မကွေးမြို့ ၁၃၇၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲများ ကျင်းပ




မကွေး     ဧပြီ       ၁၇
          မကွေးတိုင်းဒေသကြီး ၏ ၁၃၇၆-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ဧပြီလ(၁၇)ရက်နေ့ နံနက်(၇)နာရီက မကွေးမြို့ ကမ်းနားလမ်းရှိ ညောင်ကိုးပင် ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊တရားသူကြီးချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်နေ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူး မှ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း ထံသို့ ငါးသားပေါက်များပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များလွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ် ရယူကြပါသည်။
          အဆိုပါ ဇီဝိတဒါနငါးလွှတ်ပွဲတွင် ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်း၊ငါးမျှစ်ချင်းနှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၃၀၀၀၀)ကို ကုသိုလ်ဖြစ် ပျော်ရွှင်စွာ လွှတ်ပေးခဲ့ပါသည်။
          ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော  သက်ကြီးပူဇော်ပွဲအခမ်းနားကို ဧပြီလ(၁၇)ရက်နေ့ နံနက်(၉)နာရီက မကွေး-တောင်တွင်း လမ်းပေါ်ရှိ ဖန်ခါးမြေ ဘိုးဘွား ရိပ်သာတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀င်ဝန်ကြီးများ၊တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ ၊လူမှုရေးအသင်းအဖွဲ့များနှင့်မြို့ပေါ်(၁၅)ရပ်ကွက်မှ အဘိုး/အဘွားများ တက်ရောက်ကြပါသည်။

          အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး သက်ကြီး ဘိုးဘွားများအား လက်အုပ်ချီမိုး ရှိခိုး ကန်တော့ကြပါသည်။
          ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး အဘွားများအား ကန်တော့ပစ္စည်းများဖြင့် ပေးအပ်လှူဒါန်းပြီး အဘိုးအဘွားများ ကိုယ်စား အဘိုးတစ်ဦးမှ ဆုပေးစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
          အဆိုပါသက်ကြီးပူဇော်ပွဲတွင် ဖန်ခါးမြေ ဘိုးဘွားရိပ်သာနေ အဘိုးအဘွားများ အပါအ၀င် မကွေးမြို့ပေါ်ရှိ အဘိုးအဘွား (၆၉)ဦးတို့အား တန်ဘိုးငွေကျပ်(၁၅၂၂၉၀၀)တန်ဘိုးရှိ လှူဖွယ်ပစ္စည်များဖြင့် လှူဒါန်းကန်တော့ခဲ့ကြပါသည်။

          မကွေးမြို့တွင် ၁၃၇၆-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဌာနဆိုင်ရာ ရုံးများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် သက်ကြီးအဘိုးအဘွားများအား ကန်တော့ခြင်း၊အန္တရာယ်ကင်း ပရိတ်တရားများနာယူခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းများဖြင့် ကုသိုလ်ရယူ ဆောင်ရွက်ကြပြီး  မြသလွန်စေတီတော်တွင်လည်း ဘုရားဖူး လာပြည်သူများ ဖြင့် စည်းကားလျက်ရှိရာ ဘုန်ကြီးကျောင်းများတွင်လည်း တရားစခန်းဝင်သူများနှင့် အလှူဒါန ပြုသူများဖြင့် အေးချမ်းစွာ ကုသိုလ်ရယူလျက်ရှိကြောင်းသိရှိရပါသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
 
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ

 

0 comments: