတော်ဆောင်လူကြီး ဦးအေးကိုကို က ရီပိုတာဂျာနယ် ကိုပြောသည်။
ဝိုင်းကြည်အောင်

အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ  
 

0 comments: