``၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့)´´
ဒီဇင်ဘာ(၁၁)နံနက်(၅း၃၀)နာရီအချိန်တွင် ချောက်မြို့(မေဒေးကျောက်တိုင်)ကွင်းရှိ သခင်ဘိုးလှကြီး ရုပ်တုတွင် သခင်ဘိုးးလှကြီးနှင့်ကျဆုံးသွားသော သခင်၊သခင်မများအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှုအဖြစ် ချောက်မြို့ဝေပုံလဆွမ်းလောင်းအသင်း၊ သံဃာတော်များအား အာရုံဆွမ်းဖြင့် ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနားမှ လောင်းလှူကြောင်း၊ နံနက် (၇း၃၀)နာရီ တွင် သခင်ဘိုးလှကြီးရုပ်တုဖွင့်ပွဲကျင်းပ ကြောင်း၊ ထို့နောက် အေးစေတီဘုရားကွင်းရှိ သို့ချီတက်ကြပြီး နံနက်(၈း၃၀)နာရီတွင် ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့) ကျင်းပကြောင်း၊ လူထုအင်အား(၁၅၀၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် နာယက အဖြစ် ကြံခိုင်ရေးပါတီမှ ချောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးသိန်းလွင်၊ အသက်(၉၄)ရှိ ၁၃၀၀ပြည့်ရေနံမြေအရေးတော်ပုံမှ သပိတ်တပ်သားကြီး ဦးဘသော်နှင့် မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ဥက္ကဋ္ဌ ဦးသန်းလွင်၊ တို့ကဆောင်ရွက်ပြီး အခမ်းအနားမှူး ဦးသိန်းမြင့်ညို(ချောက်) က ဆောင်ရွက်ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့သော သ၀ဏ်လွှာအား ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှဖတ်ကြားကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပေးပို့သော သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးမှ ဖတ်ကြား ကြောင်း၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ပေးပို့သော သ၀ဏ်လွှာအား စိန်ရတုဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး(၃) ဦးအေးမင်းထွန်းမှ ဖတ်ကြားကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏သ၀ဏ်လွှာ၊ မျိုးမြန်မာဖောင်ဒေးရှင်းမှသ၀ဏ်လွှာ၊ ရေနံချောင်းမြို့နယ် ရေနံမြေ အလုပ်သမားများအဖွဲ့မှ သ၀ဏ်လွှာများကို အခမ်းအနားမှူး ဦးသိန်းမြင့်ညိုမှ ဖတ်ကြားကြောင်း၊ ထို့နောက် နာယကအဖွဲ့ဝင်(၃)ဦးမှ ကြံခိုင်ရေးပါတီ ချောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားကြောင်း၊ ထို့နောက် စိန်ရတုရေနံမြေအရေးတော်ပုံဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးညိုသွေး မှ စိန်ရတုရေနံမြေအရေးတော်ပုံဖြစ်မြောက်ရေး ရည်ရွယ်ချက်နှင့် သမိုင်းအမွေ လက်ဆင့်ကမ်း ရခြင်း အကြောင်းကို အကြယ်တစ်ဝန့် ဟောပြောသည်။ ဟောပြောချက်မျာမှ ကောက်နှတ်ဖော်ပြပါသည်။
``ဒီစင်မြင့်ပေါ်မှာထိုင်ခုံများ(၇၅)ခုံထားရှိပါတယ်၊ ဒီခုံတွေကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ အသက် ချွေး၊ သွေးများနဲ့ရင်းခဲ့သော သခင် သခင်မကြီးအများတွက် ရည်စူးပြီးထားခဲ့တာပါ၊ သူတို့ကို ကျွန်တော်လေးစားစွာ အရိုအသေ အလေးပြုပါတယ်ခင်ဗျာ..၊ ဒီအခမ်းအနားကြီးကို ချောက်မြို့နယ် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံပါဝင်နိုင်ဖို့က အဓိကဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ဆက်လက်ပြီးဖွဲ့စည်းခဲ့တဲ့အခါမှာ အကြပ်အတည်းလေးတွေ အပိတ်အဆို့လေးတွေခံခဲ့ရပါတယ်။ မကွေးတိုင်းဒေသကြီးသို့ သူရဦးရွှေမန်းလာမှ ကျွန်တော်သွားပြီး ပြည်သူ့လွှတ်တော်ကအဆိုတင်သွင်းလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုချက်ပေးထားတာ အောက်ခြေက ဘာမှ မဆောင်ရွက်ကြောင်း တင်ပြလိုက်ပါတယ်။ အဲဒီတော့ကျမ ပြည်သူ့လွှတ်တော်က(၁၅)သိန်း နဲ့ ဇေကမ္ဘာဦးခင်ရွှေက သခင်/သခင်မများ မိသားစု(၃၂)စုအတွက် တစ်စု(၃)သုံးသိန်းနှုန်းနဲ့ (၉၆)သိန်း လှူလိုက်ပါတယ်၊ ဒါပေမယ့် နောက်စာရင်းအရ မိသားစု(၃၅)ဦးဖြစ်လာပါတယ်၊ လိုတဲ့အလှူငွေကို စိန်ရတု ကျင်းပရေးကော်မတီက လှူဒါန်းပါတယ်။ ဒီပွဲကြီးကျင်းပတဲ့နေရာမှာ လိုအပ်ချက်များ တစ်စုံတစ်ရာရှိခဲ့ပါရင် ကျွန်တော်နဲ့ ကျွန်တော့်ညီလေး ဦးသိန်းညိုမြင့် တို့ရဲ့အားနက်ချက်ကြောင့်ပါလို့သာမှတ်ယူပြီး ခွင့်လွှတ် ပေးကြပါ၊ ကျွန်တော်တို့က သမိုင်းအမွေလက်ဆင့်ကမ်းပေးခြင်းသာဖြစ်ပါတယ်ခင်ဗျာ..။´´ဟု စိန်ရတုကျင်းပရေး ဥက္ကဋ္ဌ ဦးညိုသွေး က အခမ်းအနားတွင်ပြောကြားသည်။
၁၃၀၀ပြည့်ရေနံမြေအရေးတော်ပုံမှ သခင် သခင်မများ၏ မိသားစု(၃၅)ဦးတို့အား တစ်ဦးလျှင် (၃)သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများ လှူဒါန်းကြောင်းအခမ်းအနားကို နံနက်(၁၀)နာရီခန့်တွင်ပြီးဆုံး၍ ဒီဇင်ဘာ(၁၁)ရက်နေ့ညတွင် စာပေဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း ထိုပွဲတွင် ဆရာကြီးဌေးမောင်မှ (တိုက်ပွဲခေါ်သံ)၊ သာယာသတီစန်းစန်းနွဲ့မှ(ယဉ်ကျေးမှုနှစ်လုံးသား) နှင့် ဆရာအော်ပီကျယ်မှ(တကယ်လား?) ဆိုသောခေါင်းစဉ်များဖြင့်ဟောပြောကြပြီး စာပေဟောပြောပွဲပရိသတ်(၅၀၀)ကျော်ခန့် အားပေးကြောင်း သတင်းရရှိသည်၊
Artikel ``၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့)´´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, December 12, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့)´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment