``စေတုတ္တရာမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ ရေမြုပ်ရွာပေါင်း(၁၉)ရွာမှ ဆရာတော်ခြောက်ပါးနှင့် တောင်သူ နှစ်ဆယ့်လေးဦးတို့က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ နစ်နာကြေးရရန်တောင်းဆို´´




ဧပြီ(၂၈)ရက်၊ နံနက်(၉း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ စေတု တ္တရာမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ ရေမြုပ်ရွာပေါင်း(၁၉)ရွာမှ ဆရာတော်ခြောက်ပါးနှင့် တောင်သူ နှစ်ဆယ့်လေးဦးတို့က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ နစ်နာကြေးရရန်တောင်းရန် လာရောက်တွေ့ဆုံ ကြောင်း သတင်းရရှိသည်။

          ၎င်းနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး၊ ဒုတိယနေ့ကျင်းပနေကြောင်းသိရသည်။ ဆရာတော်များဦးဆောင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် (သို့မဟုတ်) အတွင်းရေးမှူး ဦးနေ၀င်း နှင့်တွေ့ဆုံရန်လာရောက်ကြကြောင်း ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့လုံခြုံရေး များက လွှတ်တော်အထူးအစည်းအဝေးရှိနေ၍ ၎င်းတို့အားတားဆီး၍ တစ်နေရာသို့ပြန်ကြရန်၊ အစည်းအဝေးပြီး လျှင် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းနှင့် တာဝန်ရှိသူများကို တွေ့ဆုံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
          ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၄ ခု၊ ဇန်န၀ါရီ(၁)ရက်နေ့တွင် ကြီးအုံကြီးဝဆည်ရေမြုပ်ရွာများဖြစ်ကြသော မကျီးစု၊ ညောင်ကုန်း၊ခဲပြစ်၊ သံဆည်၊ ကြီးဝ၊ ညောင်အိုင်၊ ၀န်လို၊ မြေနီကုန်း၊ ငါးမရွာ၊ ပဲရင်းကိုင်း၊ တယ်ဇားရွာ၊ မဏ္ဍာပ်ကိုင်းရွာ၊ ခိုနန်း၊ ကြီးအုံ၊ ကျောက်ပုံ၊ တောင်မြေနီ၊ တောင်ကုန်း၊ အင်းကုန်းရွာများမှ တောင်သူများသည် ဦးမြင့်သွင် တရားလွှတ်တော်ရှေ့နေကို ငှါးရန်း၍ လယ်/ဆည် ပြည်ထောင်စုဝန်ကြီးထံသို့ နို့တစ်စာပေးပို့ခြင်းဖြစ် ကြောင်းသိရသည်။ ၎င်းစာတွင် လူကြီးမင်း၏ ၀န်ကြီးဌာနအနေဖြင့် တောင်သူများစိုက်ပျိုးထားသော လယ်မြေများ ကို ဥပဒေနှင့်အညီ လျော်ကြေး၊ နစ်နာကြေးများပေးခဲ့ခြင်းမရှိခဲ့သောကြောင့် ဒေသခံတောင်သူ လယ်သမားများ စားဝတ်နေရေး ပညာရေး၊ ကျန်းမာရေးများ ချို့တဲ့နေခဲ့သည်မှာ အချို့ သုံးနှစ်၊ အချို့ခုနှစ် နှစ်အထိကျော်ခဲ့ပေပြီ၊ စာရင်းဇယားများအရ တောင်သူများဆုံးရှုံးသည့် စုစုပေါင်းငွေကျပ်(၃၀၅၁၂.၂၈၁)သန်းအား ၂၀၁၄၊ မတ်လ (၂၉)ရက်နေ့ နောက်ဆုံးထားပြီး နစ်နာကြေးများအဖြစ် ညှိနှိုင်းဆောင်ရွက်ပေးအပ်ရမည် ဖြစ်ကြောင်း ဥပဒေနှင့် အညီ အသိပေးခဲ့သော နို့တစ်စာဖြစ်ကြောင်း သိရသည်။



