မကွေးတိုင်းဒေသကြီး မဟာသင်္ကြန် အတက်နေ့ ပျော်ရွှင် အေးချမ်းစွာ ကျင်းပ




မကွေး   ဧပြီ    ၁၆
          မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီလ (၁၆)ရက်နေ့ကို အေးချမ်း ပျော်ရွှင်စွာဖြင့် ရေကစားမဏ္ဍပ်များတွင် သင်္ကြန်ချစ်သူပြည်သူများနှင့် စည်းကားလျက်ရှိရာ  တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်မှ တဆင့် ဌာနဆိုင်ရာ ရေသဘင်မဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
          မကွေးမြို့ပေါ် တွင် ဌာနဆိုင်ရာ မဏ္ဍပ်များအပါဝင် အသင်းအဖွဲ့မဏ္ဍပ်များ စုစုပေါင်း (၁၇)ခုနှင့် ရပ်ကွက်များရှိ ရေသဘင်မဏ္ဍပ်ငယ်များတွင် မကွေးမြို့ပေါ်နေ ဒေသခံ သင်္ကြန်ချစ်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသော ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိရာ မကွေးမြို့  ကမ်းနားလမ်း တစ်လျောက်နှင့် ပြည်တော်လမ်း/တောင်တွင်းလမ်းတို့တွင် အထူးစည်းကားလျက်ရှိပါသည်။
          စေတနာရှင် အလှူရှင်များမှလည်း စတုဒီသာကျွေးမွေးခြင်းများဖြင့် ဧည့်ခံလျှက်ရှိပြီး မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် အတက်နေ့ တွင် အေးချမ်းပျော်ရွှင်စွာဖြင့်  အထူး စည်းကားလျက်ရှိသည်။

          မကွေးတိုင်းဒေသကြီး၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိစွာ နှင့် ရိုးရာယဉ်ကျေးမှု မပျက် ၊စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မြို့ပေါ်တွင် ဗဟိုမဏ္ဍပ်အပါ အ၀င် ဆုပေးမဏ္ဍပ်(၄)ခု၊ (က)အဆင့်ရှိ မဏ္ဍပ်(၄)ခု၊(ခ)အဆင့်ရှိ မဏ္ဍပ်(၃)ခု၊ ပုဂ္ဂလိကမဏ္ဍပ်(၅)ခုနှင့် အသင်းအဖွဲ့ မဏ္ဍပ်(၁)ခု တို့ဖြင့် ပျော်ရွှင်စွာ ကျင်းပလျက်ရှိသည်။မကွေး၊ချောက်၊ရေနံချောင်း၊တောင်တွင်း ကြီး၊ မင်းဘူး၊နတ်မောက်နှင့် သရက်မြို့နယ်မှ ပြိုင်ပွဲဝင်မည့် အလှပြယာဉ်(၇)စီးမှလည်း သင်္ကြန်ကာလအတွင်း သက်ဆိုင်ရာ ဆုပေးမဏ္ဍပ်များသို့ လှည့်လည်ယှဉ်ပြိုင်ပြီး မြို့တွင်းသို့ လှည့်လည် သီဆိုကပြဖျော်ဖြေလျက်ရှိ ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စေတနာရှင် အလှူရှင်များမှ စတုဒီသာကျွေးမွေးခြင်းများ၊ မုန့်လုံးရေပေါ်ကျွေးမွေးခြင်းများ ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
 
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: