``မကွေးမြို့တွင် နေအပူဒဏ်အပြင်းဆုံးအချိန်၌ အမျိုးစောင့်ဥပဒေထောက်ခံရေး အသိပညာပေး ဟောပြောပွဲကျင်းပ´´




မကွေးမြို့ မြသလွန်စေတီတော် ဘုရားပွဲဈေးကွင်းပြင်၌ ဧပြီ ၂၀၊ နေအပူဒဏ်အပြင်းဆုံး အချိန် နေ့လည် နှစ်ရီအချိန်မှ ညနေလေးနာရီအ ချိန်ခန့်အထိ အမျိုးစောင့်ဥပဒေထောက်ခံရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေးဆိုင်ရာ ဟောပြောပွဲကြီးကို လူထုအင်အား သုံးထောင်ခန့်ဖြင့် ကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းကိုသီဆိုဖွင့်လှစ်ကြောင်း၊ မကွေးဆရာတော် ဦးပါမောက္ခ က အမျိုးသားရေးသြ၀ါဒကထာ ကို ဟောပြောကြောင်း၊ ရှင်ပတောင်ဆရာတော် ဦးက၀ိန္ဒေဘာသ က ရဲရဲတောက်အမျိုးသားရေးသြ၀ါဒ ကထာ ကိုဟောပြောကြောင်း၊ မန္တလေးတိုင်းဒေသကြီး မ.ဘ.သ တွဲဖက်အတွင်းရေးမှူး ဆရာတော် ဦးယသ က အမျိုးသားရေးသြ၀ါဒ ကထာ ဟောပြောကြောင်း၊ ထို့နောက် ဆရာတော် ဦးဝီရသူ နှင့် အထက်မြန်မာပြည် မ.ဘ.သ ခေါင်းဆောင်ဆရာတော် ဦးက္ကန္ဒာစက္ကာဘိဝံသ ဆရာတော် နှစ်ဦးမှ ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားကြောင်း၊ ထို့နောက် ဦးနေမျိုးဝေ နှင့် ဥပဒေပညာရှင် ဦးအေးပိုင် ပြောကြားနေစဉ် လေပြင်းများကျရောက်လာကြောင်း၊ ထိုအစီအစဉ်ကို နေ့လည် တစ်နာရီ မှ ညနေ ခြောက်နာရီအထိ သတ်မှတ်ဖိတ်ကြားထားသော်လည်း ညနေ လေးနာရီအချိန်ခန့်တွင်  အခမ်းအနားကို အမြန်ရုတ် သိမ်းလိုက်ရကြောင်း  ကသတင်းရရှိသည်။

``ဒီပွဲကို ကျွန်တော်တို့ မင်းဘူးမြို့ ပြည်ခိုင်ဖြိုး ကလည်း လူကြီးတစ်ဦးနဲ့ ရွာက လူတွေကို သုံးဘီတွေ ကားတွေနဲ့ ခေါ်လာတာ မြင်ရတယ်ဗျ၊ ကိုနေမျိုးဝေ ဆိုတဲ့လူကလည်း သတင်းသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေကြဘူး၊ ကျွန်တော် ဟိန္ဒူလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်ကို သံသယနဲ့ ၀ိုင်းပြီးအကြည့်ခံရတယ်၊ မေးမြန်းကြတယ်၊ ဒါနဲ့ ဆရာတော်သုံးပါးဟောပြီး အဲဒီပွဲ က ပြန် ထွက်လာ ခဲ့ပါတယ်။ဒီလောက် နေအပူချိန်ပြင်းထန်ပြီး ခရမ်း လွန်ရောင် ခြည်တွေများနေတဲ့အချိန်မှာ ဒီလူထုကြီး တက်လာကြတာ အလွန်အံ့သြရပါတယ်။ သက်ဆိုင်ရာကလည်း အတားအဆီးမရှိဘူးဗျ။´´ ဟု သတင်းထောက် တင်ရွှေ (မင်းဘူး) က  ပြောသည်။
 

0 comments: