``DVB သတင်းထောက် ဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ်တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန်လည်လွှတ်မြောက်ရေး မကွေးမြသလွန်ဘုရားမှ ဆုတောင်းပွဲ´´





မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဧပြီ(၂၁)ရက်နေ့ နံနက်(၉)နာရီအချိန်၌ DVB သတင်း ထောက် ဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင် တို့နှစ်ဦးအား ထောင်ဒဏ် တစ်နှစ်ချခြင်းကို ချွင်းချက်မရှိပြန် လည်လွတ်မြောက်ရေး ဒေသ ခံသတင်းသမားများက  ဆုတောင်းပွဲပြုလုပ် ကြောင်း သတင်းရရှိသည်။

          အဆိုပါဒေသခံသတင်းသမားများမှာ မကွေးမြို့ပေါ်မှ သတင်းသမားအချို့နှင့် မင်းဘူး၊ နတ်မောက်၊ ရေနံချောင်းမြို့များမှ ဒေသခံသတင်းသမားအင်အား နှစ်ဆယ့်ငါးဦးခန့်ဖြင့် ဆုတောင်း ပွဲပြုလုပ်ကြကြောင်း သိရသည်။

``ထောင်ဒဏ် တစ်နှစ်စီကျသွားတဲ့ DVB သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)နှင့် ကျောင်းသား မိဘတစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်(ခ) ကိုလှိုင်လှိုက် တို့သည် ယခုချမှတ်ထားသော ပြစ်ဒဏ်များမှ အမြန်ဆုံး ပြန်လည် လွှတ်မြောက်ရပါစေသား အရှင်ဘုရား..၊´´ဟု ဆုတောင်းကြပြီး နမောတဿ သုံးကြိမ် သံပြိုင်ရွတ်ဆို၍ မြသလွန်စေတီတော်မြတ်ကြီးအား ပူဇော်ကန်တော့ကြကြောင်း သတင်းရရှိသည်။
          ဧပြီ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်မှ စတင်၍ မကွေးမြသလွန်စေတီတော် ရင်ပြင်ပေါ်တွင် ဒေသခံသတင်းသမားများစုရပ်ပြုလုပ်နေစဉ် ဘုရားဂေါပကအဖွဲ့မှ လွှတ်လိုက် သည် ဆိုသော လူတစ်ဦးရောက် လာသည်။ ဆုတောင်းပွဲလုပ် လျှင် ဂေါပကအဖွဲ့ သို့လာရောက် အကြောင်းကြား ရန် ထိုလူမှ သတင်းသမားများ ကိုအသိပေးပြောဆိုကြောင်း၊ သတင်းသမားများမှ ဆုတောင်းပြီး မြသ လွန်စေတီတော်အား ရှစ်ခိုးပူဇော်ခြင်းသာ ပြုလုပ်ခြင်းဖြစ်၍ မည်သူထံမျှခွင့်ပြုချက်မတောင်း ခံနိုင်ကြောင်းပြောဆိုနေစဉ် ထိုလူပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။

ဝိုင်းကြည်အောင်
 

 

0 comments: