မကွေးမြို့တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ




မကွေး     ဧပြီ     ၂၇
          ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အစည်းအဝေးအခမ်းအနားကို ဧပြီလ(၂၇)ရက် နံနက်(၉)နာရီအချိန်က မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဘာသာရေးခေါင်ဆောင်များတက်ရောက် ကြပါသည်။
          အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ အဖွင့် အမှာစကားပြောကြားပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်မှ အဖွဲ့ ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။
          ထို့နောက် မကွေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူး မှ တိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်စွာဖြင့် အတူယှဉ်လက်တွဲ၍ တည်ငြိမ် အေးချမ်းစွာ နေထိုင်ခဲ့သည်များကို ရှင်းလင်းတင်ပြပြီး ခရိုင်အသီးသီးမှ ဘာသာပေါင်းစုံချစ်ကြည်ညီ ညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
          ဆက်လက်၍ တက်ရောက်လာသော ဘာသာရေးခေါင်ဆောင်များမှ မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ခဲ့မှုများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်  ဦးဘုန်းမော်ရွှေမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
          အဆိုပါအခမ်းအနားသို့ ဗုဒဘာသာ၊အစ္စလာမ်ဘာသာ၊ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ ၀င်များအပါအ၀င် အင်အား(၆၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     -     ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း                      0933248014

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: