
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်ဆင်ခြင်းသင်တန်းကို ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက် (၉)နာရီက မကွေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်မှ အဖွင့်အမှာစကားပြောဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကာ သင်တန်းကိုစတင်ပို့ချသင်ကြားပေးလျှက်ရှိပါသည်။
အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ နှင့် အမျိုးသမီးရေးရာ အဖွဲ့အသင်းဝင်များ စုစုပေါင်း သင်တန်းသူ(၆၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ(၁၅)ရက်နေ့အထိ(၃)ရက်ကြာ သင်တန်းပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)
0 comments:
Post a Comment