          လယ်/ဆည် ပြည်ထောင်စုဝန်ကြီးမှ မကွေးတိုင်းဒေသကြီးအစိုးရသို့ ဆက်လက်ညှိနှိုင်းဆောင်ရွက် စေခိုင်း၍ ၂၀၁၄၊ ဧပြီ(၂၂)ရက်မှ (၃၀)ရက်နေ့အတွင်းလာရောက်တွေ့ဆုံဆက်သွယ်နိုင်ကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးနေ၀င်း က စာထွက်ခေါ်ဆိုကြောင်း၊ ရှေ့နေ ဦးမြင့်သွင် တရားလွှတ်တော်ရှေ့နေ မှ သူ၏ကိုယ်စား ယခု ဆရာတော်ခြောက်ပါးနှင့် တောင်သူများအား ကိုယ်စားလှယ်လွှဲစာ ဦးနေ၀င်းထံသို့ ဧပြီ(၁၀)ရက်နေ့က ကိုယ်စားလှယ်လွှဲစာဖြင့် ပူးတွဲလာခဲ့ကြောင်း သိရသည်။
``ဒီကြီးအုံကြီးဝဆည်တမံကြောင့် ရေမြုပ်ရွာ(၁၉)ရွာကိုရွေ့ပြောင်းခဲ့ရတာပါ။ အိမ်နေရာရွေ့ပြောင်းခ ငါးထောင် ကျပ်စီ သာပေးပြီး မြေယာတွေအတွက် လျော်ကြေးငွေက ယခုထိမရကြသေးဘူး။ ယခုရွေ့ပြောင်းရွာတွေမှာ ရေအခက်အခဲဒုက္ခ တော်တော်ကိုခံစားနေကြရပါတယ်။  ဒကာတွေလည်း လုပ်စားစရာမြေကမရှိ ၊  လုပ်စား စရာ တောင်ယာမြေလေးတွေကို မြေစာရင်းဌာနကို မှတ်ပုံတင်တော့လည်း သစ်တောဧရိယာဆိုပြီး တားဆီးခံ နေကြပါတယ်။ ကျုပ်တို့ဘုန်းကြီးတွေရော ဒေသခံ ဒကာ ဒကာမတွေ တော်တော်ကို အတိဒုက္ခရောက် နေကြရပါတယ်။ ဒါကြောင့် ဘုန်းကြီးတွေဦးဆောင်ပြီး လာတွေ့တာပါ။ ဒီကိစ္စဖြေရှင်းပေးဖို့ မတွေ့ရရင် လုံးဝမပြန်ပါဘူး။´´ ဟု ဆရာတော် ဦးပညာသီရိ(၀န်လိုကျေးရွာကျောင်း) ဆရာတော်က ပြောသည်။
          ၎င်းဆရာတော်ခြောက်ပါးနှင့်တောင်သူနှစ်ဆယ်လေးဦးအဖွဲ့သည် နေ့(၁)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း နှင့်တွေ့ရန် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးအစိုးရ ရုံးရှေ့သို့ စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။
          အဆိုပါကြီးအုံကြီးဝဆည်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် တမံရေပိတ်ခဲ့ကြောင်း၊ ရေမြုပ်ကျေးရွာပေါင်း (၁၉)ရွာ၊ ရေမြုပ်မြေယာဧရိယာ ဧက ခုနှစ်ထောင်ကျော်ခန့်၊ မိသားစု အိမ်ခြေ နှစ်ထောင်ကျော်ခန့်၊ လူဦးရေ ငါးထောင်ကျော်ခန့်ရှိကြောင်း စေတုတ္တရာမြို့မှ ဦးကျော်အောင်လွင်က ပြောသည်။


နေ့လည်(၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အစည်းအဝေးရှိနေ၍ လက်ခံမတွေ့ဆုံနိုင်ကြောင်း၊ သူတို့ခေါ်ဆိုသည်မှာ ရှေ့နေ ဦးမြင့်သွင် ဖြစ်၍ ယခုလာရောက်ကြသော ဆရာတော်များနှင့် တောင်သူများကို လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း တာဝန်ရှိသူမှ အကြောင်းပြန်ကြားကြောင်း  စေတုတ္တရာမြို့မှ ဦးကျော်အောင်လွင်က ပြောသည်။


ဝိုင်းကြည်အောင်


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
 
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
 
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


 

0 comments: