``(၂၇ကြိမ်)မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် တာချီလိတ်မြို့မှ ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး မကွေးမြို့သို့ရောက်ရှိ´´
ဒီဇင်ဘာ(၁၂)ရက်နေ့ည(၇)နာရီအချိန်ခန့်တွင် မကွေးမြို့ တောင်တွင်းကြီးလမ်း ဦးမြင့်လွင်အိမ်သို့ (၂၇ကြိမ်) မြောက် ဆီးဂိမ်းအရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် အထိမ်းမှတ်အဖြစ် ဒီဇင်ဘာ(၇)ရက် နေ့က တာချီလိတ်မြို့မှစတင်၍ အမျိုးသားဆိုင်ကယ်(၁၇)စီး၊ အမျိုးသမီးဆိုင်ကယ်(၁၂)စီးအဖွဲများ နှင့် ကား(၅)စီး စုစုပေါင်းအင်အား(၃၈)ဦးတို့ဖြင့် ထွက်ခွါခဲ့ရာ နေပြည်တော် (၂၇ကြိမ်) မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီး သို့ဝင်ခဲ့ပြီး မကွေးမြို့သို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် ရှမ်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားပေါင်းစုံ(စီးပွားရေးလုပ်ငန်းရှင်လူငယ်များ) ပါဝင်ပြီး အဖွဲ၏ ခေါင်းဆောင် ဦးစိုင်းအုံဖုမ်နှင့် ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး လူအင်အား(၃၀)ဦးဖြစ်ကြောင်း၊ အမျိုးသမီးအဖွဲ့က ဆိုင်ကယ်(၁၂)စီးဖြင့် ပုဂံ၊ညောင်ဦးသို့လွှတ်လိုက်ကြောင်း၊ ယနေ့ဒီဇင်ဘာ(၁၂)ရက် နေ့(၁) နာရီအချိန်ခန့်မှာ နေပြည်တော်၌ ကျင်းပလျှက်ရှိသော (၂၇ကြိမ်) မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးမှ ထွက်ခွါလာခဲ့ကြောင်း၊ လမ်းတွင် သာဝိထ္ထိရွာ စမတောင်ပေါ်မှ ဘုန်းတော်ကြီးကျောင်း မိဘမဲ့ပရဟိတဂေဟာ စာသင်ကျောင်း၌ တတ်အားသမျှ စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါဆိုင်ကယ်(၁၇)စီးနှင့်ကား(၅)စီးပါအဖွဲ့သည် ယနေ့ည ပုဂံ၊ ညောင်ဦးမြို့သို့ဆက်လက်ထွက်ခွါ သွားမည်ဖြစ်ကြောင်း၊ ပုဂံ၊ညောင်ဦးတွင် တစ်ရက်နားခိုပြီး ဒီဇင်ဘာ(၁၄)ရက်နေ့မှာ ပခုက္ကူမြို့၊မုံရွာ၊မြင်းမှု၊ စစ်ကိုင်းမြို့များ မှ မန္တလေးသို့ ဆက်လက်သွားပြီး မန္တလေးမြို့မှာ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ ခရီးစဉ်အစ အဆုံး မိုင်ပေါင်း(၂၄၀၀)ခန့်သွားရန်စီစဉ်ထားကြောင်း၊ ၎င်းအဖွဲ့သည် ဤခရီးစဉ်နှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းထံမှ ထောက်ပံ့ ကူညီခြင်းမရှိဘဲ မိမိတို့စရိတ်ငွေများဖြင့်သာ မြန်မာပြည်တွင်ကျင်းပလျှက်ရှိသော (၂၇ကြိမ်) မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုကြိုဆိုတဲ့ ခရီးစဉ်ဖြစ်ပါကြောင်း အဖွဲ၏ ခေါင်းဆောင် ဦးစိုင်းအုံဖုမ် ကမြန်မာပို့စ် ကို ပြောသည်။
Artikel ``(၂၇ကြိမ်)မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် တာချီလိတ်မြို့မှ ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး မကွေးမြို့သို့ရောက်ရှိ´´ ini dipublish oleh shwelannwelanwinkyi pada hari Friday, December 13, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``(၂၇ကြိမ်)မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် တာချီလိတ်မြို့မှ ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး မကွေးမြို့သို့ရောက်ရှိ´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment