ဒီဇင်ဘာ(၂၃)ရက်နေ့ ရဲတပ်ဖွဲ့ဝင် ဟု အရောင်ဆောင်လာသူ တင်ရဲထွဋ်(၃၅)နှစ်(ဘ)ဦးခင်စိုး၊ တောင်ဥက္က လာပမြို့နယ် ရန်ကုန်နေသူအား တရားလို ဦးသန်းတင်က ထီးလင်းမြို့မရဲစခန်းတွင် (ပ)၉၃/၂၀၁၃ ပြစ်မှုပုဒ်မ-၃၈၀/၁၇၀ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၁)ရက် ညနေ(၅)နာရီအချိန်ခန့်တွင် ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါ ကားလမ်းဘေး၊ ၀ါးဘိုးချောင်းကျေးရွာလမ်းခွဲ ဇရပ်အနီးရှိ ဦးသန်းတင်၏ ဈေးဆိုင်သို့ တင်ရဲထွဋ်(၃၅)နှစ် ဆိုင်ကယ်နံပါတ်မပါအား စီး၍ရောက်လာကြောင်း၊ သူသည် ကျောနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲထွဋ် ဟု ပြောဆို၍ ညအိပ်ခွင့်တောင်းဆိုကြောင်း၊ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ဦးသန်းတင် က တယ်လီဖုန်းဆက်ရန် ဟန်းဖုန်းများ အားရှာရာ ဟန်းဖုန်းနှစ်လုံးမှာပျောက်ဆုံးနေကြောင်း၊ ၀၉-၂၅၀၀၉၁၂၄၆ (HUAWEI) နှင့် ၀၉-၂၅၆၂၂၈၇၂၆ (Samsung) ဖုန်းနှစ်လုံးပျောက်သွားကြောင်း၊ သက်ဆိုင်ရာ မှ သတင်းရရှိသည်။
0 comments:
Post a Comment