`` ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)ရုံးတွင် DVB ရုံးချုပ်မှ သတင်းထောက် ဦးတိုးဇော်လတ် နှင့် ဒေသခံ မီဒီယာများတွေ့ဆုံ၍ သတင်းမီဒီယာသမားများအား ထောင်ချအရေးယူမှုကိစ္စ ဘာဆက်လုပ်မည်နည်းဆွေးနွေး´´



မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်း၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)ရုံးတွင်(နံနက် ၁၀း မှ နေ့ ၁၂)နာရီ အချိန်ခန့်အထိ DVB ရုံးချုပ်မှ သတင်းထောက် ဦးတိုးဇော်လတ် နှင့်ဦးကျော်သက်မင်းတို့နှင့်အတူ ဒေသခံ မီဒီယာများတွေ့ဆုံ၍  သတင်းမီဒီယာသမားများအား ထောင်ချအရေးယူမှုကိစ္စ ဘာဆက်လုပ်မည်နည်း ဆွေးနွေး ကြောင်း သတင်းရ ရှိသည်။
          အဆိုပါဆွေးနွေးပွဲသို့ DVB ရုံးချုပ်မှ သတင်းထောက် ဦးတိုးဇော်လတ် နှင့် ဒေသခံ မီဒီယာ များတွေ့ ဆုံရာတွင် ဧပြီ ၇ ရက်နေ့က မကွေးမြို့နယ်တရားရုံးမှ မကွေး DVB သတင်းထောက် ဇော်ဖေ(ခ) သူရသက်တင် ကို ထောင်တစ်နှစ်ချလိုက်ခြင်းအတွက် ဦးတည်လာရောက်ခြင်းမဟုတ်ကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းမှာ သတင်းမီဒီယာများကို သတင်းလွတ်လပ်စွာယူခွင့်ကို ပိတ်ပင့်တဲ့ အနေနဲ့ နောက်ကို အစိုးရရုံးများမှာ သတင်း မယူရဲအောင် သတင်းသမားများကို နှိပ့်ကွတ်လိုက်ခြင်းဖြစ်ကြောင်း၊ သတင်းမီဒီယာ ဥပဒေကို လွှတ်တော်က မတ် ၁၄ရက်နေ့က အတည်ပြုပြီးဖြစ်သော်လည်း မကွေးတိုင်းဒေသကြီးအတွင်းက ဒီဥပဒေကို အကျိုးသက် ရောက်ခြင်းမရှိဘဲ ဖြစ်နေပါကြောင်း၊ သတင်းလွတ်လပ်ခွင့်ကို သတင်းသမားများ ကိုယ်တိုင်က တောင်းဆိုရ မှာဖြစ်ကြောင်း၊ ဒေသခံမီဒီယာများအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို ဘယ်လို တောင်းဆိုချင်သလဲ၊ ဘယ်လို ဖော်ထုတ်ချင်ပါသလဲ၊ ရန်ကုန် နဲ့ မန္တလေးမှ သတင်းသမားလူငယ်များက မကွေးမြို့ကိုလာပြီး သတင်းလွတ်လပ် ခွင့်အတွက် ဆန္ဒထုတ်ဖော်မယ်လို့ ပြောဆိုနေကြပါတယ်။ ဒါကြောင့် ဒေသခံ သတင်းသမားများအနေနဲ့ ဘာကို ဘယ်လိုဆက်လက်လုပ်ဆောင်ချင်ပါသလဲ၊ လုပ်ချင်တာတွေကို ကျွန်တော်တို့ DVB နဲ့ နယ်စည်းမခြား သတင်းထောက်အဖွဲ့၊ CPJ အဖွဲ့တို့ကလည်း ပံ့ပိုးကူညီပေးမည် ဖြစ်ပါကြောင်း DVB ရုံးချုပ်မှ သတင်းထောက် ဦးတိုးဇော်လတ် က ပြောသည်။

          ``ဒီခေါင်းစဉ်က ဆရာတို့သတင်းမီဒီယာသမားတွေတာဝန်ပါ။ ဆရာတို့နဲ့ပူးပေါင်းပြီး ကျွန်တော်တို့က လိုတာကိုဝိုင်းဝန်းကူညီပေးကြမှာပါ၊ အဖွဲ့အစည်းအနေနဲ့မဟုတ်တောင် တစ်ယောက်ချင်းရဲ့သဘောထားကို ထုတ်ဖော်ပေးကြပါ၊ လမ်းပေါ်မထွက်ဖြစ်တောင် သဘောထားထုတ်ပြန်ချက်ကိုတော့ MJA မကွေးတိုင်းသတင်း စာဆရာအသင်းနဲ့ MJN မကွေးသတင်းကွန်ရက်တို့ ပူးပေါင်းတိုင်ပင်ပြီး အမြန်ဆုံးဖော်ပြပေးကြပါ။´´ ဟု ၈၈ မျိုးဆက် ကျောင်းသားများ(မြေလတ်ဒေသ) အဖွဲ့ဝင် ဦးမောင်မောင်စိုး ကပြောသည်။
          မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ မကွေးလှမြင့်မှ သတင်းကွန်ရက် MJN နဲ့တွေ့ဆုံပြီး၊ ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်နဲ့ တိုင်ပင်ပြီး သဘောထားထုတ်ပြန်ချက် တခုခုကို မကြာခင် အကြောင်းပြန်ကြားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းထောက်အင်အား(၁၆)ဦးခန့်တို့ ညှိနှိုင်း ဆွေးနွေးကြကြောင်း မဇ္ဈိမက သတင်းရရှိသည်။

တက်ရောက်သူများ၏ ကိုယ်ပိုင်သဘောထားများကို ဤသို့ ရေးသားပေးကြသည်။
+ သတင်းသမားတစ်ယောက်အတွက် လွတ်လပ်ပွင့်လင်းစွာ ဥပဒေဘောင်အတွင်းက သတင်းရယူခွင့်ပြုရန်။ ဦးမောင်မောင်စိုး (၈၈ ငြိမ်း/ပွင့် မကွေး)
+       ဌာနဆိုင်ရာတွေက သတင်းသမားဂျာနယ်လစ်တွေကို ရန်သူလိုသဘောထားကြပြီး မီဒီယာတွေကို လေးစားမှုမရှိကြပါဘူး၊ မီဒီယာသမားများရဲ့အလုပ်က မေးမြန်းရတဲ့ အရင်းအမြစ်အလုပ်ဖြစ်သဖြင့် ဒီမိုကရေစီ သွားနေပါတယ်ဆိုတာ လိမ်ညာမှုသာဖြစ်တယ်၊ ပြည်သူလူထု ယုံကြည်ရတဲ့အစိုးရဖြစ်ဖို့က မလွယ်ကူတော့ပါ။                                                                              သတင်းထောက် ဥမ္မာခင်(မကွေး)
+      DVB သတင်းသမား ကိုသူရသက်တင် အား ထောင်ဒဏ် တစ်နှစ်ချမှတ်ခြင်းအပေါ် ၈၈ မျိုးဆက် ကျောင်းသားများ(မြေလတ်ဒေသ) အဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။
၈၈မျိုးဆက်ကျောင်းသား များ(မြေလတ်ဒေသ)
+       သတင်းထောက်တစ်ဦးကို အခုလိုထောင်ချမှတ်လိုက်တာ မင်းတို့သတင်းသမားတွေ DVB သတင်း ထောက်ဇော်ဖေ ကိုကြည့်ထား Alan ပေးလိုက်တယ်လို့ သဘောထားပါတယ်။ 
သတင်းထောက် ဇော်မိုးထွန်း(မကွေး)
+      DVB သတင်းထောက် ဦးသက်တင်ကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောက်ယှက်မှု၊ နှစ်မှုဖြင့် တရားစွဲ ထောင်ချလိုက်တာသည် မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။                                                                    ဦးထွန်းဦးခိုင်(၈၈ ငြိမ်း/ပွင့် မကွေး)

+      မီဒီယာဥပဒေ ပေါ်လာပြီးမှ အခုလို သူရသက်တင်ကို ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှု   ပုဒ်မတွေတပ်ပြီး အခုလိုထောင်ချလိုက်တာဟာ.. မင်းတို့မီဒီယာတွေကြည့်ထား၊ နောက် မင်းတို့အလှည့်လို့ သတိပေးလိုက်သလိုပါဘဲ၊ မီဒီယာတွေ ပြဿနာဖြစ်လာရင် စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ဖြေရှင့်ရပါ့မယ်၊ မရမှ တရားစွဲတာတွေဖြစ်လာမယ်လို့ သိထားတာပါ၊ အခု မကွေးတိုင်းအတွင်းမှာ ယူနတီဂျာနယ် သတင်းထောက် ငါးဦး၊ တောင်တွင်းကြီးက သတင်းထောက်နှစ်ဦး၊ ယခု DVB သတင်းထောက် တစ်ဦးဆိုတော့ သတင်းထောက် ပေါင်း ရှစ်ဦးရှိနေပါပြီ၊ ယခု သူရသက်တင်ကို ထောင်ချလိုက်ပြီ၊ ထုတ်ပြန်ထားတဲ့ မီဒီယာဥပဒေက အသုံး မ၀င်တော့ဘူးလား၊ ဖိနှိပ်မှုတွေအများဆုံးက မကွေးတိုင်းလို့ နိုင်ငံတကာက ပြောနေကြပြီ လို့ ယူဆပါတယ်၊ သတင်းထောက် သူရသက်တင် ကို အမြန်လွှတ်ပေးစေချင်ပါတယ်၊ ယခုလိုသာ ပုဒ်မတွေတပ်ပြီး တရားစွဲ နေမယ်ဆိုရင် သမ္မတကြီးပြောတဲ့ မီဒီယာ စတုထ္ထမဏ္ဍိုင်ဆိုတာ တကယ်အဟုတ်လား ဆိုတာသိချင် ပါတယ်၊ ကျွန်တော်တို့ မီဒီယာတွေကို သတင်းလွှတ်လပ်ခွင့်ပေးပါ၊ တကယ်ပေးပါ၊ စာရွက်ပေါ်မှာတင် ပေးမနေကြနဲ့ဗျာ..။    သတင်းထောက် တင်ရွှေ(မင်းဘူး)၊ မျိုးလှိုင်ဝင်း
ဝိုင်းကြည်အောင်

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။

http://magwaymedia.blogspot.com

https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ


 

0 comments: