``ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကျင်းပ´´




မကွေး၊ ဧပြီ(၂၅)။
          ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကို ၂၀၁၄၊ ဧပြီ(၂၅)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့်လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ကြသည်။
          တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၇.၀၆)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအ ဝေးအထမြောက်ကြောင်း ကြေညာပါသည်။

          ဆက်လက်ပြီး ၂၀၁၄ ခု၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဌာန၊ ၀န်ကြီးက လွှတ်တော်သို့တင်သွင်းပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအဖွဲ့အ စည်းဝင်များက ရှင်းလင်းတင်ပြပါသည်။

          ထို့နောက် ၂၀၁၄ ခုနှစ်၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၄) ပထမနေ့ကို ၂၀၁၄၊ ဧပြီ(၂၅)ရက်၊ နံနက်(၁၁း၅)နာရီအချိန်တွင်ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၄၊ ဧပြီ(၂၈)ရက်၊ (တနင်္လာနေ့) နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့သည်။
တင်ထွန်းဦး
သတင်းပေးပို့သူ- ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်ဆက်)
 

0 comments: