ဓမ္မဒီပက မဟာဗိမာန်တော် ကို
၂၀၁၁ ၊ ဧပြီ(၂၈)ရက်နေ့တွင် ကောင်းမွန် မိသားစု မှ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း၊ ၎င်း
အချိန်မှ စတင်ပြီး တရားစခန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃၇၅ ခုနှစ် မဟာ သင်္ကြန် အတွင်း
(၇)ရက်တရားစခန်းပွဲအထိ (၂၅)ကြိမ်မြောက် တရားစခန်းပွဲဖြစ်ကြောင်း၊ ဤဓမ္မဒီပက မဟာ ဗိမာန်တော်
တရားရိပ်သာကို ဆရာတော်ဘုရား ကိုးပါး၏ သြ၀ါဒခံယူ၍ကျင်းပကြောင်း၊ တရားပွဲ ဓမ္မကထိက မှာ
ဓမ္မဒူတ ဆရာတော် ဒေါက်တာ ရှင်ဆေကိန္ဒ ဦးစီး၍ ဆရာတော်ဘုရား၏ တပည့်ဆရာတော်များ ဦးဝိသဒ
နှင့် ဦးစိတြရ တို့နှစ်ပါးက တရားစခန်းပွဲများ၌ ဓမ္မကထိက အဖြစ်ဆောင်ရွက်ကြောင်း၊ ယခု(၂၅)ကြိမ်မြောက်
တရားစခန်းပွဲကို ဧပြီ(၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၇)ရက်ကျင်းပကြောင်း၊ ယောဂီပေါင်း(၁၅၀)ဦး
တရား စခန်းဝင်ကြောင်း၊ ရိပ်သာ အမှုဆောင် ဦးဆန်းအောင်ကျော် က ပြောသည်။
အဆိုပါ ဓမ္မဒီပက ရိပ်သာတွင် တရားစခန်းဝင်သူယောဂီများနှင့် ဝေယျာဝစ္စ
အဖွဲ့များသည် အစိုးရ ၀န်ထမ်းများ ၉၀ ရာခိုင်နှုန်းခန့် ပါဝင်ဆောင်ရွက်ကြကြောင်း၊ ရိပ်သာအမှုဆောင်အဖွဲ့မှ
ဦးဆန်းအောင်ကျော်၊ ဦးဌေးအောင်၊ ဦးကျော်ရှိန်၊ ဦးကျော်ကြီး၊ ဦးဖိုးစု(တောင်ဇလပ်လက်ဖက်ရည်ဆိုင်)
တို့နှင့် တွေ့ဆုံ၍ တရားစခန်း နှင့်ပါတ်သက်သော ကိစ္စများကိုဆောင်ရွက်နိုင်ပါကြောင်း
သတင်းရရှိသည်။
ဝိုင်းကြည်အောင်
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
0 comments:
Post a Comment